ဝမ်းချုပ်ခြင်းဆိုတာ အင်မတန်ခံရခက်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းက မကြာခဏဖြစ်တတ်တယ်ဆိုရင်တော့ သင့်ရဲ့အသည်းနဲ့ အူလမ်းကြောင်းကျန်းမာရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဒါ့ကြောင့် ရောဂါနုနေစဉ်မှာ အရှင်းပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် လိမ္မော်ဖျော်ရည်များကို မနက်စာ စားတဲ့အချိန်တိုင်း တွဲဖက်သောက်သုံးပေးလိုက်ပါ။

သံလွင်ဆီနှင့် လိမ္မော်ရည်

လိမ္မော်ဖတ်လေးများ ပါဝင်တဲ့ လိမ္မော်ဖျော်ရည်ကို သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ရောနှောကာ မွှေပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို သောက်သုံးပေးလိုက်ပါ။ သံလွင်ဆီအစား ကြက်ဆူဆီ (သို့) ပိုက်ဆံလျှော်ပင်ဆီတို့ကိုလည်း အစားထိုး အသုံးပြုပေးနိုင်ပါသေးတယ်။

ဆီးသီးနှင့် လိမ္မော်ရည်

ဆီသီးဖျော်ရည် ၁၂၅ မီလီလီတာကို လိမ္မော်ရည် ၁၂၅ မီလီလီတာတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။ ဆီးသီးနှင့် လိမ္မော်သီးတို့က အမျှင်ဓာတ်များ ကြွယ်ဝတဲ့အတွက်ကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေမှာပဲဖြစ်ပါတယ်။ တစ်ခါဖျော်သောက်လို့မှ မသက်သာသေးရင် နာရီအနည်းငယ်ကြာတဲ့အခါ ထပ်မံဖျော်သောက်ပေးနိုင်ပါသေးတယ်။

လိမ္မော်ရည်နှင့် ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် လိမ္မော်ရည် ၂၅၀ မီလီလီတာတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို မနက်စာနဲ့ တွဲဖက်သောက်သုံးပေးလိုက်ပါ။ သောက်သုံးပြီးလို့မှ မသက်သာသေးဘူးဆိုရင်တော့ ၄ နာရီ (သို့) ၅ နာရီကြာတဲ့အခါ ထပ်မံသောက်သုံးပေးနိုင်ပါတယ်။

Source: Stylecraze.com