အားလုံးပဲမင်္ဂလာပါနော်။ အသားတွေကို နူးနူးအိအိလေးနဲ့ အရသာရှိအောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် ထမင်းလည်းမြိန်စေပြီး ချစ်ခင်ကြင်နာသူတွေရဲ့ ချီးမွန်းစကားသံကို ပိုပိုပြီးကြားရမှာဖြစ်ပါတယ်နော်။

ဒီတခါမှာတော့ ဝက်နံရိုးကို အရသာရှိရှိ ချက်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဝက်နံရိုး ၃ ပေါင်
  • ကြက်သွန်နီဥအကြီး ၁ ဥ
  • အာလူး ၂ လုံး
  • ကြက်သွန်မြိတ် ၂ ပင်

Source: Snake River Farms

  • ကြက်သွန်ဖြူ ၆ မွှာခန့်
  • ဂျင်း ခပ်ပါးပါးလှီးပါ (အနည်းငယ်)
  • ဆီ အနည်းငယ်

ဆော့စ်လုပ်ရန်

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဝိုင်ဖြူ အနည်းငယ်

Source: The Spruce Eats

  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီး အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပန်းသီး တစ်ခြမ်း တောက်တောက်စဉ်းပါ (မထည့်လည်းရပါတယ်။)
  • နှမ်းဆီ အနည်းငယ်၊ နှမ်းစေ့ အနည်းငယ်

ပြုလုပ်နည်း

ဝက်နံရိုးတွေကို အတုံးလေးတွေလှီးလိုက်ပါ။ ရေသေချာဆေးလိုက်ပြီး ရေစစ်ထားရပါမယ်။


ပြီးရင်တော့ ဝက်နံရိုးကိုအပေါ်မှာ ဖော်ပြထားတဲ့ ဆော့စ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေ (နှမ်းဆီနဲ့ နှမ်းစေ့) နဲ့ နယ်လိုက်ပါ။ နာရီဝက်လောက်နှပ်ထားပေးပါ။

ပြီးရင်တော့ တခြားပါဝင်ပစ္စည်းတွေပါထည့်လိုက်ပြီး အပူပေးလိုက်ပါ။ ရေအနေတော်ထည့်ပြီး နူးအောင် ချက်လိုက်ပါ။

ရပြီဆိုရင် နှမ်းဆီနဲ့ နှမ်းထည့်လိုက်ပြီး မွှေပေးလိုက်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar