သခွားသီးဆိုရင် တော်တော်များများစားကြပါတယ်။ တချို့ကျတော့ အရမ်းကြိုက်လို့ ဒီတိုင်းတောင် စားကြတယ်။ အများစုကတော့ တို့စရာအဖြစ်နဲ့ စားကြတယ်။ ဘယ်လိုပဲစားစား သခွားသီးကို တစ်နေ့တစ်လုံး စားပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ဒီလိုအကျိုးကျေးဇူးတွေ ရရှိလာပါလိမ့်မယ်။

ဖျားနာခြင်းတွေ အလွယ်တကူမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝလာပါမယ်။ ရေဓာတ်ပြည့်ရင် အသားကြည်တယ်၊ အသားလှပါတယ်။

သခွားသီးဖျော်ရည်သောက်ရင်ပဲဖြစ်ဖြစ်၊ သခွားသီးကို တစ်နေ့တစ်လုံးစားရင်ပဲဖြစ်ဖြစ် ဝိတ်ကျလာပါလိမ့်မယ်။

သခွားသီးကို တစ်နေ့တစ်လုံး စားပေးခြင်းက သွေးတွင်းရှိ သကြားဓာတ်ကို ပုံမှန်ဖြစ်အောင်လည်း ထိန်းညှိုပေးနိုင်ပါတယ်။

သခွားသီးကို တစ်နေ့တစ်လုံးစားခြင်းက အူမကြီးကျန်းမာရေးလည်း ကောင်းမွန်စေပါတယ်။

Source: www.hhdresearch.org