[Unicode]

လွန်ခဲ့သော နှစ် ၂၀ အတွင်း စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းတွေနှင့် ပတ်သက်သည့် သတင်း အကြောင်းအရာ၊ အချက်အလက်တွေကို လျင်မြန်စွာနှင့် ယုံကြည်စိတ်ချစွာ ရှာဖွေစုံစမ်းဖို့ရန်အတွက် အကောင်းဆုံးနည်းလမ်းအနေနဲ့ Websites တွေကိုသာ အသုံးပြုခဲ့ကြရပါတယ်။ သို့သော်လည်း Chatbot Intelligence ရဲ့လျင်မြန်သောတိုးတက်မှု၊ မိုဘိုင်းလ်ပလက်ဖောင်းများ၊ စာတိုပေးပို့ရေး အက်ပလီကေး ရှင်းများရဲ့ တဟုန်တိုးပေါ်ထွက်လာမှုတို့ကြောင့် Chatbots ၏ အကူအညီဖြင့် စားသုံးသူများထံသို့ အဆင် ပြေချောမွေ့သော ဝန်ဆောင်မှုနှင့် စားသုံးသူများမေးမြန်းသော မေးခွန်းအားလုံးနီးပါးကို အချိန်နှင့်အမျှ ပြန်လည်ဖြေကြားနိုင်ခဲ့ပြီး အကျိုးကျေးဇူးအနေနဲ့ သမရိုးကျလွန်းသော စီးပွားရေးဝက်ဘ်ဆိုဒ်များသည်လည်းပဲ စားသုံးသူများအတွက် ပြီးပြည့်စုံသော ဝန်ဆောင်မှုတစ်ခု ဖန်တီးပေးနိုင်ခဲ့ပါတယ်။ စားသုံးသူတွေရဲ့ယုံကြည်မှုနဲ့ စွဲမြဲခိုင်မာတဲ့အားပေးမှုတို့ကို ရရှိဖို့အတွက် ဝန်ဆောင်မှုပိုင်းဆိုင်ရာက အဓိကအကျဆုံးဖြစ်တဲ့အတွက်ကြောင့် စားသောက်ဆိုင်များကလည်း ဧည့်သည်ဝန်ဆောင်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်လာလျှင် ဧည့်သည်မျှော်မှန်းထားသမျှကို ဖြည့်ဆည်းပေးနိုင်ဖို့ကို ပဓာနထားလာကြပါတယ်။ ဈေးကွက်စီးပွားရေးကို ချဲ့ထွင်နိုင်ဖို့ရန်အတွက် သူတို့ရဲ့အွန်လိုင်းဝန်ဆောင်မှုမှ အပြစ်အနာဆာကင်းသော ဝန်ဆောင်မှုကို ဖန်တီးပေးနိုင်ဖို့ရန်အတွက် အဓိကပန်းတိုင်တစ်ခုဖြစ်လာပါတယ်။

(http://m.me/ShweSaBwe)

Alice ကတော့ စားသောက်ဆိုင်အသစ်တွေကို သွားရောက်မလည်ပတ်ခင်မှာ ဦးဆုံးအနေနဲ့ ကြိုတင် ရှာဖွေမှုတွေပြုလုပ်ချင်သည့် စားသုံးသူများအတွက် ပိုမိုလွယ်ကူစေမယ့် Bots တွေထဲက တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ စားသောက်ဆိုင်နှင့်ပတ်သက်သည့် သိလိုသမျှ မေးခွန်းတွေကို ဖြေဆိုပေးမှာဖြစ်၍ စားသုံးသူများအနေနှင့်လည်း Messenger မှတဆင့် ကြိုတင်စာရင်းပေးခြင်းကိုလည်း တိုက်ရိုက်လုပ် နိုင်မှာဖြစ်ပါတယ်။ ကြိုတင်စာရင်းပေးခြင်းတွေကို စီမံခြင်းနှင့် စားသုံးသူများ၏ အမှာစာတွေ လက်ခံခြင်း တို့ကို တစ်ချိန်တည်းမှာ ပြုလုပ်ဖို့ဆိုသည်မှာ အချိန်အင်မတန်ပေးရမှာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ စားသောက်ဆိုင်မှာ ရွေးချယ်မှုအများကြီးရှိပြီး အိမ်ကိုသယ်သွားကြမည့် အမှာစာတွေရှိချိန်ဆို ကိစ္စတွေကို ပိုပြီးတော့ရှုပ်ထွေးစေပါလိမ့်မယ်။ လူဆိုတာ အမှားနဲ့မကင်းသည့်အတွက် တစ်ချိန်ချိန်မှာတော့ အော်ဒါတွေနဲ့ပတ်သက်လို့ အမှားလုပ်ကိုလုပ်မိနိုင်ပါတယ်။

