အားလုံးပဲမင်္ဂလာပါနော်။ အရသာရှိပြီး လျှာလည်သွားစေမယ့် အမဲနံရိုးကင် ပူပူလေးကို မျှဝေပေးချင်ပါတယ်။ ထမင်းနဲ့ တွဲစားစား ၊ ဒီအတိုင်းစားစားအရသာရှိပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ ပါတီပွဲလုပ်တဲ့အခါမှာလည်း လုပ်စားလို့အဆင်ပြေတဲ့ အကင်လေးဖြစ်ပါတယ်။

Oven နဲ့ လုပ်ရမှာဖြစ်ပါတယ်။ Oven ကိုအပူချိန် ၁၀၀ ဒီဂရီလောက်ပဲထားရမှာပါ။ တကယ်လို့ Oven နဲ့ မကင်ချင်ရင်လည်း ကင်တဲ့ မီးဖိုနဲ့ အမဲနံရိုးကင်းလုပ်စားလို့ရပါတယ်။

ပါဝင်ပစ္စည်း

  • အမဲနံရိုးကောင်းကောင်းပြင်ထားပါ။

အနှစ်လုပ်ရန်

  • ပဲငံပြာရည် ခွက် ၁/၄ ပုံ
  • သကြားအညို စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဆန်အရက် ခွက် ၁/၄ ပုံ
  • ပန်းသီး ၁ လုံး

  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူအနည်းငယ်
  • ဂျင်းအနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း

အနှစ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ကြိတ်လိုက်ပါ။

ပြီးရင် အမဲသားပေါ်မှာ ဖြူပေးလိုက်ပြီး အမဲကို သေချာနယ်ထားပါ။

အဲဒီနောက် ၄ နာရီလောက် နှပ်ထားပါ။ ရေခဲသေတ္တာထဲမှာထည့်ပြီး နှပ်ထားပေးပါ။ (၁) ရက်လောက် နှပ်ထားချင်လည်းရပါတယ်။

ဒါဆိုရင် အနှစ်မှာပါတဲ့ အရသာက အသားထဲ စိမ့်ဝင်သွားမှာဖြစ်ပါတယ်။

Oven ကို 100 C / 212 F နဲ့မိနစ် ၂၀ လောက်အပူပေးလိုက်ပြီး အသားကင်တဲ့ စက္ကူကိုထည့်လိုက်ပါ။ ပြီးရင်ဆီနည်းနည်းသုပ်ပြီး အမဲသားကိုထည့်ပေးလိုက်ပါ။ ၈ နာရီလောက်ထားပါ။ အဲလိုမှမဟုတ်ရင်လည်း အကင်မီးဖိုပေါ်မှာတင်ပြီးကင်ပေးလိုက်ပါ။ ကျက်သွားပြီဆိုရင် ပါးပါးလှီးပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar