အချိုများများစားရင် ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကို လူတိုင်းသိထားကြပါတယ်။ ဒါပေမယ့် ကိုယ်သိထားတာထက်တောင်ပိုပြီး အန္တရာယ်ရှိတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။ အချိုများများစားရင်သွားပိုးစားနိုင်တယ်ဆိုတာကတော့ အခုပြောမယ့်ပြသနာတွေနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တော့ပါဘူး။

၁။အရွယ်မတိုင်ခင် ရုပ်ရင့်စေတယ်။

Source: NAILPRO Magazine

အသားအရေကို နုပျိုချောမွတ်တင်းရင်းစေတာက Collagen နဲ့ Elastin လိုခေါ်တဲ့အရေပြားပရိုတင်းတွေကြောင့်ပါ။ အချိုအလွန်အကျွံစားသုံးတဲ့အခါမှာတော့ အရေပြားပရိုတင်းတွေနဲ့ဓာတ်ပြုပြီး အဲ့ဒီ့ပရိုတင်းတွေကို ဖျက်ဆီးပစ်တာကြောင့် အရေးပြားခြောက်သွေ့လာကာ အရေးကြောင်းများဖြစ်ခြင်း၊ နေလောင်ဓာဏ်ခံရပြီး အရေပြားထိခိုက်စေခြင်းကိုပါဖြစ်လာနိုင်ပါတယ်။

၂။ရောင်ယမ်းခြင်းကိုဖြစ်စေပါတယ်။

Source: chinimandi.com

ဝက်ခြံပေါက်တယ်ဆိုတာလည်း အရေပြားရောင်ယမ်းခြင်းတစ်မျိုးပါ။ အချိုများများစားတဲ့အခါ အဆစ်အမြစ်ရောင်ရောဂါလိုမျိုး အခြားရောဂါတွေပါဖြစ်လာနိုင်ပါတယ်။အချိုများတဲ့ ကော်ဖီ၊လက်ဖက်ရည်သောက်တာများတဲ့အခါ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းလည်းဖြစ်လာစေပါတယ်။

၃။နှလုံးဆက်စပ်ရောဂါဖြစ်လာနိုင်ပါတယ်။

Source: Medigoo

၂၀ရာစုအချိန်တုန်းက နှလုံးရောဂါရဲ့အရင်းအမြစ်က အဆီဓာတ်ဖြစ်တယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ခဲ့တာကြောင့် အဆီဓာတ်လျှော့ချဖို့အရေးပဲ အာရုံစိုက်ခဲ့ကြတယ်။ အချိုလျှော့ဖို့ကို ဂရုမစိုက်မိခဲ့ကြဘူး။ဒါပေမယ့် ၂၁ရာစုလောက်မှာပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ သကြားဟာ ကိုလက်စထရောနှုန်းကို သိသိသာသာတက်စေတာကြောင့် နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေဖြစ်ပွားနိုင်လာရတာပါ။ ဒါကြောင့် အချိုလျှော့ချဖို့လည်းလိုအပ်ပါတယ်။

၄။စိတ်ကမောက်ကမဖြစ်စေတယ်။

Source: Chrysalis Living

အချိုစားခြင်းက BDNF ဟိုမုန်းကိုကျဆင်းစေတာကြောင့် စိတ်ဓာတ်ကျခြင်းကိုဖြစ်လာနိုင်စေပါတယ်။ သကြား(သို့)အချိုအလွန်အကျွံစားသုံးခြင်းက စိုးရိမ်ပူပန်ကြောင့်ကြမှုကိုဖြစ်စေတယ်လို့လည်း တချို့လေ့လာမှုတွေကဖော်ပြနေပါတယ်။ ဒီ့အပြင် ဦးနှောက်ဆဲလ်အချို့ကို ယို့ယွင်းစေပြီး မှတ်ဉာဏ်ကျဆင်းစေတယ်လို့လည်းသိရပါတယ်။

အခုဆိုအချိုအလွန်အကျွံစားသုံးခြင်းရဲ့ အန္တရာယ်တွေကို သိရပြီဆိုတော့ အချို (သို့)သကြားစားသုံးမှုကိုတတ်နိုင်သလောက်လျှော့ချပါ။ အဲ့ဒါနဲ့ပဲ လုံးဝမစားရဘူးလို့မဆိုလိုပါဘူး။ အသင့်အတင့်စားပေးတာက တော်ရုံတန်ရုံ ဘေးဥပါဒ်မဖြစ်စေနိုင်ပါဘူး။ လျှော့စားတော့ပိုကောင်းတာပေါ့။

Source: Brightside

Featured Image Source: Health Zone