(http://m.me/ShweSaBwe)

Alice ကို အသုံးပြုမယ်ဆိုရင်တော့ စားသုံးသူများအနေနဲ့ ကြိုတင်ဘိုကင်တင်ဖို့အတွက် ဖုန်းခေါ်ရ တာမျိုးတွေ၊ မီနူးကြည့်ရတာမျိုးတွေ၊ စားပွဲထိုးကို စောင့်နေရတာမျိုးတွေကို လုပ်ဖို့မလိုအပ်တော့ပါဘူး။ အကောင်းဆုံးကတော့ ဘယ် App ကို ဒေါင်းလုတ်လုပ်ပါဆိုပြီး စားသုံးသူကို တိုက်တွန်းနေစရာ မလို အပ်ခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို ဆိုင်ရှိ မီနူးတွေအားလုံး မှတ်ထားဖို့အတွက် ညွှန်ကြားနေရ ခြင်းနှင့် ဘယ်အစားအသောက်က ကောင်းပါတယ်ဆိုပြီးတော့ အကြံပြုစရာလည်း မလိုအပ်တော့သည့် အတွက် Chatbots တွေက အားလုံးအတွက် ပိုမိုကောင်းမွန်သည့် ဖြေရှင်းချက်တစ်ခုဖြစ်နိုင်ပါတယ်။ Alice မှတဆင့် ဆိုင်ရှိအစားအသောက်များအားလုံးကို မြင်တွေ့နိုင်မှာဖြစ်၍ Reservation လုပ်ပြီးနောက်မှာတော့ ကြိုက်နှစ်သက်ရာ အစားအစာကို မှာယူနိုင်မှာဖြစ်ပါတယ်။

(http://m.me/CasaMiaItalianYangon)

ဒါ့အပြင် Website သို့ သွားစရာမလိုဘဲနဲ့ စားသောက်ဆိုင်နှင့်ပတ်သက်သမျှ အကြောင်းအရာအားလုံးကိုလည်း Alice က အသေးစိတ်ရှင်းပြ၊ ပြောပြပေးဦးမှာပါ။ Messenger မှနေ၍ ဓာတ်ပုံပြခန်းကို ရွေးချယ်နိုင်ကာ စားသောက်ဆိုင်၏ ဓာတ်ပုံလှလှလေးတွေ၊ အစားအသောက်တွေ၊ ကျင်းပခဲ့သည့် ပွဲလေးတွေအကြောင်း ပြသရင်းဖြင့် မိတ်ဟောင်းမိတ်သစ်တွေအားလုံးကို အစားအသောက်တွေ ခင်းကျင်းပြင်ဆင်ထားမှုကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Messenger မှတဆင့် စားသောက်ဆိုင်ကို လေ့လာကြည့်ရှုနိုင်ရုံသာမက စားသုံးသူ၏ တုံ့ပြန်ချက်တွေကိုပါ လက်ခံသည့်အတွက် စိတ်ကျေနပ်မှုကို သိသိသာသာ မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

စားသောက်ဆိုင်နှင့် ဆက်စပ်သည့်မေးခွန်းများ၊ ကမ်းလှမ်းချက်အသစ်များ၊ ပွဲစဉ်များနှင့် စားသောက် ဆိုင်အတွင်း ဖြစ်ပွားနေသည့် ပြောင်းလဲမှုတွေ စသဖြင့် သိလိုသမျှအားလုံးကို ဖြေဆိုနိုင်ဖို့အတွက် Bots က ကူညီပေးမှာပါ။ ဒါ့အပြင် ဆိုင်ရဲ့မိတ်ဟောင်းတွေကို Alice က အမြဲမှတ်မိနေသည့်အတွက် E-mail, Facebook, Messenger နှင့် စာသားမက်ဆေ့ခ်ျများမှတစ်ဆင့် အထူးကမ်းလှမ်းချက်တွေပေးပို့ရင်း ထပ်မံလာရောက်ဖို့အတွက် ဖိတ်ခေါ်ပေးဦးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စားသောက်ဆိုင်များရှိ အထူးအစီအစဉ်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုနိုင်ပြီး ကြိုတင်ဘိုကင်တင်ဖို့အတွက် ကူညီပေးမှာပါ။

