ထမင်းပေါင်းအိုး
- ထမင်းပေါင်းအိုးထဲကို ထည့်တဲ့ အိုးရဲ့ အပြင်ပိုင်းက ညစ်ပတ် ပြီး စိုစွတ်နေရင် မထည့်သင့်ပါဘူး။ သေချာ သန့်ရှင်းရေးလုပ်ပြီး ခြောက်သွေ့နေမှ ထည့်သင့်ပါတယ်။
- အိုးကို သံခွေ နဲ့ မတိုက်သင့်ပါဘူး။ ဒါက အိုးရဲ့ မျက်နှာပြင်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ဖော့တို့ အစိမ်းဘက်တို့နဲ့ဘဲ တိုက်သင့်ပါတယ်။
- အိုးထဲမှာ တိုင်းတာတဲ့အမှတ်လေးတွေပါဝင်ပြီး အမြင့်ဆုံး အမှတ်ထက်ပိုပြီး ထည့်ကာ မချက်သင့်ပါဘူး။
မိုက်ခရိုဝေ့ (Microwaves)
- အလေးချိန် ပေါ့ပါးတဲ့ အစားအစာများကို ချက်ပြုတ်ရင် အဲ့ဒီ အစားအစာဘေးနားမှာ ရေတစ်ဖန်ခွက်ကို တင်ထားပေးပါ။ ရေက မိုက်ခရိုဝေ့ကထွက်တဲ့ ဓာတ်ရောင်ခြည်တချို့ကို စုပ်ယူထားနိုင်ပါတယ်။
- မိုက်ခရိုဝေ့ကို အသုံးပြုနေချိန်အတွင်း မိုက်ခရိုဝေ့ရဲ့ လေထွက်ပေါက်ကို ကို အရာဝတ္ထုတစ်ခုခုနဲ့ မပိတ်မိအောင် သတိထားပါ။
- မိုက်ခရိုဝေ့ကို အထဲမှာ ဘာမှမထည့်ဘဲ စက်မဖွင့်သင့်ပါဘူး။ ဒါက Magnetron (မိုက်ခရိုဝေ့စက်ကို လည်ပတ်အောင် လုပ်ပေးတဲ့ စက်) ကို ပျက်စီးစေတတ်ပါတယ်။
- မိုက်ခရိုဝေ့အပေါ်မှာ လေးလံတဲ့ ပစ္စည်းတွေ မတင်ထားသင့်ပါဘူး။
- မိုက်ခရိုဝေ့ထဲ ထည့်ဖို့ မသင့်တော်တဲ့ ပန်းကန်တွေကို လုံးဝမထည့်သင့်ပါဘူး။ ဥပမာ မယ်လမင်းတို့၊ စတီး တို့နဲ့လုပ်ထားတဲ့ ပန်းကန်မျိုးတွေပါ။ ဒါတွေက မီးလောင်တတ်ပါတယ်။ မယ်လမင်းကတော့ အထဲက အစားအစာထဲကို အဆိပ်ဓာတ်တွေဝင်သွားတတ်ပါတယ်။
- လိုအပ်တာထက်ပိုပြီး အပူမပေးပါနဲ့။
- မိုက်ခရိုဝေ့ကို အသုံးပြုပြီးရင် နူးညံ့တဲ့ အဝတ်နဲ့ သန့်ရှင်းရေး လုပ်ပေးပါ။