အစားအသောက်ကို ချစ်မြတ်နိုးကြတဲ့ Foodie များအတွက် အရသာမှာ အင်မတန်ကို ထူးကဲကောင်းမွန်လှသည့် ထိုင်းဟင်းလျာမျိုးစုံကို တည်ခင်းဧည့်ခံပေးသွားမည့် ပွဲတော်ကြီးတစ်ခုကို အတူတကွ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ဆီဒိုးနားဟိုတယ်ရန်ကုန်မှနေပြီး “ထိုင်းနိုင်ငံရဲ့ ကျော်ကြားထင်ရှားအရသာများ” အမည်ရတဲ့ ဟင်းလျာပွဲတော်ကို ဟိုတယ်၏ D’Cuisine စားသောက်ဆိုင်၌ ယခုလအတွင်းမှာ ကျင်းပပြုလုပ်ပေးသွားမှာပါ။ ထိုဟင်းလျာပွဲတော်ဟာဆိုရင် ဆီဒိုးနားဟိုတယ်ရန်ကုန် ၂၂ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေနှင့် ကျင်းပပြုလုပ်သည့် ပွဲတစ်ခုဖြစ်ပြီး ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံရိုးရာ အရသာစစ်စစ်ကိုခံစားနိုင်ရန် ဖွင့်လှစ်ထားသော One Nares စားသောက်ဆိုင်ပိုင်ရှင်နှင့် ဆုရစားဖိုမှူးဖြစ်သူ Yuttaphum Simpalipun က ဧည့်သည်စားဖိုမှူးအဖြစ် တာဝန်ယူ ချက်ပြုတ်ပေးသွားမှာပါ။

“ထိုင်းနိုင်ငံရဲ့ ကျော်ကြားထင်ရှားအရသာများ” ဟင်းလျာပွဲတော်တွင် ပါဝင်မည့် ဟင်းလျာအတွဲအစပ်များကို ဧည့်သည်စားဖိုမှူးကြီး Yuttaphum Simpalipun ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်သွားမည်ဖြစ်ပြီး တုန့်ယမ်း ဟင်းချို၊ သဘောင်္သီးထောင်း၊ ကြက်သားအုန်းနို့ဟင်းရည်နှင့် Laab အမဲသားသုပ် စသည့် သူ၏ အနှစ်သက်ဆုံး ထိုင်းဟင်းလျာများအပါအဝင် အခြား ထိုင်းရိုးရာဟင်းလျာများဖြင့် တည်ခင်းဧည့်ခံပေးသွားမှာပါ။ “ထိုင်းနိုင်ငံရဲ့ ကျော်ကြားထင်ရှားအရသာများ” ဟင်းလျာပွဲတော်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဧည့်သည်စားဖိုမှူးကြီး Yuttaphum Simpalipun မှနေပြီး စက်တင်ဘာ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဆီဒိုးနားဟိုတယ်ရန်ကုန်တွင် ရောက်ရှိနေကာ ပွဲတော်အတွက် ဟင်းလျာများကို ပြင်ဆင်ချက်ပြုတ်သွားပါမယ်။ ထို့အပြင် ပွဲတော်ကာလအတွင်းမှာလည်း D’Cuisine စားသောက်ခန်းမတွင် ဧည့်သည်တော်များအတွက် ထိုင်းနိုင်ငံမှ အနုပညာရှင်များမှ ထိုင်းရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဧည့်သည်စားဖိုမှူးကြီး Yuttaphum Simpalipun နှင့်အတူ ပူးပေါင်းချက်ပြုတ်ရမည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသည့် ဆီဒိုးနားဟိုတယ်ရန်ကုန်၏ Executive Chef ဖြစ်သူ Edmund Ng က “ထိုင်းရိုးရာ ဟင်းလျာတွေဟာ တစ်ကယ့်ကို အရသာ ထူးကဲကောင်းမွန်ပြီး မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ချိုချဉ်ငံစပ် အရသာမျိုးစုံကို အချိုးညီညီ ပေါင်းစပ်ထားတဲ့ “ထိုင်းနိုင်ငံရဲ့ ကျော်ကြားထင်ရှားအရသာများ” ဟင်းလျာပွဲတော်ကြီးက ကျွန်တော်တို့ရဲ့ ဧည့်သည်တော်တွေအတွက် မေ့မရနိုင်တဲ့ နတ်သုဒ္ဓါရသာ စားတော်ပွဲကြီး တစ်ခု ဖြစ်စေရမယ်လို့ အာမခံပါတယ်။ ထိုင်း အစားအသောက်ချစ်သူတွေ အားလုံးကို ဒီလ D’Cuisine မှာ တည်ခင်းသွားမယ့် ထိုင်းရိုးရာ အငွေ့အသက်တွေ ဖုံးလွှမ်းထားတဲ့ ဘူဖေး လာရောက်စားသုံးရင်း ဆီဒိုးနားဟိုတယ်ရန်ကုန်ရဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ဂုဏ်ပြုချီးမြှင့်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အထူး ပြင်ဆင်ချက်ပြုတ်ပေးထားတဲ့ ထိုင်းဟင်းလျာတွေရဲ့ လျှာခံတွင်းမြက်စေမယ့် အရသာတွေက ဧည့်သည်တွေကို ထိုင်းနိုင်ငံရောက်သွားသလို ပို့ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဆီဒိုးနားဟိုတယ်ရန်ကုန်ရဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဂုဏ်ပြုခွင့် ရတဲ့အတွက်ရော၊ ရန်ကုန်မြို့ကြီး ဆီကို အကောင်းဆုံးထိုင်းဟင်းလျာတွေ ယူလာပေးနိုင်တဲ့အတွက်ရော ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု မိမိ အကြိုက်ဆုံး ထိုင်းရိုးရာ ဟင်းလျာစစ်စစ် ၁၅ မျိုးကို ချက်ပြုတ်ပြင်ဆင်ပေးသွားမည့် စားဖိုမှူးကြီး Yuttaphum Simpalipun က ပြောကြားပေးခဲ့ပါတယ်။