(http://m.me/CasaMiaItalianYangon)

စားသောက်ဆိုင်တွေမှာ အသုံးပြုတဲ့ Chatbots တွေဟာဆိုရင် Customer က အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်စားသောက်ဆိုင်ထဲမှာပဲဖြစ်ဖြစ် ရှိနေစဉ်အတွင်းမှာ ဝန်ထမ်းအင်အား ထပ်လောင်းသုံးစရာမလိုဘဲ Customer စိတ်ကျေနပ်မှုပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြပါတယ်။ စားသုံးသူတွေကို Recommend ပေးခြင်း၊ အော်ဒါကောက်ခြင်း၊ အစားအစာများ ခင်းကျင်းပေးခြင်းနဲ့ သိလိုသည့်မေးခွန်းများ ပြန်လည်ဖြေကြားပေးခြင်းအားလုံးတို့ကို Chatbots မှတဆင့် စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်လွယ်ကူကူ မှာယူစေနိုင်ပါတယ်။

http://m.me/ThePenthouseYangon )

Alice ဟာ Customer တွေကို ၂၄ နာရီမပြတ် ဝန်ဆောင်မှုပေးရာမှာ အကူအညီဖြစ်စေတဲ့အပြင် ကိုယ့်စားသောက်ဆိုင်ကိုလည်း လူစိတ်ဝင်စားလာစေနိုင်ပါတယ်။ ဒီဘက်ခေတ်စားသုံးသူတွေအတွက် Reviews တွေက အရေးပါလာတာကြောင့် Yelp နှင့်TripAdvisor တို့လို Sites တွေမှာ ရေးသားခဲ့တဲ့ Feedback တွေပေါ်မူတည်ပြီးတော့ Customer အသစ်တွေက ဆုံးဖြတ်ချက်ချမှတ်မှာဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ Review တွေရဖို့ဆိုတာ အရေးပါတာမှန်သော်ငြားလည်း Customer တစ်ယောက်စီတိုင်းကို လိုက်လံမေးမြန်းနေဖို့ဆိုတာ အချိန်အတော်ယူနိုင်တာကြောင့် မဖြစ်နိုင်တဲ့ကိစ္စတစ်ရပ်ပါ။ သို့သော်လည်း Alice ကနေတဆင့် Customer တွေရဲ့ Feedback တွေကို ထည့်သွင်းနိုင်သလို စားသောက်ဆိုင်ရဲ့ စီမံခန့်ခွဲမှုပိုင်းနဲ့ပတ်သက်ပြီးလည်း ဝန်ဆောင်မှုပိုင်းဆိုင်ရာတွေအတွက် တောင်းဆိုမှုတွေ ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။

(http://m.me/CasaMiaItalianYangon)

ဆိုင်ရှင်တွေရဲ့Website၊ App နှင့် Facebook, Twitter တို့လို Social Media တွေမှာ chatbots တွေကို ထိထိရောက်ရောက် သုံးစွဲခြင်းက Customer တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးနိုင်ကာ အမြဲတသမတ်ထဲ လုပ်ဆောင်ရတဲ့ တာဝန်တွေကိုလည်း 100% အမှားအယွင်းမရှိ တိကျစွာ ဆောင်ရွက်စေနိုင်မှာဖြစ်ပါတယ်။ လူသားတွေအနေနဲ့ တခါတရံမှာ အလွဲအမှားလေးတွေ ပြုလုပ်မိနိုင်ပေမယ့်လည်း Bots တွေကတော့ ၂၄ နာရီမပြတ် မှန်ကန်တိကျတဲ့ အဖြေတွေကိုသာ ပြန်လည်ပြောဆိုပေးမှာဖြစ်ပါတယ်။ ဥပမာ သင်က စားသောက်ဆိုင်ရဲ့တည်နေရာကို သိချင်တယ်ဆိုပါစို့။ Alice က သင့်အတွက် မြေပုံနှင့်တကွ လမ်းညွှန်တွေကိုပါပို့ပေးနိုင်လို့ အခက်အခဲမရှိ သွားရောက်ရှာဖွေပြီး စားသောက်နိုင်ပါတယ်။ ဒီလိုနေရာမှာ သာမန်ဝန်ထမ်းတစ်ယောက်ဆိုရင်တော့ သင်လိုအပ်တိုင်းမှာ အပြည့်အဝ ကူညီချင်မှ ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Alice က စားသုံးသူတွေအတွက်သာမက အလုပ်အကိုင်အခွင့်လမ်းတွေကိုပါ ဖော်ပြပေးတာကြောင့် သင်သဘောကျတဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်ချင်တယ်ဆိုရင်လည်း လူကိုယ်တိုင်သွားရောက်စုံစမ်းနေစရာမလိုဘဲ Online ပေါ်ကတဆင့် Form ဖြည့်ပြီးလျှောက်ထားနိုင်ပါတယ်။

