အားလုံးပဲမင်္ဂလာပါနော်။ အသားတွေကို နူးနူးအိအိလေးနဲ့ အရသာရှိအောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် ထမင်းလည်းမြိန်စေပြီး ချစ်ခင်ကြင်နာသူတွေရဲ့ ချီးမွန်းစကားသံကို ပိုပိုပြီးကြားရမှာဖြစ်ပါတယ်နော်။
ဒီတခါမှာတော့ ဝက်နံရိုးကို အရသာရှိရှိ ချက်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ဝက်နံရိုး ၃ ပေါင်
- ကြက်သွန်နီဥအကြီး ၁ ဥ
- အာလူး ၂ လုံး
- ကြက်သွန်မြိတ် ၂ ပင်
Source: Snake River Farms
- ကြက်သွန်ဖြူ ၆ မွှာခန့်
- ဂျင်း ခပ်ပါးပါးလှီးပါ (အနည်းငယ်)
- ဆီ အနည်းငယ်
ဆော့စ်လုပ်ရန်
- ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ဝိုင်ဖြူ အနည်းငယ်
Source: The Spruce Eats
- ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်သီး အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည်အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပန်းသီး တစ်ခြမ်း တောက်တောက်စဉ်းပါ (မထည့်လည်းရပါတယ်။)
- နှမ်းဆီ အနည်းငယ်၊ နှမ်းစေ့ အနည်းငယ်
ပြုလုပ်နည်း
ဝက်နံရိုးတွေကို အတုံးလေးတွေလှီးလိုက်ပါ။ ရေသေချာဆေးလိုက်ပြီး ရေစစ်ထားရပါမယ်။
ပြီးရင်တော့ ဝက်နံရိုးကိုအပေါ်မှာ ဖော်ပြထားတဲ့ ဆော့စ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေ (နှမ်းဆီနဲ့ နှမ်းစေ့) နဲ့ နယ်လိုက်ပါ။ နာရီဝက်လောက်နှပ်ထားပေးပါ။
ပြီးရင်တော့ တခြားပါဝင်ပစ္စည်းတွေပါထည့်လိုက်ပြီး အပူပေးလိုက်ပါ။ ရေအနေတော်ထည့်ပြီး နူးအောင် ချက်လိုက်ပါ။
ရပြီဆိုရင် နှမ်းဆီနဲ့ နှမ်းထည့်လိုက်ပြီး မွှေပေးလိုက်ပါ။
Source: www.koreanbapsang.com
By: MyFood Myanmar