ဗီတာမင်စီဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နဲ့ အခြားသော သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ဂျင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးမြောက်မြားစွာ ပေးစွမ်းနိုင်ပါတယ်။ ဂျင်းလက်ဖက်ရည် ပြုလုပ်မယ်ဆိုရင် သူ့ရဲ့အရသာကို ပိုမိုကောင်းမွန်အောင်လို့ ပျားရည် (သို့) သံပုရာရည် အနည်းငယ် ထည့်ပေးနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အရသာရှိတဲ့ ဂျင်းလက်ဖက်ရည်ကို ကျန်းမာရေးအတွက် သောက်သုံးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို အသုံးပြုပြီး ဖျော်သောက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေနွေး ၅၀၀ မီလီလီတာ
  • သံပုယိုသီး ၁ ခြမ်း
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျင်းတုံးကို ပါးပါးလှီးပြီးနောက် နုပ်နုပ်စဉ်းပေးရပါမယ်။

၂။ ရရှိလာတဲ့ ဂျင်းအဖတ်လေးများကို ဖန်ခွက်ထဲထည့်လိုက်ပါ။ သံပုယိုသီးကိုလည်း ပါးပါးလှီးပြီးနောက် ထိုဖန်ခွက်ထဲ ထည့်လိုက်ပါ။

၃။ ပျားရည်ထည့်ပြီးနောက် ရေနွေးထည့်ကာ ငါးမိနစ်ခန့် စိမ်ထားလိုက်ပါ။ ငါးမိနစ်ပြည့်မှ အဖတ်များကို ဆန်ကာနဲ့ စစ်ပြီးနောက် ကျန်ရှိတဲ့ ၈ ဂျင်းလက်ဖက်ရည်ကို အရသာရှိရှိနဲ့ ပူပူနွေးနွေးလေးသောက်သုံးနိုင်ပါပြီ။

ဒီဂျင်းလက်ဖက်ရည်လေးကို သောက်သုံးခြင်းအားဖြင့် ခံစားရရှိမယ့် အကျိုးကျေးဇူးတွေကတော့

ခေါင်းမူးခြင်း၊ ကိုက်လက်မအီမသာဖြစ်ခြင်းကို ကုသပေးခြင်း

Source: Organicauthority.com

ကားစီးရလို့ ခေါင်းမူးလာပြီ၊ သင်္ဘော စီးရလို့ လှိုင်းမူးလာပြီဆိုရင် အသင့်ဖျော်ပြီးသွားတဲ့ ဂျင်းလက်ဖက်ရည်လေးကို သောက်သုံးလိုက်မယ်ဆိုရင် အမူးအမော်သက်သာစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

Source: Thedailytea.com

နေ့စဉ် အသက်ရှင်သန်နေထိုင်ဖို့ရန်အတွက် လှုပ်ရှားရုန်းကန်နေရတာကြောင့် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ အချိန်ကြာလာလို့ စိတ်ဖိစီးမှုတွေ စုပုံလာတယ်ဆိုရင် ဂျင်းလက်ဖက်ရည်လေးကိုသာ သတိရလိုက်ပါ။ ဂျင်းလက်ဖက်ရည်ရဲ့ မွှေးပျံ့တဲ့ရနံ့နဲ့ ထူးခြားတဲ့အရသာက သင့်ရဲ့စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးပါလိမ့်မယ်။

အမျိုးသမီးများ ရာသီလာချိန်တွင် ခံစားရသော ကြွက်သားများနာကျင်ကိုက်ခဲမှုကို လျော့ချပေးခြင်း

Source: Parenting.firstcry.com

ဂျင်းလက်ဖက်ရည်လေးကို သောက်သုံးပြီး တစ်ချိန်တည်းမှာပဲ ဂျင်းလက်ဖက်ရည်နွေးနွေးလေးထဲ တဘက်တစ်ထည်စိမ်လိုက်ကာ အရည်ညှစ်ပြီးနောက် ထိုတဘက်ကို နာကျင်ကိုက်ခဲနေသော ဝမ်းဗိုက်ပေါ် တင်ထားလိုက်ပါ။ ကြွက်သားနာကျင်ကိုက်ခဲမှုများ တမဟုတ်ချင်းသက်သာသွားပါလိမ့်မယ်။

Source: Ohhowcivilized.com