(http://m.me/CasaMiaItalianYangon)

၂၁ ရာစုရဲ့တိုးတက်ပြောင်းလဲလာတဲ့ ခေတ်သစ်မျိုးဆက်တွေမှာဆိုရင် လူတွေနဲ့တိုက်ရိုက်ပြောဆိုဆက်ဆံ မှုတွေကို မလိုလားကြတာများတဲ့အတွက် Bots တွေက အံကိုက်ပါပဲ။ ဘာလို့လဲဆိုတော့ အစားအသောက်ကလွဲရင် ကျန်တဲ့အရာတွေကို ဒစ်ဂျစ်တယ်ခေတ်နဲ့အညီ Bots တွေက ဆောင်ရွက်ပေးနိုင်လို့ပါ။ ဒါကြောင့် စားသောက်ဆိုင်အတော်များများမှာ စားသုံးသူတွေရဲ့ အမူအကျင့်နဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်လာဖို့ ဒစ်ဂျစ်တယ်နည်းပညာတွေကို ခေတ်နဲ့တပြေးညီ ကျင့်သုံးကြဖို့ လိုအပ်လာပါတယ်။ Alice လို Chatbot တွေကိုသုံးစွဲတဲ့ စားသောက်ဆိုင်များအနေနဲ့ဆိုရင်တော့ စားသုံးသူတွေရဲ့ စိတ်တိုင်းကျနှစ်သက်မှုကို ရရှိလာနိုင်တဲ့အပြင် ငွေကုန်ကြေးကျသက်သာတဲ့ နည်းပညာကိုအသုံးပြုခြင်းဖြစ်လို့ စီးပွားရေးအခြေနေတွေ တိုးတက်လာနိုင်ပြီး အမြတ်အစွန်းတွေလည်း တိုးပွားလာမှာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Misfit Technologies ဟာ မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားပြီး Customer တွေအတွက် Al နည်းပညာသုံး Chatbots ဖြင့်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

[Zawgyi]

