ဒီရက်ပိုင်းထဲမှာ မိုးတွေ ပြန်ပြီးရွာလာတာကြောင့် အေးစိမ့်စိမ့်နဲ့ ဖျားချင်ချင်တွေဖြစ်နေကြပါသလား။ ဒါကြောင့် အအေးမိ ဖျားနာတွေအတွက် သဘာ၀ ဆေးနည်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ပါ။

သစ်ကြမ်းပိုးခေါက်ကတော့ တိုင်းရင်းဆေးနည်းမှာတော့ နာမည်ကြီးလှပါတယ်။ ဒါကြောင့် ဒန်ပေါက်တို့ဘာတို့လို ဟင်းတွေမှာလည်း ထည့်ချက် ကြပါတယ်။ သွေးတိုး၊ ဆီးချို၊ ကင်ဆာ စတဲ့ ရောဂါမျိုးစုံကို ကာကွယ်ရာမှာလည်း အစွမ်းထက်လှပါတယ်။

2

အအေးမိ ဖျားနာတွေအတွက်

အအေးမိလာပြီဆိုရင်

  • ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံ

4

သောက်သုံးနည်း

အထက်ဖော်ပြထားတဲ့ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက် တို့ကို ရောပြီး ၃ ရက်ဆက်တိုက် သောက်သုံးလိုက်ပါ။ သာမန် အအေးမိဖျားနာတာတွေနဲ့ နှာစေးချောင်းဆိုးတို့ကို သက်သာ ပျောက်ကင်းစေပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း

နေ့စဉ် ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်မှုန့် ကို တွဲလျက်စားသုံးပေးရင် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဘက်တီးရီးယားနဲ့ ဗားရက်စ်ဝင်ရောက်မှုနှုန်းကိုလည်း ကာကွယ်ပေးပါတယ်။

FLU

ပျားရည်မှာ ရောဂါ ဖြစ်စေနိုင်တဲ့ ဗားရက်စ်တွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် FLU ဖြစ်တာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။