ပုစွန်ကြိုက်နှစ်သက်သူတွေ ဒီ ယူနန် စတိုင်လ် ပုစွန်ကြော်လေးကို ကြိုက်နှစ်သက်ကြမှာပါ။
ပါဝင်ပစ္စည်းများ
ပုစွန် ၁၅ ကောင်
ငရုတ်သီး အနီတောင့် ၃ တောင့်
ငရုတ်သီး အနီတောင့် ၃ တောင့်
ကြက်သွန်ဖြူ ၂ လုံး (တောက်တောက်စဉ်းထားပါ)
ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် အနည်းငယ်
ပြုလုပ်နည်း
ပုစွန်ကို သန့်စင်ပါ။ အမြီးနှင့် ခေါင်း ဖြုတ်ချင်ရင်လည်း ဖြုတ်နိုင်ပါတယ်။ ဆီကို ဒယ်အိုးထဲမှာ မီးပူပေးပါ။ ငရုတ်သီး အနီ၊ ကြက်သွန်ဖြူတို့ကို ထည့်ပါ။ ၂ မိနစ် ၃ မိနစ်လောက် ကြော်ပါ။
ပုစွန်ကိုထည့်ပြီး လှော်ပြိး အနီရောင်ပြောင်းတဲ့အထိ လှော်ပါ။ ဆား၊ ပဲငံပြာရာအကြည် တို့ကို ထည့်ပြီး သေချာ မွှေပါ။ နောက်ဆုံးမှာ ကြက်သွန်မြိတ်လေး အုပ်ပြီး အဆုံးသတ်ပါ။
Photos Credit- Chinasichuanfood