အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ သောက်လို့ကောင်းတဲ့ Mojito တစ်ခွက်လောက် ဖျော်သောက်ကြရအောင်ပါ။

ပါဝင်ပစ္စည်းတွေကတော့

  • သရက်သီးအနှစ် (Mango Puree) ခွက် ၃/၄ ပုံ
  • သံပယိုသီး ၁ စိတ်
  • ပူစီနံရွက် အနည်းငယ်
  • ဆိုဒါ ခွက်တစ်ဝက်
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • Rum အဖြူ ခွက်၁/၃ ပုံ

ပြုလုပ်နည်း

အရင်ဆုံး ပူစီနံ၊ သံပယိုရည်တို့ကိုရောလိုက်ပြီး သကြားကိုလည်း ရောလိုက်ပါ။

အဲဒီနောက် သရက်သီးအနှစ်၊ ဆိုဒါ၊ တို့ကိုရောလိုက်ပြီး Rum ကိုလည်း ရောလိုက်ပါ။

ပြီးရင်တော့ သေချာလေးမွှေပေးလိုက်ပြီး ရေခဲတုံးလေးထည့်ကာ အေးအေးလေး သုံးဆောင်လို့ရပါပြီနော်။

ရိုးရိုးလေးနဲ့ လွယ်လွယ်လေးဆိုတော့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်။

Source: www.fabhow.com

By: MyFood Myanmar