[Unicode]
လူတွေတော်တော်များများက ရေသန့်ဗူးကို သောက်သုံးကြပေမယ့် ရေသန့်ဗူးမှာပါတဲ့ စာသားလေးတွေကိုတော့ မဖတ်မိကြပါဘူး။
ဘာကြောင့် ပလပ်စတစ်ဗူးတွေကို ပြန်မသုံးသင့်သလဲ
ပလပ်စတစ်ဗူးထဲမှာ ပါဝင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေက ရေထဲကို ပျော်ဝင်နိုင်ပါတယ်။ ရေသန့်ဗူးတွေရဲ့ အောက်ဘက်မှာရေးထားတဲ့ စာသားလေးတွေကို ဂရုစိုက်သင့်ပါတယ်။
တြိဂံပုံစံထဲမှာ 1 PET or PETE လို့ ရေးထားတတ်ပါတယ်။ ဒါက တစ်ကြိမ်တည်းသာ အသုံးပြုမှသာ အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ ရေသန့်ဗူးထဲကို အောက်စီဂျင်ဝင်သွားရင်၊ အပူချိန်ပြင်းပြင်းနဲ့ နေရောင်ခြည်ထိရင် ရေသန့်ဗူးထဲက ဓာတုအဆိပ်အတောက်တွေက ရေထဲ ဝင်သွားမှာဖြစ်ပါတယ်။
ရေသန့်ဗူးအောက်ခြေမှာ 3 or 7 (PVC and PC) တံဆိပ်ပါတဲ့ ရေသန့်ဗူးတွေဆိုရင် သတိထား သောက်သင့်ပါတယ်။ ရေသန့်ဗူးထဲက ဓာတုပစ္စည်းတွေက ရေထဲကို အလွယ်တကူ ဝင်ရောက်နိုင်လို့ပါဘဲ။
Polyethylene (2 and 4) နဲ့ Polypropylene (5 and PP) နဲ့ပြုလုပ်ထားတဲ့ ရေသန့်ဗူးတွေဆိုရင်တော့ ပြန်သုံးလို့ရပါတယ်။ သူတို့ကို ရေခဲသေတ္တာထဲထည့်ပြီး သောက်ရင်တောင် အန္တရာယ်မရှိပါဘူး။
ဘက်တီးရီးယား
မသန့်ရှင်းတဲ့ ပလပ်စတစ် ဗူးထဲက ရေတွေကို သောက်နေရတာဟာ အိမ်သာထဲက ရေတွေကို သောက်နေရသလိုပါဘဲလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ သူတို့မှာ ဘက်တီးရီးယားတွေ အပြည့်နဲ့ပါ။ ရေသန့်ဗူးကို ညစ်ပတ်တဲ့လက်တွေနဲ့ ကိုင်ပြီးရင် သောက်ပြန်ကိုင်နဲ့ ရေဗူးမှာ ဘက်တီးရီးယားတွေ အများကြီးကပ်ကျန်ခဲ့ပါတယ်။ ဒါကြောင့် ရေဗူးကို ရေနွေးပူပူလေးနဲ့ ၊ ရှာလကာရည်နဲ့ ဒါမှမဟုတ် ပါးစပ်ဆေးတဲ့ ဘက်တီးရီးယား သေစေတဲ့ ဆေးနဲ့ ပုံမှန် ဆေးပေးသင့်ပါတယ်။
သင်သောက်နေတဲ့ ရေက ဘယ်ကနေလာသလဲ။
သင်ဝယ်သောက်နေတဲ့ ရေတွေကတော့ ဘယ်ကနေ ထုတ်လုပ်ထားတာလဲ။ သန့်ရှင်းမှုရှိရှိနဲ့ ထုတ်လုပ်ထားတာလားဆိုတာ အမြဲနားစွင့်နေဖို့ လိုအပ်ပါတယ်။
