အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူမှာ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ၊ အသားအရေ မလှမပဖြစ်ခြင်း (သို့) အဝလွန်ခြင်း စတဲ့ ကျန်းမာရေးပြဿနာများ ခံစားနေရပြီလား။ ဒါဆိုရင်တော့ သံပုယိုရည်ကို မနက်မိုးလင်းချိန်မှာ သောက်သုံးသင့်ပါတယ်။

သံပုယိုရည်က ဈေးသက်သာတဲ့အပြင် ဗီတာမင်နဲ့ အာဟာရဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဖျော်ရည်တစ်ခုပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သံပုယိုသီးကို အရသာရှိအောင် ဘယ်လိုဖျော်သောက်ကြမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

သံပုယို သီးသန့်ဖျော်ရည်

သံပုယိုသီးတစ်လုံးနှင့် ရေ တစ်ကရားခန့်တို့ လိုအပ်ပါလိမ့်မယ်။ သံပုယိုသီးကို ရေဆေးပြီးနောက် ခပ်ပါးပါးလှီးဖြတ်လိုက်ပါ။ သံပုသီးသီးစိတ်များကို ရေကရားထဲ ထည့်ပြီးနောက် တစ်ညခန့် စိမ်ထားရပါမယ်။ မနက်မိုးလင်းလာမှ ဖန်ခွက်ထဲထည့်ပြီး သောက်သုံးပေးလိုက်ပါ။

သံပုယိုသီးနှင့် ပျားရည်

ရေနွေးနွေးလေး ၂၅၀ မီလီလီတာခန့်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သံပုယိုသီး တစ်ခြမ်းတို့ လိုအပ်ပါလိမ့်မယ်။ သံပုယိုသီးကို ပါးပါးလှီးပြီးနောက် ရေနွေးထဲ ထည့်ပါ။ ပျားရည်ထပ်ထည့်ပြီးနောက် သမအောင် မွှေခလောက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ သံပုယိုရည်ကို သောက်သုံးနိုင်ပါပြီ။

သစ်ကြမ်းပိုးခေါက်နှင့် သံပုယိုရည်

လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ ရေ ၂၅၀ မီလီလီတာခန့်၊ သစ်ကြမ်းပိုးခေါက် တစ်ချောင်းနှင့် သံပုယိုသီးတစ်ခြမ်းတို့ပဲ ဖြစ်ပါတယ်။ ရေထဲသို့ သံပုယိုသီးစိတ်များနဲ့ သစ်ကြမ်းပိုးခေါက်တို့ ထည့်လိုက်ပါ။ တစ်ညခန့် စိမ်ထားပြီးနောက် မနက်မိုးလင်းလာပါက သောက်သုံးနိုင်ပါတယ်။ သစ်ကြမပိုးခေါက် သံပုယိုသီးဖျော်ရည်ကတော့ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်ကို လျော့ချပေးမှာပဲဖြစ်ပါတယ်။

ဇီရာစေ့အမှုန့်နှင့် သံပုယိုရည်

သံပုယိုသီး တစ်ခြမ်း၊ ဇီရာမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ရေနွေးနွေး ၂၅၀ မီလီလီတာတို့ လိုအပ်ပါလိမ့်မယ်။ ဇီရာမှုန့်နှင့် သံပုယိုသီး အစိတ်တို့ကို ရေထဲသို့ ထည့်လိုက်ပါ။ ၁၀ မိနစ်ခန့် စိမ်ထားပြီးမှ သောက်သုံးပေးရပါမယ်။

Source: Stylecraze.com