သရက်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အမျှင်ဓာတ်၊ အမိုင်နိုင် အက်ဆစ်နဲ့ အင်ဇိုင်းများနဲ့ ပြည့်နှက်နေတဲ့ အစားအစာတစ်မျိုးဖြစ်တာကြောင့် စူပါအသီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သရက်သီးထဲမှာ ပါဝင်တဲ့ စွမ်းအားပြင်း Antioxidants က အရွယ်မတိုင်ခင် အိုမင်းရင့်ရောင်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး၊ သရက်သီးက မကောင်းတဲ့ ကိုလက်စတောကို လျှော့ချပေးပါသေးတယ်။

သရက်သီးထဲမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေနဲ့ ဗီတာမင် ဘီတို့ ပေါင်းစပ်ပြီး အလုပ်လုပ်လိုက်တဲ့အခါမှာတော့ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အစား အလွန်အကျွံစားချင်စိတ်ကိုလည်း ဖယ်ရှားပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးမှာပဲဖြစ်ပါတယ်။

မကြာသေးခင်ကမှ တွေ့ရှိထားတဲ့ လေ့လာစမ်းသပ်ချက်အရ သရက်သီးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်က ကင်ဆာရောဂါ၊ အထူးသဖြင့် အူမကြီး ကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ သရက်သီး မှန်မှန်စားသုံးတဲ့သူတွေက သရက်သီး မစားတဲ့သူတွေထက် ကျန်းကျန်းမာမာနေထိုင်နိုင်ကြတယ်လို့လည်း လေ့လာတွေ့ရှိရပါတယ်။ သွေးတွင်း ကလူးကို့စ်ပမာဏကို လျှော့ချပေးပြီး ခန္ဓာကိုယ်က အဆီပိုတွေကိုလည်း ဖယ်ရှားပေးတာကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ မခံစားရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သရက်သီးဖျော်ရည်ကို အခုဖော်ပြမယ့် နည်းလမ်း (၂) မျိုးနဲ့ ဖျော်သောက်နိုင်ပါတယ်။

သရက်သီးနဲ့ ထောပတ်သီး

သရက်သီး ၂ လုံး၊ ကိုက်လန် ၃ ရွက်၊ ၄ ရွက်ခန့်နဲ့ ထောပတ်သီး တစ်လုံးတို့ လိုအပ်ပါမယ်။

သရက်သီးကို အခွံမခွာဘဲ ခပ်ပါးပါးလှီးဖြတ်ပြီးနောက် ဖျော်စက်ထဲထည့်ကာ ကြိတ်ချေလိုက်ပါ။ ကိုက်လန်ရွက်နဲ့ ထောပတ်သီး အတုံးများ ထည့်ကာ ထပ်ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို မှန်မှန်သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အင်မတန်အထောက်အကူဖြစ်စေပါတယ်။

သရက်သီးနဲ့ နာနတ်သီး

သရက်သီး ၁ လုံး၊ အုန်းသီးဖတ် အနည်းငယ်၊ ရေ ၆၀ မီလီလီတာနဲ့ နာနတ်သီး ၅၅ ဂရမ်တို့ လိုအပ်ပါမယ်။

နာနတ်သီးနဲ့ သရက်သီးကို အခွံခွာပြီး အတုံးသေးတုံးထားလိုက်ပါ။ ထို့နောက် ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ဖျော်လိုက်ပါ။ ကင်ဆာရောဂါကို ကာကွယ်ပေးပြီး ကိုယ်အလေးချိန်ကျစေတဲ့ ဖျော်ရည်တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Photo Source: Shutterstock.com