Featured Image Source: www.freepik.com
[Zawgyi]
လူေတြေတာ္ေတာ္မ်ားမ်ားက ေရသန္႔ဗူးကို ေသာက္သံုးၾကေပမယ့္ ေရသန္႔ဗူးမွာပါတဲ့ စာသားေလးေတြကိုေတာ့ မဖတ္မိၾကပါဘူး။
ဘာေၾကာင့္ ပလပ္စတစ္ဗူးေတြကို ျပန္မသံုးသင့္သလဲ
ပလပ္စတစ္ဗူးထဲမွာ ပါ၀င္တဲ့ အႏၱရာယ္ရွိ ဓာတုပစၥည္းေတြက ေရထဲကို ေပ်ာ္၀င္ႏိုင္ပါတယ္။ ေရသန္႔ဗူးေတြရဲ႕ ေအာက္ဘက္မွာေရးထားတဲ့ စာသားေလးေတြကို ဂရုစိုက္သင့္ပါတယ္။
ႀတိဂံပံုစံထဲမွာ 1 PET or PETE လို႔ ေရးထားတတ္ပါတယ္။ ဒါက တစ္ႀကိမ္တည္းသာ အသံုးျပဳမွသာ အႏၱရာယ္ကင္းမွာ ျဖစ္ပါတယ္။ ေရသန္႔ဗူးထဲကို ေအာက္စီဂ်င္၀င္သြားရင္၊ အပူခ်ိန္ျပင္းျပင္းနဲ႔ ေနေရာင္ျခည္ထိရင္ ေရသန္႔ဗူးထဲက ဓာတုအဆိပ္အေတာက္ေတြက ေရထဲ ၀င္သြားမွာျဖစ္ပါတယ္။
ေရသန္႔ဗူးေအာက္ေျခမွာ 3 or 7 (PVC and PC) တံဆိပ္ပါတဲ့ ေရသန္႔ဗူးေတြဆိုရင္ သတိထား ေသာက္သင့္ပါတယ္။ ေရသန္႔ဗူးထဲက ဓာတုပစၥည္းေတြက ေရထဲကို အလြယ္တကူ ၀င္ေရာက္ႏိုင္လို႔ပါဘဲ။
Polyethylene (2 and 4) နဲ႔ Polypropylene (5 and PP) နဲ႔ျပဳလုပ္ထားတဲ့ ေရသန္႔ဗူးေတြဆိုရင္ေတာ့ ျပန္သံုးလို႔ရပါတယ္။ သူတို႔ကို ေရခဲေသတၱာထဲထည့္ၿပီး ေသာက္ရင္ေတာင္ အႏၱရာယ္မရွိပါဘူး။
ဘက္တီးရီးယား
မသန္႔ရွင္းတဲ့ ပလပ္စတစ္ ဗူးထဲက ေရေတြကို ေသာက္ေနရတာဟာ အိမ္သာထဲက ေရေတြကို ေသာက္ေနရသလိုပါဘဲလို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ သူတို႔မွာ ဘက္တီးရီးယားေတြ အျပည့္နဲ႔ပါ။ ေရသန္႔ဗူးကို ညစ္ပတ္တဲ့လက္ေတြနဲ႔ ကိုင္ၿပီးရင္ ေသာက္ျပန္ကိုင္နဲ႔ ေရဗူးမွာ ဘက္တီးရီးယားေတြ အမ်ားႀကီးကပ္က်န္ခဲ့ပါတယ္။ ဒါေၾကာင့္ ေရဗူးကို ေရေႏြးပူပူေလးနဲ႔ ၊ ရွာလကာရည္နဲ႔ ဒါမွမဟုတ္ ပါးစပ္ေဆးတဲ့ ဘက္တီးရီးယား ေသေစတဲ့ ေဆးနဲ႔ ပံုမွန္ ေဆးေပးသင့္ပါတယ္။
သင္ေသာက္ေနတဲ့ ေရက ဘယ္ကေနလာသလဲ။
သင္၀ယ္ေသာက္ေနတဲ့ ေရေတြကေတာ့ ဘယ္ကေန ထုတ္လုပ္ထားတာလဲ။ သန္႔ရွင္းမႈရွိရွိနဲ႔ ထုတ္လုပ္ထားတာလားဆိုတာ အၿမဲနားစြင့္ေနဖို႔ လိုအပ္ပါတယ္။
Featured Image Source: www.freepik.com