ရင်ပူတယ်ဆိုတာ အစာအိမ်မှာရှိတဲ့အက်စစ်တွေ အစာပြွန်ဆီ ဆန်တက်လာလို့ ရင်ဘက်အောက်နားမှာ ပူလောင်လောင်ခံစားရတာပါ။ ရင်ပူလာပြီဆိုရင် ခံစားရခက်ပါတယ်။ တစ်ခါတစ်လေ ရင်ဘတ်အောင့်သလိုလိုတောင် ထင်ရတတ်ပါတယ်။ ဒါကြောင့် ရင်ပူတာကို သဘာဝပစ္စည်းတွေနဲ့ ထိထိရောက်ရောက်ကုသလို့ရအောင် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ချင်ပါတယ်။

၁။ ပန်းသီးစားပြီး ကုသမယ်

Source: Zee News

ချိုမြတဲ့ ပန်းသီးဟာ ရင်ပူခြင်းအတွက်ဆေး တစ်ခွက်ပါ။ ရင်ပူလာတဲ့အခါ ပန်းသီး နှစ်စိပ်လောက်စားပေးလိုက်ပါ။

၂။ ပန်းသီးရှာလကာရည် (Apple Cider Vinegar)

Source: naturallivingideas.com

ပန်းသီးလိုပဲ ပန်းသီးရှာလကာရည်ကလည်း ရင်ပူခြင်းကို ထိထိရောက်ရောက ်ပျောက်ကင်းစေပါတယ်။ ပန်းသီးရှာလကာရည်ရဲ့ အရသာကိုကြိုက်ရင်တော့ ဇွန်တစ်ဇွန်းခန့်ကို ဒီတိုင်းပဲသောက်ပါ။ ပြင်းလွန်းတယ်လို့ထင်ရင်တော့ ရေ ၈ အောင်စထဲကို ပန်းသီးရှာလကာ ၁ဇွန်းထည့်ပြီးသောက်နိုင်ပါတယ်။ ချဉ်တဲ့အရသာမခံစားတတ်ရင် ပျားရည်တစ်ဇွန်းပါထည့်သောက်လို့ရပါတယ်။

၃။ ပျားရည်။

Source: Novak Djokovic Foundation

ပျားရည်စစ်စစ် တစ်ဇွန်း နှစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့်လည်း ရင်ပူခြင်းကို တိုက်ဖျက်လို့ရပါတယ်။

၄။ မုန့်ဖုတ်ဆိုဒါ။

Source: The Jerusalem Post

ဒီနည်းလမ်းဟာ ထိရောက်မှုအများဆုံးရှိတယ်လို့ဆိုရပေမယ့် မုန့်ဖုတ်ဆိုဒါဟာ သွေးဖိအား များစေတာကြောင့် သွေးတိုးရောဂါရှိသူတွေ၊ ဆိုဒီယမ်ဓာတ်မတည့်သူတွေ သောက်လို့မရပါဘူး။ ဆရာဝန်နဲ့တိုင်ပင်စစ်ဆေးပြီးမှ သောက်သုံးရန်အကြံပြုပါတယ်။ ရေတစ်ခွက်ထဲကို မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်ပြီးသောက်ပေးပါ။

၅။ ရှားစောင်းလက်ပက်။

Source: Healthkart

ရှားစောင်းလက်ပက်ဟာ ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်မကောင်းခြင်းနဲ့ အူမရောင်နာရောဂါတွေကို သက်သာစေပါတယ်။ ရှားစောင်းလက်ပက်ဖျော်ရည် သောက်သုံးခြင်းဖြင့်လည်း ရင်ပူခြင်းမှကင်းဝေးစေပါတယ်။ တစ်ခြားသစ်သီးဖျော်ရည်တွေမှာလည်း ရှာစောင်းလက်ပက်အနှစ်ထည့်ကာ သောက်သုံးနိုင်ပါတယ်။

နောက်တစ်ခါ ရင်ပူလာပြီဆို အပေါ်ကနည်းလေးတွေနဲ့ စမ်းသပ်ကြည့်ပါနော်။

Featured Image Source: Daily Express