ရေထဲကို သံပုရာသီး၊ ဂျင်း၊ ပန်းသီး၊ သခွားသီး စတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များထည့်ကာ ဖျော်သောက်ရတဲ့ ဖျော်ရည်ကို Detox ဖျော်ရည်လို့ခေါ်ပြီး ထိုဖျော်ရည်က ခန္ဓာကိုယ်ရှိအဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကို လျော့ချပေးပြီး စွမ်းအင်များလည်း တိုးမြှင့်ပေးပါတယ်။

စာဖတ်သူတို့အနေနဲ့ ရေဓာတ်ပြည့်ဝပြီး အသားအရေ စိုစိုပြေပြေလေး ဖြစ်ချင်တယ် ဝမ်းဗိုက်လေးလည်း ပြားချပ်ချင်တယ်ဆိုရင်တော့ ရေထဲကို ဘယ်လိုဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ ထည့်သောက်သင့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကြက်သွန်ဖြူ ထည့်သောက်ပါ

ကြက်သွန်ဖြူ ၂ မြွှာကို ပါးပါးလှီးပြီးနောက် ၁၀ မိနစ်ခန့် ဒီအတိုင်းထားပါ။ ပြီးမှ ရေ ၅၀၀ မီလီလီတာထဲ ထည့်ကာ ၂ နာရီခန့် စိမ်ထားပါ။ ထိုဖျော်ရည်က သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ခုခံစွမ်းအားကို တိုးမြှင့်ပေးပါတယ်။ မှန်မှန်သောက်သုံးပေးပါက ဝမ်းဗိုက်က အဆီပိုတွေ ပျောက်သွားပါလိမ့်မယ်။

ပန်းသီးနဲ့ သစ်ကြမ်းပိုးခေါက် ထည့်သောက်ပါ

ပန်းသီး ၂ လုံးကို ပါးပါးလှီးပြီးနောက် ဖန်ခွက်ထဲ ထည့်ပါ။ ထို့နောက် သစ်ကြမ်းပိုးခေါက် ၂ ချောင်းထည့်ပြီး ရေခဲသေတ္တာထဲထည့်ကာ၂ နာရီခန့် စိမ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ရင်တော့ သောက်သုံးလို့ရပါပြီ။

ပန်းသီးနဲ့ သစ်ကြမ်းပိုးခေါက် နှစ်မျိုးစလုံးက ဝိတ်ချစေတဲ့ နာမည်ကြီးအစားအစာပဲဖြစ်ပါတယ်။

သခွားသီး ရေခဲတုံး ထည့်သောက်ပါ

သခွားသီးများကို ပါးပါးလှီးကာ ရေခဲသေတ္တာထဲ အအေးခံထားလိုက်ပါ။ (သို့) သခွားသီးများကို ဖျော်စက်ထဲ ထည့်ပြီး အရည်ဖျော်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ရေခဲတုံးပုံစံခွက်ထဲ ထည့်ပြီး အအေးခံထားလိုက်ပါ။ သခွားသီးရေခဲတုံး ရရှိသွားပါလိမ့်မယ်။

ဗိုက်ဆာတဲ့အချိန် (သို့) ရေငတ်တဲ့အချိန်မှာ သခွားသီးစိပ်များ (သို့) သခွားသီး ရေခဲတုံးများကို ရေထဲ ထည့်ကာ ဖျော်သောက်ရုံပါပဲ။ ဒီ့ထက်ပိုအရသာရှိချင်တယ်ဆိုရင်တော့ သံပုယိုရည် (သို့) ပင်စိမ်းရွက်လေး ထည့်ကာ သောက်သုံးနိုင်ပါတယ်။

ငရုတ်ကောင်းမှုန့် ထည့်သောက်ပါ

ငရုတ်ကောင်းမှုန့်ထဲမှာ ပါဝင်တဲ့ Antioxidants များက ရောင်ရမ်းခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ နှလုံးရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ပေးပြီး ကိုလက်စတောပမာဏကိုလည်း လျော့ချပေးပါတယ်။

ငရုတ်ကောင်းမှုန့် ထည့်ဖျော်ရမယ့် ဖျော်နည်း (၂) မျိုးရှိပါတယ်။ ပထမတစ်နည်းကတော့ ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်၊ ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် ၁ လုံးစာခန့်တို့ကို ရေ ၂ ခွက်စာဖြင့် ရောေနှောကာ သောက်သုံးနိုင်ပါတယ်။

ဒုတိယတစ်နည်းကတော့ ရေကို ပွက်ပွက်ဆူလာအောင် ပြုလုပ်ပြီးနောက် ဖန်ခွက်များထဲ ထည့်ထားလိုက်ပါ။ ဖန်ခွက်တစ်ခွက်စာစီကို ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း (သံပုယိုသီး ကြိုက်ပါက သံပုယိုသီးတစ်ခြမ်း အရည်ညှစ်ထည့်နိုင်ပါတယ်) ထည့်ကာ သမအောင် ဖျော်သောက်လိုက်ပါ။ ရေအေးသွားတဲ့အထိ မစောင့်ဘဲ ပူပူနွေးနွေးလေး သောက်ပါက ပိုပြီး အာနိသင်ရှိပါတယ်။

Source: Brightside.me