(Unicode)

ခေတ်မီဥရောပဟင်းလျာများ သုံးဆောင်နိုင်သည့် ရန်ကုန်မြို့မှ အကောင်းဆုံးစားသောက်ဆိုင်များအနက် တစ်ခုဖြစ်သည့် ရွှေစားပွဲစားသောက်ဆိုင်သည် အနာဂတ်၏ စားဖိုမှူးများ၊ စားသောက်ဆိုင်မန်နေဂျာများ မွေးဖွားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာလူငယ်များကို ဥရောပဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တည်ခင်းတတ်စေရန် သင်ကြားပေးနေတဲ့ ရွှေစားပွဲစားသောက်ဆိုင်ကို လွန်ခဲ့တဲ့ ၂ လအချိန်ကတည်းက ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး မိတ်ဟောင်းမိတ်သစ် စားသုံးသူမြောက်မြားစွာ လာရောက်အားပေးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။

Season 9 ရှိ ကျောင်းသူကျောင်းသားများဟာဆိုရင်လည်း ရွှေစားပွဲစားသောက်ဆိုင်မှာ လေ့ကျင့်သင်ယူလျက်ရှိသည်မှာ ၃ လကြာမြင့်သွားပြီဖြစ်ပြီး ဝန်ဆောင်မှုပေးခြင်းနှင့် စားဖိုဆောင်စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်စေဖို့အတွက်လည်း အထူးကြိုးစားလျက်ရှိနေပါတယ်။

လက်ရှိအချိန်တွင် ရွှေစားပွဲစားသောက်ဆိုင်မှ တည်ခင်းဧည့်ခံလျက်ရှိသည့် မီနူးများကတော့ အောက်ပါအတိုင်းဖြစ်ပြီးတော့ မကြာခဏလည်း အဆင့်မြှင့်တင်လျက်ရှိပါတယ်။

  • 2-3 Course Western Inspired Menu for Lunch & Dinner with Choice
  • 2-3 Course Asian Tasting Menu for Lunch & Dinner
  • Vegetarian Week for Lunch & Dinner with Choice
  • A La Carte Options Also Available

စစ်မှန်မှု၊ နွေးထွေးမှုတို့နှင့် သင်တန်းသားဝန်ထမ်းတို့ထံမှ အပြုံးများ၊ ပရောဖက်ရှင်နယ်ဝန်ဆောင်မှုတွေဟာ ရွှေစားပွဲစားသောက်ဆိုင်နှင့် အခြားဆိုင်များကို အဓိကကွာခြားစေတဲ့ အချက်ပဲဖြစ်ပါတယ်။ ထို့ကြောင့် အကောင်းဆုံးဆိုတဲ့ “ရွှေ” Dining အတွေ့အကြုံကို ခံစားရရှိနိုင်ဖို့အတွက် ရွှေစားပွဲစားသောက်ဆိုင်သို့ ကြွလှမ်းလာဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။

(Zawgyi)

ေခတ္မီဥေရာပဟင္းလ်ာမ်ား သုံးေဆာင္ႏိုင္သည့္ ရန္ကုန္ၿမိဳ႕မွ အေကာင္းဆုံးစားေသာက္ဆိုင္မ်ားအနက္ တစ္ခုျဖစ္သည့္ ေ႐ႊစားပြဲစားေသာက္ဆိုင္သည္ အနာဂတ္၏ စားဖိုမႉးမ်ား၊ စားေသာက္ဆိုင္မန္ေနဂ်ာမ်ား ေမြးဖြားရာ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ ျမန္မာလူငယ္မ်ားကို ဥေရာပဟင္းလ်ာမ်ား ခ်က္ျပဳတ္ျပင္ဆင္တည္ခင္းတတ္ေစရန္ သင္ၾကားေပးေနတဲ့ ေ႐ႊစားပြဲစားေသာက္ဆိုင္ကို လြန္ခဲ့တဲ့ ၂ လအခ်ိန္ကတည္းက ျပန္လည္ဖြင့္လွစ္ခဲ့ၿပီျဖစ္ၿပီး မိတ္ေဟာင္းမိတ္သစ္ စားသုံးသူေျမာက္ျမားစြာ လာေရာက္အားေပးလ်က္ရွိတာကိုလည္း ေတြ႕ရပါတယ္။

Season 9 ရွိ ေက်ာင္းသူေက်ာင္းသားမ်ားဟာဆိုရင္လည္း ေ႐ႊစားပြဲစားေသာက္ဆိုင္မွာ ေလ့က်င့္သင္ယူလ်က္ရွိသည္မွာ ၃ လၾကာျမင့္သြားၿပီျဖစ္ၿပီး ဝန္ေဆာင္မႈေပးျခင္းႏွင့္ စားဖိုေဆာင္စီမံခန႔္ခြဲျခင္းႏွင့္ပတ္သက္၍ အေကာင္းဆုံးျဖစ္ေစဖို႔အတြက္လည္း အထူးႀကိဳးစားလ်က္ရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္ ေ႐ႊစားပြဲစားေသာက္ဆိုင္မွ တည္ခင္းဧည့္ခံလ်က္ရွိသည့္ မီႏူးမ်ားကေတာ့ ေအာက္ပါအတိုင္းျဖစ္ၿပီးေတာ့ မၾကာခဏလည္း အဆင့္ျမႇင့္တင္လ်က္ရွိပါတယ္။

  • 2-3 Course Western Inspired Menu for Lunch & Dinner with Choice
  • 2-3 Course Asian Tasting Menu for Lunch & Dinner
  • Vegetarian Week for Lunch & Dinner with Choice
  • A La Carte Options Also Available

စစ္မွန္မႈ၊ ေႏြးေထြးမႈတို႔ႏွင့္ သင္တန္းသားဝန္ထမ္းတို႔ထံမွ အၿပဳံးမ်ား၊ ပေရာဖက္ရွင္နယ္ဝန္ေဆာင္မႈေတြဟာ ေ႐ႊစားပြဲစားေသာက္ဆိုင္ႏွင့္ အျခားဆိုင္မ်ားကို အဓိကကြာျခားေစတဲ့ အခ်က္ပဲျဖစ္ပါတယ္။ ထို႔ေၾကာင့္ အေကာင္းဆုံးဆိုတဲ့ “ေ႐ႊ” Dining အေတြ႕အႀကဳံကို ခံစားရရွိႏိုင္ဖို႔အတြက္ ေ႐ႊစားပြဲစားေသာက္ဆိုင္သို႔ ႂကြလွမ္းလာဖို႔အတြက္ ဖိတ္ေခၚလိုက္ရပါတယ္။