လြန္ခဲ့ေသာ ႏွစ္ ၂၀ အတြင္း စားသုံးသူမ်ားအေနျဖင့္ စီးပြားေရးလုပ္ငန္းေတြႏွင့္ ပတ္သက္သည့္ သတင္း အေၾကာင္းအရာ၊ အခ်က္အလက္ေတြကို လ်င္ျမန္စြာႏွင့္ ယုံၾကည္စိတ္ခ်စြာ ရွာေဖြစုံစမ္းဖို႔ရန္အတြက္ အေကာင္းဆုံးနည္းလမ္းအေနနဲ႔ Websites ေတြကိုသာ အသုံးျပဳခဲ့ၾကရပါတယ္။ သို႔ေသာ္လည္း Chatbot Intelligence ရဲ႕လ်င္ျမန္ေသာတိုးတက္မႈ၊ မိုဘိုင္းလ္ပလက္ေဖာင္းမ်ား၊ စာတိုေပးပို႔ေရး အက္ပလီေကး ရွင္းမ်ားရဲ႕ တဟုန္တိုးေပၚထြက္လာမႈတို႔ေၾကာင့္ Chatbots ၏ အကူအညီျဖင့္ စားသုံးသူမ်ားထံသို႔ အဆင္ ေျပေခ်ာေမြ႕ေသာ ဝန္ေဆာင္မႈႏွင့္ စားသုံးသူမ်ားေမးျမန္းေသာ ေမးခြန္းအားလုံးနီးပါးကို အခ်ိန္ႏွင့္အမွ် ျပန္လည္ေျဖၾကားႏိုင္ခဲ့ၿပီး အက်ိဳးေက်းဇူးအေနနဲ႔ သမ႐ိုးက်လြန္းေသာ စီးပြားေရးဝက္ဘ္ဆိုဒ္မ်ားသည္လည္းပဲ စားသုံးသူမ်ားအတြက္ ၿပီးျပည့္စုံေသာ ဝန္ေဆာင္မႈတစ္ခု ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ စားသုံးသူေတြရဲ႕ယုံၾကည္မႈနဲ႔ စြဲၿမဲခိုင္မာတဲ့အားေပးမႈတို႔ကို ရရွိဖို႔အတြက္ ဝန္ေဆာင္မႈပိုင္းဆိုင္ရာက အဓိကအက်ဆုံးျဖစ္တဲ့အတြက္ေၾကာင့္ စားေသာက္ဆိုင္မ်ားကလည္း ဧည့္သည္ဝန္ေဆာင္မႈပိုင္းဆိုင္ရာႏွင့္ ပတ္သက္လာလွ်င္ ဧည့္သည္ေမွ်ာ္မွန္းထားသမွ်ကို ျဖည့္ဆည္းေပးႏိုင္ဖို႔ကို ပဓာနထားလာၾကပါတယ္။ ေဈးကြက္စီးပြားေရးကို ခ်ဲ႕ထြင္ႏိုင္ဖို႔ရန္အတြက္ သူတို႔ရဲ႕အြန္လိုင္းဝန္ေဆာင္မႈမွ အျပစ္အနာဆာကင္းေသာ ဝန္ေဆာင္မႈကို ဖန္တီးေပးႏိုင္ဖို႔ရန္အတြက္ အဓိကပန္းတိုင္တစ္ခုျဖစ္လာပါတယ္။

(http://m.me/ShweSaBwe)

Alice ကေတာ့ စားေသာက္ဆိုင္အသစ္ေတြကို သြားေရာက္မလည္ပတ္ခင္မွာ ဦးဆုံးအေနနဲ႔ ႀကိဳတင္ ရွာေဖြမႈေတြျပဳလုပ္ခ်င္သည့္ စားသုံးသူမ်ားအတြက္ ပိုမိုလြယ္ကူေစမယ့္ Bots ေတြထဲက တစ္ခုအပါ အဝင္ျဖစ္ပါတယ္။ စားေသာက္ဆိုင္ႏွင့္ပတ္သက္သည့္ သိလိုသမွ် ေမးခြန္းေတြကို ေျဖဆိုေပးမွာျဖစ္၍ စားသုံးသူမ်ားအေနႏွင့္လည္း Messenger မွတဆင့္ ႀကိဳတင္စာရင္းေပးျခင္းကိုလည္း တိုက္႐ိုက္လုပ္ ႏိုင္မွာျဖစ္ပါတယ္။ ႀကိဳတင္စာရင္းေပးျခင္းေတြကို စီမံျခင္းႏွင့္ စားသုံးသူမ်ား၏ အမွာစာေတြ လက္ခံျခင္း တို႔ကို တစ္ခ်ိန္တည္းမွာ ျပဳလုပ္ဖို႔ဆိုသည္မွာ အခ်ိန္အင္မတန္ေပးရမွာျဖစ္ပါတယ္။ အထူးသျဖင့္ ကိုယ့္ရဲ႕ စားေသာက္ဆိုင္မွာ ေ႐ြးခ်ယ္မႈအမ်ားႀကီးရွိၿပီး အိမ္ကိုသယ္သြားၾကမည့္ အမွာစာေတြရွိခ်ိန္ဆို ကိစၥေတြကို ပိုၿပီးေတာ့ရႈပ္ေထြးေစပါလိမ့္မယ္။ လူဆိုတာ အမွားနဲ႔မကင္းသည့္အတြက္ တစ္ခ်ိန္ခ်ိန္မွာေတာ့ ေအာ္ဒါေတြနဲ႔ပတ္သက္လို႔ အမွားလုပ္ကိုလုပ္မိႏိုင္ပါတယ္။

(http://m.me/ShweSaBwe)

