ပုစွန်ကြိုက်နှစ်သက်သူတွေ ဒီ ယူနန် စတိုင်လ် ပုစွန်ကြော်လေးကို ကြိုက်နှစ်သက်ကြမှာပါ။

ပါဝင်ပစ္စည်းများ

ပုစွန်လှော် စပ်စပ်လေး

ပုစွန် ၁၅ ကောင်

ငရုတ်သီး အနီတောင့် ၃ တောင့်

ငရုတ်သီး အနီတောင့် ၃ တောင့်

ကြက်သွန်ဖြူ ၂ လုံး (တောက်တောက်စဉ်းထားပါ)

ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း

ပုစွန်ကို သန့်စင်ပါ။ အမြီးနှင့် ခေါင်း ဖြုတ်ချင်ရင်လည်း ဖြုတ်နိုင်ပါတယ်။  ဆီကို ဒယ်အိုးထဲမှာ မီးပူပေးပါ။ ငရုတ်သီး အနီ၊ ကြက်သွန်ဖြူတို့ကို ထည့်ပါ။ ၂ မိနစ် ၃ မိနစ်လောက် ကြော်ပါ။

ပုစွန်ကိုထည့်ပြီး လှော်ပြိး အနီရောင်ပြောင်းတဲ့အထိ လှော်ပါ။ ဆား၊ ပဲငံပြာရာအကြည် တို့ကို ထည့်ပြီး သေချာ မွှေပါ။  နောက်ဆုံးမှာ ကြက်သွန်မြိတ်လေး အုပ်ပြီး အဆုံးသတ်ပါ။

Photos Credit- Chinasichuanfood