ထမင်းပေါင်းအိုး

  • ထမင်းပေါင်းအိုးထဲကို ထည့်တဲ့ အိုးရဲ့ အပြင်ပိုင်းက ညစ်ပတ် ပြီး စိုစွတ်နေရင် မထည့်သင့်ပါဘူး။ သေချာ သန့်ရှင်းရေးလုပ်ပြီး ခြောက်သွေ့နေမှ ထည့်သင့်ပါတယ်။

13332510-30333905-1478145-0-1476287117-1476290700-650-9-1488295420-650-777e75fbac-1492089282

  • အိုးကို သံခွေ နဲ့ မတိုက်သင့်ပါဘူး။ ဒါက အိုးရဲ့ မျက်နှာပြင်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ဖော့တို့ အစိမ်းဘက်တို့နဲ့ဘဲ တိုက်သင့်ပါတယ်။
  • အိုးထဲမှာ တိုင်းတာတဲ့အမှတ်လေးတွေပါဝင်ပြီး အမြင့်ဆုံး အမှတ်ထက်ပိုပြီး ထည့်ကာ မချက်သင့်ပါဘူး။

အိမ်သုံး ပစ္စည်းတွေကို ပျက်စီးအောင် လုပ်နေမိတဲ့ သုံးစွဲမှုအမှားများ

မိုက်ခရိုဝေ့ (Microwaves)

13332710-30334105-1478149-0-1476289190-1476290725-650-38-1488295420-650-777e75fbac-1492089282

  • အလေးချိန် ပေါ့ပါးတဲ့ အစားအစာများကို ချက်ပြုတ်ရင် အဲ့ဒီ အစားအစာဘေးနားမှာ ရေတစ်ဖန်ခွက်ကို တင်ထားပေးပါ။ ရေက မိုက်ခရိုဝေ့ကထွက်တဲ့ ဓာတ်ရောင်ခြည်တချို့ကို စုပ်ယူထားနိုင်ပါတယ်။
  • မိုက်ခရိုဝေ့ကို အသုံးပြုနေချိန်အတွင်း မိုက်ခရိုဝေ့ရဲ့ လေထွက်ပေါက်ကို ကို အရာဝတ္ထုတစ်ခုခုနဲ့ မပိတ်မိအောင် သတိထားပါ။
  • မိုက်ခရိုဝေ့ကို အထဲမှာ ဘာမှမထည့်ဘဲ စက်မဖွင့်သင့်ပါဘူး။ ဒါက Magnetron (မိုက်ခရိုဝေ့စက်ကို လည်ပတ်အောင် လုပ်ပေးတဲ့ စက်) ကို ပျက်စီးစေတတ်ပါတယ်။
  • မိုက်ခရိုဝေ့အပေါ်မှာ လေးလံတဲ့ ပစ္စည်းတွေ မတင်ထားသင့်ပါဘူး။

13332760-30334155-1478149-0-1476338569-1476338573-650-32-1488295420-650-777e75fbac-1492089282

  • မိုက်ခရိုဝေ့ထဲ ထည့်ဖို့ မသင့်တော်တဲ့ ပန်းကန်တွေကို လုံးဝမထည့်သင့်ပါဘူး။ ဥပမာ မယ်လမင်းတို့၊ စတီး တို့နဲ့လုပ်ထားတဲ့ ပန်းကန်မျိုးတွေပါ။ ဒါတွေက မီးလောင်တတ်ပါတယ်။ မယ်လမင်းကတော့ အထဲက အစားအစာထဲကို အဆိပ်ဓာတ်တွေဝင်သွားတတ်ပါတယ်။
  • လိုအပ်တာထက်ပိုပြီး အပူမပေးပါနဲ့။
  • မိုက်ခရိုဝေ့ကို အသုံးပြုပြီးရင် နူးညံ့တဲ့ အဝတ်နဲ့ သန့်ရှင်းရေး လုပ်ပေးပါ။