အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးထောင်းနဲ့ အစပ်အရသာလေး ပေးစွမ်းနိုင်တဲ့ ကိုရီးယား ကြက်ကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြင်ဆင်ချက်ပြုတ်ပြီး ကြော်လှော်ရတာ အချိန်သိပ်မပေးရတဲ့အတွက်ကြောင့် အားလုံး အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။

ပြင်ဆင်ချိန် – ၁၅ မိနစ်

ချက်ပြုတ်ချိန် – ၁၅ မိနစ်

ကြာချိန် – ၃၀ မိနစ်

အာလူးအမျိုးအစား – ရေဓါတ်ထုတ်ထားသောအာလူး

ပွဲအရေအတွက် – ၂

ချက်ပြုတ်နည်း – အပြုတ်/ဆီပူထိုး

ဟင်းပွဲ – အဓိကဟင်းပွဲ

ဟင်းလျာအမျိုးအစား – အာရှအစားအစာ

ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes – ၁၀၀ ဂရမ်
  • နွားနို့ (သို့) ရေ – ၅၀၀ မီလီလီတာ
  • ထောပတ် – ၁ လ္ဘက်ရည်ဇွန်း
  • ကြက်ရင်အုံသား – ၁၀၀ ဂရမ်
  • ကိုရီးယားငြုပ်သီးအနှစ် – ၁၀ ဂရမ်
  • ပျားရည် – ၁ လ္ဘက်ရည်ဇွန်း
  • ဂျုံမှုန့် – ၂ စားပွဲဇွန်း
  • ကော်မှုန့် – ၂ စားပွဲဇွန်း
  • ဆား – အနည်းငယ်
  • ငရုပ်ကောင်း – အနည်းငယ်
  • ကြက်သွန်မိတ် (ပါးပါးလှီး) – ၁ စားပွဲဇွန်း
  • နှမ်း – ၁ လ္ဘက်ရည်ဇွန်း
  • ရေ – အနည်းငယ်
  • ဆလပ်ရွက် (အလှဆင်ရန်) – အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

အာလူးထောင်းပြုလုပ်နည်း

1. မီးဖိုပေါ်တွင် နွားနို့ကို ဆူလာသည်အထိအပူပေးထားပါ။ ဆူလာလျှင် U.S. Dehydrated Potato Flakesထည့်ပါ။ အမှုန့်မခဲအောင် မွှေတံနှင့်သေချာလေးနှံ့စပ်အောင်မွှေပေးပါ။ ပြီးလျှင် ထောပတ်၊ ဆားနှင့်ငရုပ်ကောင်းထည့်ပါ။ လိုချင်သည့်အရသာရပြီဆိုလျှင်အာလူးထောင်းရပါပြီ။

2. ကြက်ရင်အုံသားကို အတုံးလေးတွေလှီးပြီး အရသာနယ်ပါ။ ရေအနည်းငယ်နဲ့ ကော်မှုန့်နှင့် ဂျုံမှုန့်ကိုရောပြီး ဖျော်ထားပါ။ ပြီးလျှင် နယ်ထားသော ကြက်သားနဲ့ကပ်ပြီး ဆီပူထဲတွင် Pan Fried လေး ကြော်ထားပါ။

ကိုရီးယား ချီလီဆော့(စ်)ချက်နည်း

1. ဒယ်အိုးကို မီးအပူပေးပြီး ကိုးရီးယားငြုတ်သီးအနှစ်ထည့်ပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ပျားရည်ပါ တခါတည်းထည့်ပြီး ဆူလာလျှင် ဆော့စ်အနှစ်လေးဖြစ်လာသည်အထိ မီးမျှင်းမျှင်းနဲ့ ချက်ပါ။ ပြီးလျှင် ကြော်ထားသောကြက်သားနှင့်ရောလိုက်ပါ၊ အပေါ်မှ နှမ်းနှင့်ကြက်သွန်ဖြူ ဖြူးထည့်ပေးပါ။

ပန်းကန်ပေါ်တွင် အလှဆင်ပြင်ဆင်ခြင်း

ပန်းကန်ထဲသို့ အာလူးထောင်းကိုထည့်ပြီး ကြော်ထားသော ကိုရီးယားကြက်ကြော်လေး တင်ပါ။ ဆလပ်ရွက်လေးနှင့်အလှဆင်ပြီး၊ အပေါ်မှနှမ်းနှင့်ကြက်သွန်မိတ်ဖြူးပြီး တည်းခင်းကျွေးမွေး နိုင်ပါသည်။

Chef Moe Moe Khaing