ရန်ကုန်မြို့မှာ နေထိုင်နေကြတဲ့ စင်ကာပူအစားအစာကို ချစ်မြတ်နိုးကြတဲ့သူများအတွက် နိုင်ငံခြားထိသွားရောက်စရာမလိုဘဲ တကယ့်အကောင်းဆုံးဆိုတဲ့ စင်ကာပူဟင်းလျာတွေအကုန်လုံးကို တစ်နေရာတည်းမှာ စုံစုံလင်လင် သုံးဆောင်နိုင်ဖို့အတွက် ဆီဒိုးနားဟိုတယ်ရန်ကုန်မှ ပထမဦးဆုံအကြိမ် စင်ကာပူ ရသာစုံဘူဖေးပွဲတော်ကြီးကို D’Cuisine စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ပေးနေပါတယ်။

သြဂုတ်လ ၉ ရက်နေ့တွင် ကျရောက်မယ့် ၅၃ နှစ်မြောက် စင်ကာပူအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ သြဂုတ်လ တစ်လလုံး နေ့စဉ်နေ့တိုင်း နေ့လယ်စာနှင့် ညစာစားချိန်တို့တွင် စင်ကာပူ ရသာစုံ ဘူဖေးပွဲတော်ကြီးကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ လာရောက်စားသုံးကြတဲ့ ဧည့်သည်တော်များအတွက် ကဏန်းအစပ်ဟင်း၊ စင်ကာပူစတိုင် ဟိုင်နမ်ကြက်ဆီ ထမင်း၊ ရှာလကာရည်ဝက်သားပေါင်းနှင့် ဆာတေး အစရှိတဲ့ စုံလင်လှသည့် စင်ကာပူစတိုင် ဟင်းပွဲများစွာဖြင့် ခမ်းနားထည်ဝါလှသော အစားအသောက်ပွဲတော်ကြီးတစ်ခုအဖြစ် တည်ခင်းပေးထားမှာပါ။

စင်ကာပူ ရသာစုံ ဘူဖေးပွဲတော်ကြီးတွင် စားဖိုမှူးကြီး Edmund Ng နှင့် မြန်မာစားဖိုမှူးများပါဝင်သည့် အချက်အပြုတ်အဖွဲ့မှ ပြင်ဆင်ချက်ပြုတ်ထားပြီး ဧည့်သည်တော်များ အနေဖြင့် အနံ့၊ အရသာနှင့် ပြည့်စုံကောင်းမွန်သော စင်ကာပူစတိုင် ဟင်းလျာများကို အရသာရှိရှိ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

“စင်ကာပူ အစားအစာတွေဟာ ဟင်းပွဲမျိုးစုံကို တမူထူးခြားတဲ့ အရသာရအောင် ပေါင်းစပ်ထားတာပါ။  မြန်မာလူမျိုး  တွေက အစားအသောက် ကောင်းကောင်းစားရတာကို ကြိုက်နှစ်သက်ကြပြီး  ဒေသခံတွေနဲ့ စင်ကာပူလူမျိုး ဧည့်သည်တွေဆီကလည်း ဆီဒိုးနားဟိုတယ်ရန်ကုန်မှာ တည်ခင်းထားတဲ့ စင်ကာပူ ဟင်းလျာတွေကို သဘောကျတဲ့ အကြောင်း မှတ်ချက်ကောင်းတွေ ရထားပါတယ်။ ကျွန်တော်တို့ရဲ့ စင်ကာပူ ရသာစုံ ဘူဖေးပွဲတော်ကြီးမှာ စင်ကာပူ အစားအသောက် ကြိုက်တဲ့သူဖြစ်ဖြစ်၊ စမ်းပြီး မြည်းစမ်းကြည့်ချင်ရင်ပဲ ဖြစ်ဖြစ် စားရကျိုးနပ်စေမယ့် ဟင်းပွဲတွေ အများကြီး ထည့်သွင်းထားလို့ လက်လွှတ်မခံသင့်တဲ့ ပွဲတော်တစ်ခုပါ။ ဒီပွဲကြီးမှာ တည်ခင်းထားတဲ့ စင်ကာပူစတိုင် ဟင်းပွဲတိုင်းကို တစ်ကယ့် စင်ကာပူ ဟင်းပွဲအရသာ စစ်စစ် ခံစားနိုင်အောင် ချက်ပြုတ်ထားပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဒေသထွက်ပစ္စည်းတွေကိုပဲ သေသေချာချာ ရွေးချယ်အသုံးပြုထားပါတယ်”ဟု ဆီဒိုးနားဟိုတယ်ရန်ကုန်၏ Executive Chef ဖြစ်သူ Edmund Ng က ပြောကြားခဲ့ပါတယ်။

