ဟမ်ဘာဂါမှာ အဓိကက အသားပါပဲ။ ဟမ်ဘာဂါကို ဆိုင်ကအရသာအတိုင်း အရသာရှိအောင် အိမ်မှာအလွယ်လုပ်စားလို့ရပါတယ်နော်။

 

ပါဝင်ပစ္စည်းများ

  • အမဲသား ၂ ပေါင်
  • ကြက်ဥ ၁ လုံး ( မွှေထားပါ )
  • ပေါင်မုန့်ခြောက် ¾ ခွက်
  • Evaporated Milk ၃ ဇွန်း
  • Worcestershire ဆော့စ် 2 ဇွန်း
  • ပဲငံပြာရည်  ⅛ လက်ဖက်ရည်ဇွန်း
  • ကြက်သွန်ဖြူ ၂မွှာ( နုတ်နုတ်စင်းထားပါ )

ပြုလုပ်နည်းအဆင့်ဆင့်

အားလုံးကိုစုပါ။ မီးဖိုကို အပူပေးထားပါ။

အမဲသား၊ ကြက်ဥ၊  ပေါင်မုန့်ခြောက်၊    Evaporated Milk ၊ Worcestershire ၊ ပဲငံပြာရည်၊ ကရန်းငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူတို့ကို ပန်းကန်လုံးကြီးတစ်လုံးထဲတွင် လက်နဲ့ သမအောင် ရောမွှေထားပါ။

ရောထားပြီးသားကို အသားလုံး ၈ လုံးရအောင် လုံးလိုက်ပါ။

အကင်ဆန်ခါကို ဆီအနည်းငယ် သုတ်ပါ။ အညိုရောင်သန်းပြီး တဲ့အထိ ကင်ပြီး တစ်ခြမ်းကို ၅ မိနစ်ခန့်ထားပါ။

ဒါဆိုရင်တော့ ဘာဂါလုပ်ဖို့အတွက် တကယ်ကိုအရသာရှိတဲ့အသားရပါပြီနော်။