လူတွေက တစ်ခါတစ်လေမှာ ကြုံတွေ့ရတဲ့စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအမျိုးမျိုးကြောင့် စိတ်ညစ်နေရတတ်ပါတယ်။ စိတ်ညစ်စရာတွေများလေ အိပ်ပျော်မှုကိုအနှောက်ယှက်ဖြစ်လေဆိုတော့ နောက်ပိုင်းအချိန်တွေကြာလာတဲ့အခါမှာတော့ အိပ်မပျော်တတ်တဲ့ဝေဒနာကို ခံစားသွားရစေတာပေါ့။

ဒါကြောင့် အိပ်ရေးကောင်းကောင်းဝပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ သောက်သုံးရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အုန်းရေ

အုန်းရေကို သောက်လိုက်တဲ့အချိန်မှာ လန်းဆန်းပေါ့ပါးသွားသလိုခံစားရပြီး အားဖြည့်အချိုရည် တစ်မျိုးလို့တောင် သတ်မှတ်လို့ရပါတယ်။ ဒါအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့လည်း အထောက်အကူပြုနေတာဆိုတော့ အိပ်မပျော်တတ်တဲ့သင့်အတွက်တော့ အထောက်အကူဖြစ်စေမှာပါ။

Ovaltine

ငယ်ငယ်တုန်းကအရမ်းကြိုက်ခဲ့ရတဲ့ Ovaltine ကအခုချိန်ထိလည်း အသုံးဝင်နေသေးတယ်နော်။ Ovaltine ကိုညအိပ်ခါနီးတိုင်း ဖျော်သောက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာရှိနေတဲ့ ကြွက်သားတွေကို ပြေလျော့စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာပေါ့။

ရေ

ညအိပ်ရာမဝင်ခင်အချိန်မှာ ရေတစ်ခွက်သောက်ပေးတာက ကျန်းမာရေးအတွက် အထောက်အကူပြုနေတယ်ဆိုတာတော့ အားလုံးပဲသိထားပြီးသားဖြစ်မှာပါ။ ဒါမှလည်း သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကောင်းကောင်းပြည့်ဝနေပြီး အိပ်ပျော်မှုကိုလည်း အထောက်အပံ့ဖြစ်စေမှာပေါ့။

နွားနို့

နွားနို့ပူပူလေးတစ်ခွက်ကို အိပ်ရာဝင်ခါနီးအချိန်မှာ ကောင်းကောင်းသောက်ပေးလိုက်မယ်ဆိုရင် ဦးနှောက်ကိုအနားယူစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးနိုင်ပါတယ်။

အိပ်မပျော်တတ်တဲ့သူတွေအတွက် အိပ်ဆေးအစား ဒီလိုမျိုးကျန်းမာရေးနဲ့ကိုက်ညီတဲ့ အရာမျိုးတွေကို သောက်သုံးပေးတာက ပိုထိရောက်ပြီး ဘေးထွက်ဆိုးကျိုးတွေလည်းမရှိစေပါဘူး။

Photo Source: Pexels