စင်ကာပူ ရသာစုံ ဘူဖေးပွဲတော်ကြီးတွင် စားချင်စဖွယ် အရောင်အသွေး၊ အဆင်းအနံ့၊ အရသာတို့ဖြင့် ပြီးပြည့်စုံသည့် ချက်ပြုတ်ပြီး ဟင်းလျာများနှင့် ကိုယ်တိုင်ရွေးချယ် စီမံနိုင်သော လတ်ဆတ်သည့် အစားအစာများ အပါအဝင် Hot and Cold ဘူဖေးကောင်တာများလည်း ထားရှိပေးသွားမှာဖြစ်ပါတယ်။ ကြက်သားပေါင်း နှင့် အနံ့အရသာများ စိမ့်ဝင်နေစေရန် ချက်ပြုတ်ထားသော ထမင်းတို့ တွဲဖက်စားသုံးရပြီး စင်ကာပူ နိုင်ငံသားများ၏ အကြိုက်ဆုံး အစားအစာ တစ်မျိုးဖြစ်သည့် စင်ကာပူစတိုင် ဟိုင်နမ်ကြက်ဆီထမင်းကိုလည်း ပွဲတော်အတွင်း မြည်းစမ်းကြည့်နိုင်မှာပါ။ အစပ်ကြိုက်သည့် ဧည့်သည်တော်များအနေဖြင့် ငါးခေါင်းဟင်းရည်နှင့် ဂဏန်း ငရုတ်သီးဟင်း အစပ်တို့မှာ ရွေးချယ်သင့်သော ဟင်းပွဲများဖြစ်ပါတယ်။ ထို့အပြင် လတ်လတ်ဆတ်ဆတ် ကင်ထားသည့် ကြက်သား နှင့် အမဲသား ဆာတေးကိုလည်း သုံးဆောင်နိုင်မှာပါ။

အခြား နာမည်ကျော်ကြား လူကြိုက်များသည့် စင်ကာပူစတိုင် ဟင်းလျာများဖြစ်သော အနံ့အရသာဖြင့် ပြည့်စုံစေရန် ဝက်ရိုးနှင့် ပုဇွန်ခေါင်းပြုတ်ရည်ကို အသုံးပြုထားသည့် စင်ကာပူစတိုင် ခေါက်ဆွဲကြော် (Hokkien Mee), ဝက်နံရိုးကို  ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်များဖြင့် တရုတ်ရိုးရာ စွပ်ပြုတ်ပုံစံ ချက်ပြုတ်ထားသည့် ဝက်နံရိုးဟင်းရည် (Bak Kut The) တို့ကိုလည်း သုံးဆောင်နိုင်မည်ဖြစ်ပါတယ်။ ထို့အပြင် ပျစ်ပျစ်နှစ်နှစ်နှင့် အမြုပ်ထအောင် ဖျော်ထားသည့် Teh Tarik လက်ဖက်ရည် တစ်ခွက်ကိုလည်း အရသာရှိလှသည့် ဟင်းလျာများနှင့်အတူ တွဲဖက်သုံးဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။

