၀မ်းဗိုက်မှာ အဆီများနေရင် ဘာအင်္ကျီအဝတ်အစား ရွေးရတာကအစ အခက်အခဲဖြစ်ပါတယ်။ လူက ပိန်ပေမယ့် ဗိုက်မှာ အဆီတွေချည်းပဲဆိုရင် ကြည့်လို့မကောင်းပါဘူး။

ဝမ်းဗိုက်မှာ အဆီရှိနေတာက အလှအပအတွက် ထိခိုက်ရုံသာမက ကျန်းမာရေးအတွက်လည်း ထိခိုက်နိုင်ပါတယ်။

ဝမ်းဗိုက်က အဆီက များလာရင် ကိုယ်တွင်းအင်္ဂါတွေမှာပါ ကပ်တွယ်သွားပြီး ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။

အဆီများလာရင် စိတ်ဖိစီးမှု ဟော်မှုန်းကို ပိုထွက်စေပြီး စိတ်ဖိစီးမှုများလာကာ အင်ဆူလင်ထုတ်လုပ်မှုမှာလည်း ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့ကို ဖြစ်ပွားစေပါတယ်။

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ရူးသွပ်ပါ

အစာအစားတိုင်း အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေကို အဓိကထားစားပါ။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နေ့ကို ဟင်းသီးဟင်းရွက်၊ အသီးအနှံ ၁၀ ဂရမ်စားသုံးသူဟာ ဝမ်းဗိုက်အဆီတွေကို လျော့ကျစေပါတယ်။

Green Tea နဲ့ Black Tea

Green Tea နဲ့ ရေနွေးကြမ်း (Black Tea) တို့မှာ Antioxiants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အားကစားလုပ်ရင်း နေ့တိုင်းသောက်ပေးရင် ဝမ်းဗိုက်အဆီတွေကို ကျစေပါတယ်။

တစ်နေ့ကို ၂ ခွက် ၃ ခွက်သောက်ပေးရင် ဝမ်းဗိုက်အဆီတွေ ကျစေပါတယ်။

အိပ်ရေး၀၀ အိပ်ပေးပါ

တစ်နေ့ကို ၅ နာရီ၊ ၆ နာရီလောက်ဘဲ အိပ်ရင် ဝမ်းဗိုက်အဆီကို ပိုတက်စေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ၈ နာရီလောက် အိပ်ပေးပါ။

အိပ်တဲ့အခါမှာလည်း ညနက်မှ အိပ်ပြီး မနက်နောက်ကျမှ ထရင်လည်း ဝမ်းဗိုက်အဆီကို ကျစေမှာမဟုတ်ပါဘူး။

ရုံးပိတ်ရက်တွေမှာ ပုံမှန်ဘဲအိပ်ပါ

Brigham Young တက္ကသိုလ်ရဲ့ သုတေသနအရ နေ့စဉ်ပုံမှန် အိပ်၊ ပုံမှန် အိပ်ရာထသူတွေက ခန္ဓာကိုယ်အတွင်း အဆီရှိမှု ပမာဏနည်းပါးပါတယ်။

ဒါ့ကြောင့် ရုံးပိတ်ရက်မို့ပိုအိပ်တာမျိုးကို ရှောင်ကြဉ်မယ်ဆိုရင် ဝမ်းဗိုက်အဆီတွေ ကျဆင်းစေဖို့ကူညီနိုင်မှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

ဝမ်းဗိုက်ထဲက အဆီတွေလောင်ကျွမ်းအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။ Gym တွေမှာ လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတော့လုပ်ပေးပါ။