(Unicode)

အစားအစာထုတ်လုပ်သူတချို့က ဓာတုပစ္စည်းတွေ၊ စွဲလမ်းစေတဲ့ ဓာတ်တွေကို အစားအစာထဲမှာ ထည့်သွင်းကြသလို တချို့က အစားအစာတောင် အတုထုတ်သူတွေလည်းရှိပါတယ်။

ဒီလို အစားအစာတွေ စားသုံးမိလို့ အခက်မသင့်ရင် အစာအဆိပ်သင့်တာကို ဖြစ်စေတတ်ပါတယ်။

ဒါ့ကြောင့် အစာအဆိပ်သင့်တာမဖြစ်အောင် သိထားသင့်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ဆန်

တချို့ ဆန်တွေက ဆန် အစစ်တွေ မဟုတ်တော့ဘဲ ဓာတုနည်းအရ သို့ အာလူးကနေ ထုတ်လုပ်ထားတဲ့ ဆန်တွေလည်း ရှိနေပါပြီ။

ပွင့်ပွင့်လင်းလင်းပြောရရင် ဆန်အတုလို့ ပြောနိုင်ပါတယ်။ ဆန်ပုံစံအတိုင်းဖြစ်ပေမယ့် အရသာတော့ မကောင်းပါဘူး။

ဘယ်လို စစ်ဆေးမလဲ

ဆန် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကိုယူပြီး မီးရှို့ ကြည့်လိုက်ပါ။ ဆန်အတုက ပလပ်စတစ်အနံ့လိုမျိုး မီးခိုးမည်းမည်းထွက်လာပါလိမ့်မယ်။

ပျားရည်

တချို့ ပျားရည် ထုတ်လုပ်တဲ့သူတွေက ပျားရည် အလေးချိန်များအောင် အင်္ကျီကပ်တဲ့ ကော်လိုမျိုးကို ထည့်တတ်ကြပါတယ်။

ဘယ်လို စစ်ဆေးမလဲ

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ အနည်းငယ်နဲ့ အတူ ခွက်ထဲကိုထည့်ပါ။

Iodine အနည်းငယ်ထည့်လိုက်ရင် အရောင်က အနက်ရောင်ဘက်ကိုပြောင်းသွားရင် ကော်ရောထားပါတယ်။

ဝိုင်

သောကြာနေ့ညလေးကို ဝိုင်လေး သောက်ပြီး ဖြတ်သန်းဖို့ စဉ်းစားချိန်မှာ ဝိုင်အတုနဲ့တွေ့ရင်တော့ ပျော်စရာလေးတွေ ပျက်သွားမှာပါ။

ဘယ်လို စစ်ဆေးမလဲ

စားပွဲပေါ်မှာ Baking Soda စားပွဲတင်ဇွန်း ၁ ဇွန်းကို တင်ထားလိုက်ပါ။ ဝိုင်စက်အနည်းငယ်ချက်လိုက်ပါ။ အပြာရောင်ပြောင်းသွားရင် ကောင်းပါတယ်။ ဝိုင်စစ်ပါတယ်။ ဒါပေမယ့် တခါတလေ ဝိုင် အပြင်းစားတွေက အရောင်မပြောင်းတတ်ပါဘူး။

(Zawgyi)

အစားအစာထုတ္လုပ္သူတခ်ိဳ႕က ဓာတုပစၥည္းေတြ၊ စြဲလမ္းေစတဲ့ ဓာတ္ေတြကို အစားအစာထဲမွာ ထည့္သြင္းၾကသလို တခ်ိဳ႕က အစားအစာေတာင္ အတုထုတ္သူေတြလည္းရွိပါတယ္။

ဒီလို အစားအစာေတြ စားသံုးမိလို႔ အခက္မသင့္ရင္ အစာအဆိပ္သင့္တာကို ျဖစ္ေစတတ္ပါတယ္။

ဒါ့ေၾကာင့္ အစာအဆိပ္သင့္တာမျဖစ္ေအာင္ သိထားသင့္တဲ့ နည္းလမ္းေလးေတြကုိ ေ၀မွ်ခ်င္ပါတယ္။

ဆန္

တခ်ိဳ႕ ဆန္ေတြက ဆန္ အစစ္ေတြ မဟုတ္ေတာ့ဘဲ ဓာတုနည္းအရ သို႔ အာလူးကေန ထုတ္လုပ္ထားတဲ့ ဆန္ေတြလည္း ရွိေနပါၿပီ။

ပြင့္ပြင့္လင္းလင္းေျပာရရင္ ဆန္အတုလို႔ ေျပာႏိုင္ပါတယ္။ ဆန္ပံုစံအတိုင္းျဖစ္ေပမယ့္ အရသာေတာ့ မေကာင္းပါဘူး။

ဘယ္လို စစ္ေဆးမလဲ

ဆန္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာကိုယူၿပီး မီးရိႈ႕ ၾကည့္လိုက္ပါ။ ဆန္အတုက ပလပ္စတစ္အနံ႔လိုမ်ိဳး မီးခိုးမည္းမည္းထြက္လာပါလိမ့္မယ္။

ပ်ားရည္

တခ်ိဳ႕ ပ်ားရည္ ထုတ္လုပ္တဲ့သူေတြက ပ်ားရည္ အေလးခ်ိန္မ်ားေအာင္ အက်ၤီကပ္တဲ့ ေကာ္လိုမ်ိဳးကို ထည့္တတ္ၾကပါတယ္။

ဘယ္လို စစ္ေဆးမလဲ

ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္းကို ေရ အနည္းငယ္နဲ႔ အတူ ခြက္ထဲကိုထည့္ပါ။

Iodine အနည္းငယ္ထည့္လိုက္ရင္ အေရာင္က အနက္ေရာင္ဘက္ကိုေျပာင္းသြားရင္ ေကာ္ေရာထားပါတယ္။

၀ိုင္

ေသာၾကာေန႔ညေလးကို ၀ိုင္ေလး ေသာက္ၿပီး ျဖတ္သန္းဖို႔ စဥ္းစားခ်ိန္မွာ ၀ိုင္အတုနဲ႔ေတြ႔ရင္ေတာ့ ေပ်ာ္စရာေလးေတြ ပ်က္သြားမွာပါ။

ဘယ္လို စစ္ေဆးမလဲ

စားပြဲေပၚမွာ Baking Soda စားပြဲတင္ဇြန္း ၁ ဇြန္းကို တင္ထားလိုက္ပါ။ ၀ိုင္စက္အနည္းငယ္ခ်က္လုိက္ပါ။ အျပာေရာင္ေျပာင္းသြားရင္ ေကာင္းပါတယ္။ ၀ိုင္စစ္ပါတယ္။ ဒါေပမယ့္ တခါတေလ ၀ိုင္ အျပင္းစားေတြက အေရာင္မေျပာင္းတတ္ပါဘူး။