မြန်မာနိုင်ငံ၏ လက်လီဈေးကွက်ကို ရှေ့ဆုံးမှ ဦးဆောင်နေသော City Mart Holding Co., Ltd. ၏ Loyalty Program ဖြစ်သည့် City Rewards Application အား သတင်းမီဒီယာများမှတဆင့် ဈေးဝယ်သူမိဘ ပြည်သူများထံသို့ တရားဝင် မိတ်ဆက်ပေးမည့် စာနယ်ဇင်းမိတ်ဆက်ပွဲကို စက်တင်ဘာလ (၂၁) ရက်နေ့တွင် ရန်ကုန်မြို့ marketplace by City Mart (ဓမ္မစေတီလမ်း ဆိုင်ခွဲ)တွင် နံနက် (၁၀) နာရီမှ (၁၂း၃၀) ထိ ကျင်းပသွားမှာဖြစ်ပါတယ်။

“ကျွန်မတို့ CMHL အနေနဲ့ အမြဲတမ်း ပြောင်းလဲနေတဲ့ နည်းပညာ တိုးတက်ပြောင်းလဲမှုတွေကို အမီလိုက်ရုံမကဘဲ ဒီနည်းပညာတွေကို ကျွန်မတို့လုပ်ငန်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတိုင်းမှာ  အကျိုးရှိရှိအသုံးချပြီး မြန်မာပြည်သူလူထုရဲ့ နေ့စဉ်လူနေမှုဘ၀တိုးတက်မြင့်မားရေး ၊ ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှု၊ ဈေးဝယ်အတွေ့အကြုံတွေကို ဖန်တီးပေးစွမ်းနိုင်ဖို့ မပြတ်ကြိုးစားနေပါတယ်။ အခုအခါမှာတော့ ကျွန်မတို့ လက်လီဈေးကွက်ရဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်တော့မယ့် အချိန်ကို ရောက်ရှိတော့မှာပါ။ လူတိုင်းရဲ့ mobile phone ထဲမှာ မရှိမဖြစ်ထည့်ထားရမယ့် Shopping & Payment Solution တစ်ခုအနေနဲ့ ဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ ဈေးဝယ်သူ မိဘပြည်သူများရဲ့ ခေတ်မီဘဝနေထိုင်မှု တစ်စိတ်တစ်ဒေသအဖြစ် ပိုမိုလွယ်ကူကျယ်ပြန့်စွာ အသုံးပြုနိုင်မယ့် ငွေသားအစားထိုး ငွေပေးချေမှုစနစ်အဖြစ် အကောင်အထည်ဖော်နိုင်ဖို့ ပထမဆုံးခြေလှမ်းလည်းဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ စာနယ်ဇင်းမီဒီယာအသီးသီးမှ မိတ်ဆွေများမှတဆင့် စက်တင်ဘာ ၂၁ မှာ ကျွန်မတို့ရဲ့ City Rewards ကို မိတ်ဆက်ပေးသွားမှာဖြစ်လို့ တက်ရောက်ပြီး ကိုယ်တိုင်တွေ့ကြုံ ခံစားမျှဝေပေးနိုင်ဖို့ သတင်းနှင့်မီဒီယာအသီးသီးမှ မိတ်ဆွေများကို ဖိတ်ခေါ်ပါရစေ။” ဟု City Mart Holding Co., Ltd. ၏ Marketing Director ဒေါ်မေဇင်စိုးထက်မှ အားလုံးကို လှိုက်လှိုက်လှဲလှဲဖိတ်ကြိုလိုက်ပါတယ်။

CMHL မှ အသစ်မိတ်ဆက်ပေးမယ့် City Rewards Application ဟာဆိုရင် မြန်မာ့လက်လီဈေးကွက်တွင် ပထမဦးဆုံးအနေနဲ့ Loyalty Program နှင့် Payment Solution များ ပေါင်းစပ်ထားသည့် Application တစ်ခုဖြစ်ပါတယ်။ ခေတ်မီနည်းပညာကို အသုံးပြုပြီး ဈေးဝယ်သူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေမည့် ဈေးဝယ်အတွေ့အကြုံများ အပိုဆောင်းတန်ဖိုးများ၊ Cashless ငွေပေးချေမှုပုံစံအသစ်များ၊ စွမ်းဆောင်ရည်မြင့်မားသော ၀န်ဆောင်မှုများစွာကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်သူလူထုများ၏ လူနေမှုပုံစံ တိုးတက်မြင့်မားရေးကို ရှေးရှုပြီး အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာသော နည်းပညာများအား ထိရောက်စွာအသုံးချထားသည့် City Rewards Application ကို ဈေးဝယ်သူ ပြည်သူများအနေဖြင့် စက်တင်ဘာလမှ စတင်ကာ CMHL လက်အောက်ရှိဆိုင်ခွဲများဖြစ်သော City Mart Supermarket ၊ Ocean Supercenter ၊ marketplace by City Mart, City Mart Neighborhood Stores ၊  Seasons Bakery & Café ၊ Seasons Bistro ၊ City Baby Club ၊ City Care ၊ City Book & Music ၊ Safari Book Stores  အစရှိသည့်ဆိုင်ပေါင်း (၂၀၀) ကျော်တွင် အသုံးပြုနိုင်သွားမှာပါ။

စာနယ်ဇင်း မီဒီယာများမှ တဆင့် ပြည်သူလူထုသို့ တရားဝင် မိတ်ဆက်သွားမည့် City Rewards စာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ စက်တင်ဘာလ (၂၁) ရက်နေ့တွင် ရန်ကုန်မြို့ marketplace by City Mart (ဓမ္မစေတီလမ်း ဆိုင်ခွဲ)တွင် နံနက် (၁၀) နာရီမှ (၁၂း၃၀) ထိ ကျင်းပသွားပါမယ်။ City Mart Holding Co., Ltd. ၏ အမှုဆောင်အရာရှိချုပ်ကိုယ်တိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများမှ City Rewards ကိုအသုံးပြုပြီး ပြုလုပ်နိုင်မည့် စွမ်းဆောင်ချက်များကို အသေးစိတ်ရှင်းလင်းတင်ပြပြီး တက်ရောက်မည့် စာနယ်ဇင်း မီဒီယာများ၊ အနုပညာရှင်များမှ ဦးဦးဖျားဖျား လက်တွေ့စမ်းသပ်အသုံးပြုခွင့် ရရှိမှာဖြစ်တာကြောင့် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ပွဲလေးကို မလွတ်တမ်းတက်ရောက်နိုင်စေဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။