Alice ကို အသုံးျပဳမယ္ဆိုရင္ေတာ့ စားသုံးသူမ်ားအေနနဲ႔ ႀကိဳတင္ဘိုကင္တင္ဖို႔အတြက္ ဖုန္းေခၚရ တာမ်ိဳးေတြ၊ မီႏူးၾကည့္ရတာမ်ိဳးေတြ၊ စားပြဲထိုးကို ေစာင့္ေနရတာမ်ိဳးေတြကို လုပ္ဖို႔မလိုအပ္ေတာ့ပါဘူး။ အေကာင္းဆုံးကေတာ့ ဘယ္ App ကို ေဒါင္းလုတ္လုပ္ပါဆိုၿပီး စားသုံးသူကို တိုက္တြန္းေနစရာ မလို အပ္ျခင္းပဲျဖစ္ပါတယ္။ ကိုယ့္ရဲ႕ဝန္ထမ္းေတြကို ဆိုင္ရွိ မီႏူးေတြအားလုံး မွတ္ထားဖို႔အတြက္ ၫႊန္ၾကားေနရ ျခင္းႏွင့္ ဘယ္အစားအေသာက္က ေကာင္းပါတယ္ဆိုၿပီးေတာ့ အႀကံျပဳစရာလည္း မလိုအပ္ေတာ့သည့္ အတြက္ Chatbots ေတြက အားလုံးအတြက္ ပိုမိုေကာင္းမြန္သည့္ ေျဖရွင္းခ်က္တစ္ခုျဖစ္ႏိုင္ပါတယ္။ Alice မွတဆင့္ ဆိုင္ရွိအစားအေသာက္မ်ားအားလုံးကို ျမင္ေတြ႕ႏိုင္မွာျဖစ္၍ Reservation လုပ္ၿပီးေနာက္မွာေတာ့ ႀကိဳက္ႏွစ္သက္ရာ အစားအစာကို မွာယူႏိုင္မွာျဖစ္ပါတယ္။

(http://m.me/CasaMiaItalianYangon)

ဒါ့အျပင္ Website သို႔ သြားစရာမလိုဘဲနဲ႔ စားေသာက္ဆိုင္ႏွင့္ပတ္သက္သမွ် အေၾကာင္းအရာအားလုံးကိုလည္း Alice က အေသးစိတ္ရွင္းျပ၊ ေျပာျပေပးဦးမွာပါ။ Messenger မွေန၍ ဓာတ္ပုံျပခန္းကို ေ႐ြးခ်ယ္ႏိုင္ကာ စားေသာက္ဆိုင္၏ ဓာတ္ပုံလွလွေလးေတြ၊ အစားအေသာက္ေတြ၊ က်င္းပခဲ့သည့္ ပြဲေလးေတြအေၾကာင္း ျပသရင္းျဖင့္ မိတ္ေဟာင္းမိတ္သစ္ေတြအားလုံးကို အစားအေသာက္ေတြ ခင္းက်င္းျပင္ဆင္ထားမႈကို မိတ္ဆက္ေပးသြားမွာျဖစ္ပါတယ္။ Messenger မွတဆင့္ စားေသာက္ဆိုင္ကို ေလ့လာၾကည့္ရႈႏိုင္႐ုံသာမက စားသုံးသူ၏ တုံ႔ျပန္ခ်က္ေတြကိုပါ လက္ခံသည့္အတြက္ စိတ္ေက်နပ္မႈကို သိသိသာသာ ျမႇင့္တင္ႏိုင္မွာျဖစ္ပါတယ္။

စားေသာက္ဆိုင္ႏွင့္ ဆက္စပ္သည့္ေမးခြန္းမ်ား၊ ကမ္းလွမ္းခ်က္အသစ္မ်ား၊ ပြဲစဥ္မ်ားႏွင့္ စားေသာက္ ဆိုင္အတြင္း ျဖစ္ပြားေနသည့္ ေျပာင္းလဲမႈေတြ စသျဖင့္ သိလိုသမွ်အားလုံးကို ေျဖဆိုႏိုင္ဖို႔အတြက္ Bots က ကူညီေပးမွာပါ။ ဒါ့အျပင္ ဆိုင္ရဲ႕မိတ္ေဟာင္းေတြကို Alice က အၿမဲမွတ္မိေနသည့္အတြက္ E-mail, Facebook, Messenger ႏွင့္ စာသားမက္ေဆ့ခ္်မ်ားမွတစ္ဆင့္ အထူးကမ္းလွမ္းခ်က္ေတြေပးပို႔ရင္း ထပ္မံလာေရာက္ဖို႔အတြက္ ဖိတ္ေခၚေပးဦးမွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ စားေသာက္ဆိုင္မ်ားရွိ အထူးအစီအစဥ္ေတြက ဘာေတြလဲဆိုတာ ၾကည့္ရႈႏိုင္ၿပီး ႀကိဳတင္ဘိုကင္တင္ဖို႔အတြက္ ကူညီေပးမွာပါ။

