အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ သောက်လို့ကောင်းတဲ့ Mojito တစ်ခွက်လောက် ဖျော်သောက်ကြရအောင်ပါ။
ပါဝင်ပစ္စည်းတွေကတော့
- သရက်သီးအနှစ် (Mango Puree) ခွက် ၃/၄ ပုံ
- သံပယိုသီး ၁ စိတ်
- ပူစီနံရွက် အနည်းငယ်
- ဆိုဒါ ခွက်တစ်ဝက်
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- Rum အဖြူ ခွက်၁/၃ ပုံ
ပြုလုပ်နည်း
အရင်ဆုံး ပူစီနံ၊ သံပယိုရည်တို့ကိုရောလိုက်ပြီး သကြားကိုလည်း ရောလိုက်ပါ။
အဲဒီနောက် သရက်သီးအနှစ်၊ ဆိုဒါ၊ တို့ကိုရောလိုက်ပြီး Rum ကိုလည်း ရောလိုက်ပါ။
ပြီးရင်တော့ သေချာလေးမွှေပေးလိုက်ပြီး ရေခဲတုံးလေးထည့်ကာ အေးအေးလေး သုံးဆောင်လို့ရပါပြီနော်။
ရိုးရိုးလေးနဲ့ လွယ်လွယ်လေးဆိုတော့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်။
Source: www.fabhow.com
By: MyFood Myanmar