[Unicode]
သွေးပေါင်တက်ခြင်းဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေ သွေးလွှတ်ကြောဆီကို တအားကုန်ညှစ်ပေးလို့ဖြစ်ရတာပါ။ အဲ့ဒီ့အခါ နှလုံးကိုထိခိုက်စေပြီး နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ နောက်တွဲဆက်ဆိုးကျိုးတွေ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာရပါတယ်။ ဒါပေမယ့်လည်း သဘာ၀ အစားအစာတွေနဲ့ သွေးပေါင်ကျအောင် လုပ်ယူလို့ရပါတယ်။ မကြာခင်ကလေ့လာထုတ်ပြန်ချက်အရ ကြက်သွန်ဖြူလည်း သွေးပေါင်လျှော့ချရာမှာ အသုံးဝင်ပါတယ်လို့သိရပါတယ်။
ကြက်သွန်ဖြူ စားခြင်းက သွေးပေါင်ကျစေတဲ့ အပြင်နှလုံးရောဂါကိုပါ ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူ မှာရှိတဲ့ ဒြပ်ပေါင်းတွေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးပေါင်ကျစေပါတယ်။ Pharmacotherapy ဆိုတဲ့ဂျာနယ်တစ်ခုမှာပါရှိတဲ့ လေ့လာချက်တစ်ခုကဖော်ပြထားပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ သွေးတိုးရောဂါရှင်တွေကို ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ Allicin ၁.၃ရာခိုင်နှုန်းပါဝင်တဲ့ ကြက်သွန်နီ ၂၄၀၀ မီလီဂရမ် ကိုစားသုံးစေပါတယ်။
အံံ့သြစရာကောင်းတာကတော့ ၅နာရီ မပြည့်ခင်မှာပဲ သွေးပေါင်ချိန် 7/16 mmHg လောက်ကျသွားပါတယ်။၅နာရီမှ ၁၂နာရီ အတွင်းမှာပဲ အခြားသွေးကြောတွေကိုလည်း သူ့အလိုလိုသက်သာပြေလျော့စေပါတယ်။
ကြက်သွန်ဖြူ မှာ ကျန်းမာရေးအထောက်အကူပြု အာနိသင်တွေပြည့်ဝနေတဲ့အတွက် နေ့စဉ်စားပေးခြင်းဖြင့် သွေးတိုးရောဂါအပြင် အခြားရောဂါတွေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
[Zawgyi]
ေသြးေပါင္တက္ျခင္းဆိုတာက ခႏၶာကိုယ္မွာရွိတဲ့ ေသြးေတြ ေသြးလႊတ္ေၾကာဆီကို တအားကုန္ညွစ္ေပးလို့ျဖစ္ရတာပါ။ အဲ့ဒီ့အခါ နွလံုးကိုထိခိုက္ေစျပီး နွလံုးေရာဂါ၊ ေက်ာက္ကပ္ေရာဂါ စတဲ့ ေနာက္တြဲဆက္ဆိုးက်ိဳးေတြ တစ္ဆင့္ျပီးတစ္ဆင့္ ျဖစ္လာရပါတယ္။ ဒါေပမယ့္လည္း သဘာ၀ အစားအစာေတြနဲ႔ ေသြးေပါင္က်ေအာင္ လုပ္ယူလို႔ရပါတယ္။ မၾကာခင္ကေလ့လာထုတ္ျပန္ခ်က္အရ ၾကက္သြန္ျဖဴလည္း ေသြးေပါင္ေလွ်ာ႔ခ်ရာမွာ အသံုး၀င္ပါတယ္လို႔သိရပါတယ္။
ၾကက္သြန္ျဖဴ စားျခင္းက ေသြးေပါင္က်ေစတဲ့ အျပင္ႏွလံုးေရာဂါကိုပါ ကာကြယ္ေပးပါတယ္။ ၾကက္သြန္ျဖဴ မွာရွိတဲ့ ျဒပ္ေပါင္းေတြက ေသြးေၾကာေတြကို ေျပေလ်ာ႕ေစျပီး ေသြးေပါင္က်ေစပါတယ္။ Pharmacotherapy ဆိုတဲ့ဂ်ာနယ္တစ္ခုမွာပါရွိတဲ့ ေလ့လာခ်က္တစ္ခုကေဖာ္ျပထားပါတယ္။ စမ္းသပ္မႈမွာ ပါ၀င္တဲ့ ေသြးတိုးေရာဂါရွင္ေတြကို ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးနိုင္တဲ့ Allicin ၁.၃ရာခိုင္ႏႈန္းပါ၀င္တဲ့ ၾကက္သြန္နိီ ၂၄၀၀ မီလီဂရမ္ ကိုစားသံုးေစပါတယ္။
အံံ့ၾသစရာေကာင္းတာကေတာ့ ၅နာရီ မျပည့္ခင္မွာပဲ ေသြးေပါင္ခ်ိန္ 7/16 mmHg ေလာက္က်သြားပါတယ္။၅နာရီမွ ၁၂နာရီ အတြင္းမွာပဲ အျခားေသြးေၾကာေတြြကိုလည္း သူ့အလိုလိုသက္သာေျပေလ်ာ႔ေစပါတယ္။
ၾကက္သြန္ျဖဴ မွာ က်န္းမာေရးအေထာက္အကူျပဳ အာနိသင္္ေတြျပည့္၀ေနတဲ့အတြက္ ေန႔စဥ္စားေပးျခင္းျဖင့္ ေသြးတိုးေရာဂါအျပင္ အျခားေရာဂါေတြမွလည္း ကာကြယ္ေပးနိုင္ပါတယ္။