မင်္ဂလာပါရှင့်…. ဂျပန်နိုင်ငံမှာလူကြိုက်များပြီး  ကိုယ်ကြိုက်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အမျိုးမျိုးပြောင်းလဲပြီး အရသာရှိရှိစားလို့ရတဲ့ Okonomiyaki လို့ခေါ်တဲ့ ဒီပန်ကိတ်လေးကို အိမ်မှာ အလွယ်လုပ်စားလို့ရပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥကြီး ၃လုံး
  • ရေ ¼ ခွက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် ¾ ခွက်
  • Baking Powder လက်ဖက်ရည်ဇွန်း ¼ ဇွန်း
  • ပါးပါးလှီးထားတဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်
  • ပါးပါးလှီးထာတဲ့ ကြက်သွန်နီ
  • Canola ဆီ 1 ဇွန်း
  • Mayonnaise 2 ဇွန်း
  • Sriracha လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေညှိခြောက် အနည်းငယ်

 

ချက်ပြုတ်နည်းအဆင့်ဆင့်

  • ကြက်ဥ၊ ရေ၊ ပဲငံပြာရည်တို့ကို ပန်းကန်လုံးကြီးတစ်လုံးထဲတွင် မွှေပါ။ ဂျုံမှုန့်နဲ့ Baking Powder တို့ကို  Smooth ဖြစ်တဲ့အထိ ရောပေးပါ။ ဂေါ်ဖီထုပ်နဲ့ ကြက်သွန်နီတို့လည်း ရောထားပေးပါ။
  • ဒယ်အိုးထဲမှာ ဆီအပူပေးပါ။ ဆီပူလာရင် ရောထားတဲ့ဂေါ်ဖီအရောကိုထည့်ပြီး ဖြန့်လိုက်ပါ။ အောက်ခြေညိုလာတဲံအထိ ၈ မိနစ်ကနေ ၁၀ မိနစ်အထိ ဒယ်အိုးကို ခဏခဏလှုပ်ပြီး အဖုံးအုပ် ချက်ပြုတ်ပါ။ ပြီးရင်‌ ပြောင်းပြန်လှန်ပေးပါ။
  • ဒီအချိန်မှာ ပန်းကန်သေးသေးတစ်လုံးထဲမှာ Mayonnaise နဲ့ Sriracha ကို ရောမွှေလိုက်ပါ။
  • Okonomiyaki ကို ပန်းကန်ပြားတစ်ခုထဲ ထည့်လိုက်ပါ။ ရောထားတဲ့ Sriracha-mayonnaise ကို အပေါ်ကနေ ဇစ်ဇတ်ပုံစံ ဆမ်းပေးပါ။ လှီးထားတဲ့ ကြက်သွန်မြိတ် ရေညှိတို့နဲ့ အလှဆင်ပြီး အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။