အမျိုးသားတွေ စားတဲ့အစားအစာမှာ သကြားဓာတ်တွေ များနေပြီး သကြားဓာတ်တွေများတာကြောင့် စိတ်တိုလွယ်၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နေတယ်လို့ လန်ဒန် တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့သုတေသနက ညွှန်းဆိုနေပါတယ်။

အမျိုးသားတွေဟာဆိုရင် အမျိုးသမီးတွေထက်ပိုပြီး သကြားဓာတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။

soda-e1464021251624

သုတေသန

သုတေသနပညာရှင်တွေက အမျိုးသား ၅ ထောင်နဲ့ အမျိုးသမီး ၂ ထောင်ကို နှစ်ပေါင်း ၂၂ နှစ်ကြာအောင် သုတေသနပြုလုပ်၊ စစ်တမ်းတွေ ကောက်ယူခဲ့ပါတယ်။

တစ်နေ့ကို သကြားဓာတ်ပေါင်း ၆၇ ဂရမ် စားသုံးတဲ့ အမျိုးသားတွေဟာ တစ်နေ့ကို သကြားဓာတ်ပေါင်း ၃၉.၅ ဂရမ် စားသုံးတဲ့ အမျိုးသားတွေထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်နိုင်ချေ ၂၃ ရာခိုင်နှုန်းမြင့်တက်ပါတယ်။

လန်ဒန် တက္ကသိုလ်က သုတေသနပညာရှင် အန်နီကာ နူပယ်လ်က “သကြားဓာတ်ကြောင့် တခြား ကျန်းမာရေးထိခိုက်မှုတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ သုတေသနကတော့ သကြားဓာတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဦးစားပေး သုတေသနပြုလုပ်ထားတာဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အကြောင်းအရင်းတွေလည်း အများကြီးရှိပေမယ့် သကြားဓာတ်ကတော့ အဓိက အကြောင်းအရင်းထဲမှာ ပါဝင်နေတယ်” လို့ ပြောပါတယ်။

donuts-e1466953010357

သကြားဓာတ်စားသုံးမှုများတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု သေသေချာချာ ပြတ်ပြတ်သားသား မတွေ့ရသေးပါဘူး။ ဘာကြောင့်လဲဆိုတာတော့ ဆက်လက် စုံစမ်းနေတုန်းပါဘဲ။

သကြားဓာတ်က BDNF လို့ ခေါ်တဲ့ ဟော်မှုန်းထွက်ရှိမှုကို လျော့နည်းစေပါတယ်။ အဲ့ဒီ ဟော်မှုန်းက စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးပါတယ်။

Young man sitting looking upset

လူတွေက စိတ်ဓာတ်ကျလေလေ အချိုဓာတ်ပါတဲ့ အစားအစာတွေ စားလေလေဖြစ်ပြီး အဲ့ဒီ အချိုဓာတ်ပါတဲ့ အစားအစာတွေက သကြားပါဝင်မှုများတာကြောင့် ရေရှည်မှာ စိတ်ဓာတ်ကျမှုကို အားပေးပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူတစ်ယောက်ကို တစ်နေ့ သကြားဓာတ် ၅၀ ဂရမ်တာ စားသုံးဖို့ အားပေးထားပေးမယ့် အမေရိကန်ပြည်သူတော်တော်များများက သကြားဓာတ် ၉၄ ဂရမ်လောက် စားသုံးနေပါတယ်။

သကြားဓာတ် ၉၄ ဂရမ်ဆိုတာဟာ ကိုကာကိုလာ သံဗူး ၂ ဗူးခွဲလောက်သောက်ရုံနဲ့ ပြည့်နေပါပြီ။

20110901-coca-cola-mexican-coke-taste-test-1