အပူပိုင်းဒေသမှာသာ ပေါက်ရောက်လေ့ရှိတဲ့ သင်္ဘောပင်တစ်ပင်ရဲ့ ပျမ်းမျှအရှည်က ပေ ၃၀ ခန့်ထိ ရှိပါတယ်။ သင်္ဘောသီးကို မှည့်မှ စားမယ်ဆိုရင် အချိုပွဲအနေနဲ့ သုံးဆောင်နိုင်သလို မမှည့်ခင်ကတည်းက စားမယ်ဆိုရင်လည်း သင်္ဘောသီးထောင်းအဖြစ် အရသာရှိရှိစားသုံးနိုင်ပါသေးတယ်။

သင်္ဘောသီးကို အသီးတစ်ခုတည်းတင် စားသုံးလို့ရတာမဟုတ်ပါဘူး။ သူ့ရဲ့ အမြစ်နဲ့ အရွက်ကလည်း ကျန်းမာရေးအတွက် ဆေးဖက်ဝင်ပါသေးတယ်။ အချို့နေရာဒေသတွေမှာဆိုရင် သင်္ဘောရွက်ကို ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ် ချက်ပြုတ်စားသောက်လေ့ရှိကြပြီး အချို့နေရာမှာတော့ သင်္ဘောရွက်ကို လက်ဖက်ရည်ကြမ်းလိုမျိုး သောက်သုံးလေ့ရှိပါတယ်။

သင်္ဘောသီးအရွက်ကို သောက်သုံးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း

Source: suzandtell.wordpress.com

သင်္ဘောရွက်က ကင်ဆာရောဂါကို ဖြစ်ပေါ်စေတဲ့ ရောင်ရမ်းခြင်းကို လျော့ချပေးပြီး ခန္ဓာကိုယ်ခုခံအားကို မြင့်တင်ပေးပါတယ်။ ဒါ့ကြောင့် သင်္ဘောရွက်ကို ကင်ဆာရောဂါ ကာကွယ်ဆေးအဖြစ် မှီဝဲလေ့ရှိကြပါတယ်။

ပြည်တည်နာကို သက်သာပျောက်ကင်းစေခြင်း

Source: sicklecellanemianews.com

၂၀၀၈ ခုနှစ်မှာ လေ့လာထားတဲ့ လေ့လာတွေ့ရှိချက်အရ သင်္ဘောရွက်က အူလမ်းကြောင်းမှာဖြစ်ပေါ်တတ်တဲ့ ပြည်တည်နာများကို သက်သာပျောက်ကင်းစေနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် ခံစားရလေ့ရှိတဲ့ အစာအိမ်ရောဂါနဲ့ အစာအိမ်အချဉ်ပေါက်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

Source: draxe.com

သင်္ဘောရွက်ထဲမှာပါဝင်တဲ့ အင်ဇိုင်းဓာတ်များက ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း လေထိုးခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အူမကြီးရောင်ရမ်းခြင်းကိုလည်း လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားတဲ့ အရွက်တစ်မျိုးဆိုလည်း မမှားပါဘူး။

ငှက်ဖျားရောဂါကို ကုသပေးနိုင်ခြင်း

Source: stylesatlife.com

ငှက်ဖျားရောဂါကို ကုသပေးရာမှာ Acetogenin ဆိုတဲ့ ဓာတ်တစ်မျိုးက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သင်္ဘောရွက်မှာကလည်း ထိုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ငှက်ဖျားရောဂါကို ထပ်မဆိုးလာအောင် ကုသပေးပါလိမ့်မယ်။

ဒါပေမဲ့ ငှက်ဖျားရောဂါ ခံစားရတဲ့အခါ အိမ်မှာပဲ ဆေးမြီးတိုတွေနဲ့ ကုသနေမယ့်အစား နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြီး ကုသမှု အမြန်ဆုံးခံယူလိုက်ပါ။ ဒါမှ ငှက်ဖျားရောဂါ အမြစ်ပြတ်သွားမှာပဲဖြစ်ပါတယ်။