ဆီဒိုးနားဟိုတယ်ရန်ကုန်မှ ဧည့်သည်တော်များအား စင်ကာပူ ရသာစုံ ဘူဖေးပွဲတော်ကြီးမှ အရသာစုံလင်သည့် စင်ကာပူဟင်းလျာများကို အားပါးတရ သုံးဆောင်နိုင်ဖို့အတွက် အခုပဲဖိတ်ခေါ်လိုက်ရပါတယ်။ ရသာစုံ ဘူဖေးပွဲတော်ကြီး တည်ခင်းထားတဲ့ အချိန်များမှာ –

နေ့လယ်စာ –

  • တနလာင်္နေ့မှသောကြာနေ့အထိ (နံနက် ၁၁ နာရီခွဲမှ နေ့လယ် ၂ နာရီခွဲ အထိ) – တစ်ဦးလျှင် ၂၅ ဒေါ်လာ (ဘီယာနှင့် ဝိုင် အခမဲ့ အပါအဝင်)
  • စနေ၊တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ (နံနက် ၁၁ နာရီခွဲမှ နေ့လယ် ၃ နာရီ အထိ) – တစ်ဦးလျှင်၃၃ ဒေါ်လာ (လတ်လတ်ဆတ်ဆတ် ပင်လယ်စာ ကောင်တာ၊ အသားကင် ကောင်တာ၊ ဝိုင် နှင့် စပါကလင်ဝိုင်အခမဲ့သောက်သုံးခွင့် နှင့် ရေကူးကန် အခမဲ့အသုံးပြုနိုင်ပါသည်။)

ညစာ –

  • တနလာင်္နေ့မှကြာသပတေးနေ့အထိ (ည ၆း၃၀ နာရီမှ ည ၁၀း၀၀ နာရီအထိ) – တစ်ဦးလျှင် ၃၃ ဒေါ်လာ
  • စနေ၊တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ (ည ၆း၃၀ နာရီမှ ည ၁၀း၀၀ နာရီအထိ) – တစ်ဦးလျှင်၃၆ ဒေါ်လာ (လတ်လတ်ဆတ်ဆတ် ပင်လယ်စာ ကောင်တာ၊ အသားကင် ကောင်တာ၊ ဝိုင် နှင့် ဘီယာ အခမဲ့အပါအဝင်)

၅၃ နှစ်မြောက် စင်ကာပူအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆီဒိုးနားဟိုတယ်ရန်ကုန်မှ အထူးဈေးနှုန်းဖြင့် ဘူဖေးဟင်းလျာများ သုံးဆောင်နိုင်မည့် အစီအစဉ်ကို သြဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ D’Cuisine စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ဧည့်သည်တော်များအနေဖြင့် ဆီဒိုးနားဟိုတယ်ရန်ကုန် ဖေ့စ်ဘုတ်စာမျက်နှာရှိ အထူးပရိုမိုးရှင်း အစီအစဉ်အကြောင်း ရေးသားထားသော ပိုစ့်အား “Like” နှင့် “Share”  ပြုလုပ်လိုက်ပါက နေ့စဉ် တည်ခင်းထားသည့် စင်ကာပူ ရသာစုံ ဘူဖေးပွဲတော်ကြီး၏ ညစာ သို့မဟုတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင် ရရှိနိုင်သော Signature Bubbly Brunch စသည်တို့ကို လူနှစ်ဦးလျင် အထူးဈေးနှုန်း ၅၃ ဒေါ်လာဖြင့် နှစ်သက်ရာ ရွေးချယ်သုံးဆောင်နိုင်မှာဖြစ်တာကြောင့် အချိန်မှီတုန်းလေး မြန်မြန်ဆန်ဆန် သွားရောက်သုံးဆောင်ကြပါအုံးလို့ တိုက်တွန်းလိုက်ပါတယ်နော်။