“ထိုင်းနိုင်ငံရဲ့ ကျော်ကြားထင်ရှားအရသာများ” ဟင်းလျာပွဲတော်ကို ဆီဒိုးနားဟိုတယ်ရန်ကုန်၏ ပုံမှန်တည်ခင်း ထားသော အနောက်တိုင်းအစားအစာများနှင့် အချိုပွဲ ဘူဖေးများနှင့် အတူတကွ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

ဆီဒိုးနားဟိုတယ်ရန်ကုန်၏ ၂၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် “ထိုင်းနိုင်ငံရဲ့  ကျော်ကြားထင်ရှားအရသာများ” ဟင်းလျာပွဲတော်ကို စက်တင်ဘာ ၃၀ ရက်နေ့အထိ နေ့စဉ်  နေ့လယ်စာနှင့် ညနေစာချိန်များတွင် တည်ခင်းပေးသွားမည်ဖြစ်ပြီး အထူးဈေးနှုန်း ၂၂ ဒေါ်လာဖြင့် သုံးဆောင်နိုင်မှာပါ။ ဘူဖေးပွဲတော် တည်ခင်းထားသည့်အချိန်များကတော့ –

နေ့လယ်စာ –

တနလာင်္နေ့မှ သောကြာနေ့အထိ (နံနက် ၁၁ နာရီခွဲ မှ နေ့လယ် ၂ နာရီခွဲ အထိ) – တစ်ဦးလျှင် ၂၂ ဒေါ်လာ(ဘီယာ နှင့် ဝိုင် အခမဲ့ အပါအဝင်)

စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ (နံနက် ၁၁ နာရီခွဲ မှ နေ့လယ် ၃ နာရီ အထိ – နံနက် ၁၁ နာရီခွဲ မှနေ့လယ် ၁ နာရီ အထိ တစ်ချိန်နှင့် ၁ နာရီ ၁၅ မိနစ် မှ ၃ နာရီအထိ တစ်ချိန်) – တစ်ဦးလျှင် ၂၂ ဒေါ်လာ (လတ်လတ်ဆတ်ဆတ် ပင်လယ်စာ ကောင်တာ၊ အသားကင် ကောင်တာ၊ ဝိုင် နှင့် စပါကလင်ဝိုင် အခမဲ့ သောက်သုံးခွင့် နှင့် ရေကူးကန် အခမဲ့ အသုံးပြုနိုင်ပါသည်။)

ညစာ –

တနလာင်္နေ့မှ ကြာသပတေးနေ့အထိ (ည ၆ နာရီခွဲ မှ ည ၁၀ နာရီ အထိ) – တစ်ဦးလျှင် ၂၂ ဒေါ်လာ

စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ (ည ၆ နာရီခွဲ မှ ည ၁၀ နာရီ အထိ) – တစ်ဦးလျှင် ၂၂ ဒေါ်လာ (လတ်လတ်ဆတ်ဆတ်ပင်လယ်စာ ကောင်တာ၊ အသားကင် ကောင်တာ၊ ဝိုင် နှင့် ဘီယာ အခမဲ့ အပါအဝင်)

ယခုလတွင် ကျရောက်သည့် နှစ်ပတ်လည် အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် ဆီဒိုးနားဟိုတယ်ရန်ကုန်မှ အထူးပရိုးမိုးရှင်း အစီအစဉ်များစွာလည်း ပြုလုပ်ပေးလျက်ရှိနေပါတယ်။

D’Cuisine စားသောက်ခန်းမ – ဆီဒိုးနားဟိုတယ်တွင် ငွေပေးချေထားသော ဘောက်ချာစာရွက် (သို့မဟုတ်) မှတ်ပုံတင်၊နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်တွင် ဂဏန်းနံပါတ် “၂၂” ပါဝင်ပါက နေ့လယ်စာ ဘူဖေး အခမဲ့ စားသုံးခွင့် ရရှိမည် ဖြစ်ပါသည်။ (ကတ်တစ်ခုလျှင် တစ်ဦးသာ အသုံးပြုနိုင်ပါသည်)

Du Fu စားသောက်ခန်းမ နှင့် Orzo စားသောက်ခန်းမ – မည်သူမဆို အသက် ၂၂ နှစ် ပြည့်ပြီးပါက ထပ်မံလာရောက်သုံးဆောင်ချိန်တွင် ၂၂ ဒေါ်လာဖိုး အနည်းဆုံး သုံးစွဲပြီး ၂၂,၀၀၀ ကျပ် အထူးလျှော့ဈေးရရှိနိုင်သော အစားအသောက် ကူပွန်တစ်ခု ပေးအပ်သွားမည် ဖြစ်ပါသည်။

Du Fu စားသောက်ခန်းမ နှင့် Orzo စားသောက်ခန်းမ – စက်တင်ဘာလတွင် မွေးနေ့ကျရောက်သည့် ဧည့်သည်တော်များအနေဖြင့် ဆီဒိုးနားဟိုတယ်ရန်ကုန်တွင် ၂၂ ဒေါ်လာဖိုး သုံးစွဲပြီး ဟင်းလျာသုံးမျိုး ပါဝင်သည့် set menu တစ်ခုကို အခမဲ့သုံးဆောင်ခွင့် ရရှိနိုင်ပါသည်။

Lobby Lounge – စပါကလင်ဝိုင်၊ ဝိုင်နှင့် ဘီယာတို့ကို အရသာရှိလှသော canapés များနှင့်အတူ ၂၂ ဒေါ်လာဖြင့်နေ့စဉ် ညနေ ၇ နာရီ မှ ည ၁၁ နာရီအထိ သောက်သုံးခွင့် ရရှိနိုင်ပါသည်။

ဟိုတယ် တည်းခိုခွင့် – Premier Deluxe တွင် တည်းခိုသူများအနေဖြင့် အထူးဈေးနှုန်း ၂၂ ဒေါ်လာ ထပ်မံပေးဆောင်ရုံဖြင့် ဇိမ်ခံ suite အခန်းကျယ်သို့ ပြောင်းရွေ့တည်းခိုခွင့် ရရှိမည် ဖြစ်သည်။

အခန်းနှင့် အစားအသောက် Package – Superior အခန်းတွင် တစ်ညတာ တည်းခိုခွင့်နှင့် D’Cuisine တွင် နံနက်စာ၊နေ့လယ်စာ စားသုံးခွင့်တို့ ပါဝင်သည့် Package တစ်ခုကို နှစ်ဦးစာ အထူးဈေးနှုန်း ၂၂၀,၀၀၀ ကျပ် (သို့မဟုတ်) ၁၄၂ဒေါ်လာ ဖြင့် ရရှိနိုင်မည် ဖြစ်ပါသည်။

D’Cuisine စားသောက်ခန်းမတွင် ကြိုတင်မှာယူနိုင်ရန်အတွက် ၀၁ ၈၆၀ ၅၃၅၃ သို့ ဆက်သွယ်နိုင်ပါသည်။

ဆီဒိုးနားဟိုတယ်ရန်ကုန်နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက www.sedonahotels.com.sg/yangon နှင့်www.facebook.com/sedonayangon တို့တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။