အချိုအဆိမ့်တွေထက် ချိုချဥ်အရသာပိုကြိုက်တဲ့သူတွေအတွက် ဒီသံပုရာသီးတွေ အရည်ပျော်နေတဲ့ ကွတ်ကီးတွေက သင့်ကို အရည်ပျော်သွားစေမှာပါ။

ပါဝင်ပစ္စည်းများ

  • ဂျုံ  2 1/3 ခွက်
  • Baking Powder  3/4 tsp.
  • Baking Soda 1/2 tsp.
  • Ground Turmeric 1/4 tsp.
  • Kosher Salt 1/2 tsp.
  • Granulated Sugar d ၁ ခွက်
  • Lemon Zest 2 tbsp.
  • Butter  1/2 ခွက်
  • ကြက်ဥ ၁ လုံး
  • ကြက်ဥအနှစ် ၁ ခု
  • Lemon Juice 1/4 ခွက်
  • Vanilla Extract 1 1/2 tsp.
  • Powdered Sugar 1 1/2 ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးထဲမှာ ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ဆိုဒါ၊ နနွင်းမှုန့်နဲ့  ဆားတို့ကို ရောမွှေပြီး သမအောင်မွှေထားပြီး ဘေးဖယ်ထားပါ။

 

မွှေစက်ရဲ့ ဇလုံထဲမှာ သကြား 3/4 ခွက်နဲ့  သံပုရာရည်ကို ရောမွှေပါ။ ထောပတ်ထပ်ထည့်ပြီး  ၃ မိနစ်ကနေ ၄ မိနစ်အထိ အရှိန်ပြင်းပြင်းနဲ့  ထပ်မွှေပါ။ ကြက်ဥ၊ ကြက်ဥအနှစ်၊ သံပုရာရည် နဲ့  Vanilla တို့ကိုထည့်ပြီး အလယ်အလတ်အမြန်နှုန်းနဲ့ သမအောင်မွှေပြီး စက္ကန့် ၃၀ ခန့် ထပ်မွှေပေးပါ။ သမသွားပြီဆိုရင် အနည်းဆုံး ၁ နာရီ သို့မဟုတ် တစ်ညအထိ အအေးခံထားပါ။

မီးဖိုကို 350°F ဖြင့် ကြိုတင်အပူပေးထားပါ။ Powdered Sugar နဲ့   Granulated Sugar ကို ပန်းကန်လုံး နှစ်လုံးနဲ့ ထည့်ထားပါ။ မုန့်ဖုတ်စက္ကူကို ဖုန့်ဖုတ်ဗန်းမှာခင်းထားပါ။

မုန့်အနှစ်ကို ဇွန်းတစ်ဇွန်းစာယူပြီးလုံးလိုက်ပါ။ လုံးထားတဲ့မုန့်လုံးကို အရင်ဆုံး Granulated Sugar မှာ လှိမ့်လိုက်ပါ။ ပြီးမှ Powdered Sugar မှာ ထပ်လှိမ့်ပေးပါ။ ပြီးရင် မုန့်ဖုတ်ဗန်းပေါ်မှာ တစ်ခုနဲ့တစ်ခုခွာပြီး တင်ထားပါ။

ကွတ်ကီးတွေ ကွဲအက်ပြီး  အညိုရောင်ပြောင်းတဲ့အထိ ၁၂ မိနစ်မှ ၁၄ မိနစ်အထိ ဖုတ်ပေးပါ။ ကွတ်ကီးများကို မုန့်ဖုတ်စာရွက်ပေါ်မှာ ၂ မိနစ်ခန့် အအေးခံထားပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ Lemon Crinkle Cookies လေးရပါပြီနော်။