(http://m.me/CasaMiaItalianYangon)

စားေသာက္ဆိုင္ေတြမွာ အသုံးျပဳတဲ့ Chatbots ေတြဟာဆိုရင္ Customer က အြန္လိုင္းေပၚမွာပဲျဖစ္ျဖစ္၊ ကိုယ့္စားေသာက္ဆိုင္ထဲမွာပဲျဖစ္ျဖစ္ ရွိေနစဥ္အတြင္းမွာ ဝန္ထမ္းအင္အား ထပ္ေလာင္းသုံးစရာမလိုဘဲ Customer စိတ္ေက်နပ္မႈပိုမိုရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ၾကပါတယ္။ စားသုံးသူေတြကို Recommend ေပးျခင္း၊ ေအာ္ဒါေကာက္ျခင္း၊ အစားအစာမ်ား ခင္းက်င္းေပးျခင္းနဲ႔ သိလိုသည့္ေမးခြန္းမ်ား ျပန္လည္ေျဖၾကားေပးျခင္းအားလုံးတို႔ကို Chatbots မွတဆင့္ စိတ္လက္ေပါ့ပါးစြာျဖင့္ လြယ္လြယ္ကူကူ မွာယူေစႏိုင္ပါတယ္။

http://m.me/ThePenthouseYangon )

Alice ဟာ Customer ေတြကို ၂၄ နာရီမျပတ္ ဝန္ေဆာင္မႈေပးရာမွာ အကူအညီျဖစ္ေစတဲ့အျပင္ ကိုယ့္စားေသာက္ဆိုင္ကိုလည္း လူစိတ္ဝင္စားလာေစႏိုင္ပါတယ္။ ဒီဘက္ေခတ္စားသုံးသူေတြအတြက္ Reviews ေတြက အေရးပါလာတာေၾကာင့္ Yelp ႏွင့္TripAdvisor တို႔လို Sites ေတြမွာ ေရးသားခဲ့တဲ့ Feedback ေတြေပၚမူတည္ၿပီးေတာ့ Customer အသစ္ေတြက ဆုံးျဖတ္ခ်က္ခ်မွတ္မွာျဖစ္ပါတယ္။ အျပဳသေဘာေဆာင္တဲ့ Review ေတြရဖို႔ဆိုတာ အေရးပါတာမွန္ေသာ္ျငားလည္း Customer တစ္ေယာက္စီတိုင္းကို လိုက္လံေမးျမန္းေနဖို႔ဆိုတာ အခ်ိန္အေတာ္ယူႏိုင္တာေၾကာင့္ မျဖစ္ႏိုင္တဲ့ကိစၥတစ္ရပ္ပါ။ သို႔ေသာ္လည္း Alice ကေနတဆင့္ Customer ေတြရဲ႕ Feedback ေတြကို ထည့္သြင္းႏိုင္သလို စားေသာက္ဆိုင္ရဲ႕ စီမံခန႔္ခြဲမႈပိုင္းနဲ႔ပတ္သက္ၿပီးလည္း ဝန္ေဆာင္မႈပိုင္းဆိုင္ရာေတြအတြက္ ေတာင္းဆိုမႈေတြ ျပဳလုပ္လာႏိုင္မွာျဖစ္ပါတယ္။

(http://m.me/CasaMiaItalianYangon)

