ကြက်သွန်ဖြူ ထောပတ်ဆော့စ်နဲ့ ရောနယ်ထားတဲ့ အကင်လေးက လုပ်ရတာလည်း လွယ်ကူပြီး အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်တဲ့အပြင် ကြိုက်နှစ်သက်ရာနဲ့လည်း တွဲစားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်  3 ဇွန်း
  • ကြက်သွန်ဖြူ ၆ မွှာ ထောင်းထားပါ။
  • ပဲငံပြာရည် ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့် ၁/၂ ဇွန်း
  • ဆီ သို့မဟုတ် သံလွင်ဆီ 1 ဇွန်း
  • အမဲသား ၁ ပေါင်  ( ကိုက်အရွယ်တုံးလေးတွေဖြစ်အောင် လှီးဖြတ်ထားပါ )
  • တရုတ်နံနံ အနည်းငယ်
  • Zucchini Noodles ၄ ခွက်

ပြုလုပ်ပုံအဆင့်ဆင့်

ဒယ်အိုးအသေးလေးထဲမှာ ထောပတ်ကိုအရည်ပျော်ပြီး ကြက်သွန်ဖြူနီညိုလာတဲ့အထိ အလယ်အလတ်အပူချိန်နဲ့ ကြော်ပါ။ ကြက်သွန်ဖြူမှုန့်နဲ့ ပဲငံပြာရည်တို့ကို ရောမွှေပါ။ အရသာကို လိုအပ်သလို ချိန်ညှိပါ။ ပြီးရင် ဘေးဖယ်ထားပါ။

ဒယ်အိုးအကြီးထဲမှာ ဆီပူအောင်ထည့်ပြီး အသားကင်ပေးပါ။ အသားကင်ကို ဘေးတစ်ဖက်စီကို ၁-၂ မိနစ်ခန့် ရွှေဝါရောင်ဖြစ်တဲ့အထိ ကင်ပါ။

အသားကင်ပြီးခါနီးမှာ ကြက်သွန်ဖြူထောပတ်ဆော့စ်ရဲ့ သုံးပုံနှစ်ပုံလောက်ကို အကင်ပေါ်မှာ လောင်းထည့်လိုက်ပါ။ ကင်ပြီး ငံပြာရည် အညီအမျှ ကျက်သည်အထိ မွှေပေးပါ။အကင်ကို ဒယ်အိုးထဲကနေ ပန်းကန်ထဲကိုထည့်ပါ။

Zucchini ခေါက်ဆွဲနဲ့  ကျန်ကြက်သွန်ဖြူထောပတ်ဆော့စ်ကို ထည့်ပါ။ ခေါက်ဆွဲကို လုံးဝကျက်တဲ့အထိ မွှေပါ။ ဆားကို လိုအပ်သလို ရောနယ်ပါ။ ဒါဆိုရင်တော့ အရသာပြည့်ဝတဲ့  ကြက်သွန်ဖြူ ထောပတ် အမဲကင်မွှေးမွှေးလေး စားလို့ရပါပြီ။