ဆိုင္ရွင္ေတြရဲ႕Website၊ App ႏွင့္ Facebook, Twitter တို႔လို Social Media ေတြမွာ chatbots ေတြကို ထိထိေရာက္ေရာက္ သုံးစြဲျခင္းက Customer ေတြနဲ႔ တိုက္႐ိုက္ဆက္သြယ္ေပးႏိုင္ကာ အၿမဲတသမတ္ထဲ လုပ္ေဆာင္ရတဲ့ တာဝန္ေတြကိုလည္း 100% အမွားအယြင္းမရွိ တိက်စြာ ေဆာင္႐ြက္ေစႏိုင္မွာျဖစ္ပါတယ္။ လူသားေတြအေနနဲ႔ တခါတရံမွာ အလြဲအမွားေလးေတြ ျပဳလုပ္မိႏိုင္ေပမယ့္လည္း Bots ေတြကေတာ့ ၂၄ နာရီမျပတ္ မွန္ကန္တိက်တဲ့ အေျဖေတြကိုသာ ျပန္လည္ေျပာဆိုေပးမွာျဖစ္ပါတယ္။ ဥပမာ သင္က စားေသာက္ဆိုင္ရဲ႕တည္ေနရာကို သိခ်င္တယ္ဆိုပါစို႔။ Alice က သင့္အတြက္ ေျမပုံႏွင့္တကြ လမ္းၫႊန္ေတြကိုပါပို႔ေပးႏိုင္လို႔ အခက္အခဲမရွိ သြားေရာက္ရွာေဖြၿပီး စားေသာက္ႏိုင္ပါတယ္။ ဒီလိုေနရာမွာ သာမန္ဝန္ထမ္းတစ္ေယာက္ဆိုရင္ေတာ့ သင္လိုအပ္တိုင္းမွာ အျပည့္အဝ ကူညီခ်င္မွ ကူညီေပးႏိုင္မွာပဲျဖစ္ပါတယ္။ ဒါ့အျပင္ Alice က စားသုံးသူေတြအတြက္သာမက အလုပ္အကိုင္အခြင့္လမ္းေတြကိုပါ ေဖာ္ျပေပးတာေၾကာင့္ သင္သေဘာက်တဲ့ စားေသာက္ဆိုင္တစ္ခုမွာ အလုပ္ဝင္ခ်င္တယ္ဆိုရင္လည္း လူကိုယ္တိုင္သြားေရာက္စုံစမ္းေနစရာမလိုဘဲ Online ေပၚကတဆင့္ Form ျဖည့္ၿပီးေလွ်ာက္ထားႏိုင္ပါတယ္။

(http://m.me/CasaMiaItalianYangon)

၂၁ ရာစုရဲ႕တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္သစ္မ်ိဳးဆက္ေတြမွာဆိုရင္ လူေတြနဲ႔တိုက္႐ိုက္ေျပာဆိုဆက္ဆံ မႈေတြကို မလိုလားၾကတာမ်ားတဲ့အတြက္ Bots ေတြက အံကိုက္ပါပဲ။ ဘာလို႔လဲဆိုေတာ့ အစားအေသာက္ကလြဲရင္ က်န္တဲ့အရာေတြကို ဒစ္ဂ်စ္တယ္ေခတ္နဲ႔အညီ Bots ေတြက ေဆာင္႐ြက္ေပးႏိုင္လို႔ပါ။ ဒါေၾကာင့္ စားေသာက္ဆိုင္အေတာ္မ်ားမ်ားမွာ စားသုံးသူေတြရဲ႕ အမူအက်င့္နဲ႔ လိုအပ္ခ်က္ေတြကို ပိုမိုနားလည္လာဖို႔ ဒစ္ဂ်စ္တယ္နည္းပညာေတြကို ေခတ္နဲ႔တေျပးညီ က်င့္သုံးၾကဖို႔ လိုအပ္လာပါတယ္။ Alice လို Chatbot ေတြကိုသုံးစြဲတဲ့ စားေသာက္ဆိုင္မ်ားအေနနဲ႔ဆိုရင္ေတာ့ စားသုံးသူေတြရဲ႕ စိတ္တိုင္းက်ႏွစ္သက္မႈကို ရရွိလာႏိုင္တဲ့အျပင္ ေငြကုန္ေၾကးက်သက္သာတဲ့ နည္းပညာကိုအသုံးျပဳျခင္းျဖစ္လို႔ စီးပြားေရးအေျခေနေတြ တိုးတက္လာႏိုင္ၿပီး အျမတ္အစြန္းေတြလည္း တိုးပြားလာမွာျဖစ္ပါတယ္။ စင္ကာပူႏိုင္ငံအေျခစိုက္ ကုမၸဏီျဖစ္တဲ့ Misfit Technologies ဟာ ျမန္မာႏိုင္ငံတြင္ တရားဝင္မွတ္ပုံတင္ထားၿပီး Customer ေတြအတြက္ Al နည္းပညာသုံး Chatbots ျဖင့္လုပ္ကိုင္ေနေသာ ကုမၸဏီတစ္ခုျဖစ္ပါတယ္။