ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာပေးစွမ်းတဲ့ သဘာဝအသီးအနှံတွေထဲမှာ ကျောက်ဖရုံသီးကလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။ ကျောက်ဖရုံသီးကို အသားဟင်းများနဲ့တွဲဖက် ချက်ပြုတ်ကြသလို ဟင်းချို အနေနဲ့လည်း စားသုံးနိုင်ပြီး အရသာလည်းရှိ ကျန်းမာရေးနဲ့လည်းညီညွှတ်တဲ့ စားစရာတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျောက်ဖရုံသီးက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းလည်းဆိုတာပြောပြပေးချင်ပါတယ်။

(၁) အမြင်အာရုံကိုထူးခြားကောင်းမွန်စေတယ်

Source : Shutterstock

ကျောက်ဖရုံသီးမှာ မျက်စိအားကောင်းစေပြီး အမြင်အာရုံနဲ့ပတ်သတ်တဲ့ပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ ဗီတာမင် B2 ဓာတ်များ အမြောက်အများ ပါဝင်ပါတယ်။မျက်စိကျန်းမာရေးအတွက်တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် B2 ဓာတ် ၁၁ ရာခိုင်နှုန်းထက်ပိုမိုပါဝင်တာကြောင့် ကျောက်ဖရုံသီး ပုံမှန်စားသုံးမယ်ဆိုရင် မျက်စိအားကောင်းစေပြီး မျက်စိမှုန်ခြင်း အမြင်အာရုံဝေဝါးခြင်းစတဲ့ပြဿနာများကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

(၂) ကိုယ်ခံအားကောင်းစေတယ်

Source : Shutterstock

လူတစ်ယောက်ဟာကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ တစ်ရက်လျှင် ဗီတာမင် C ဓာတ်အနည်းဆုံး ၁၉ ရာခိုင်နှုန်းစားသုံးပေးဖို့လိုအပ်ပါတယ်။ ကျောက်ဖရုံသီးစားသုံးခြင်းဖြင့် ကိုယ်ခံအားစနစ်ကိုထူးခြားကောင်းမွန်စေတဲ့ ဗီတာမင် C ဓာတ်များရရှိမှာဖြစ်ပြီး ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သွေးဖြူဥဆဲလ် များကိုလည်း ထုတ်လွတ်ပေးတာကြောင့် တော်ရုံဖျားနာခြင်း ဝေဒနာတွေကင်းဝေးကာ ကျန်းမာသန်စွမ်းခြင်းတွေကို ရရှိမှာ ဖြစ်ပါတယ်။

(၃) အစာချေစနစ်ကိုကောင်းမွန်စေတယ်

Source : Shutterstock

ကျောက်ဖရုံသီးဟာ အမျှင်ဓာတ်မြင့်မားတဲ့ သဘာဝအသီးအနှံ တစ်မျိုးဖြစ်ပြီး ရေဓာတ်ပါဝင်မှုနှုန်းလည်းများပါတယ်။အမျှင် ဓာတ်က အစာအိမ်နှင့် အူလမ်းကြောင်းကိုကျန်းမာစေပြီး ကိုလက်စထရောပမဏကိုလည်းလျော့ကျစေပါတယ်။ အစာအိမ်အူလမ်းကြောင်းကိုလည်းသန့်စင်ပြီး အစာတွေကို ကောင်းမွန်စွာချေဖျက်ပေးတာကြောင့် အစာမကျေခြင်း ဝမ်းချုပ်ခြင်း စတဲ့ပြဿနားများကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

(၄) ကိုယ်အလေးချိန်ကျစေတယ်

Source : Shutterstock

ကျောက်ဖရုံသီးဟာ ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီနည်းတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ် တော်တော်များများလည်း ကျောက်ဖရုံသီးမှာပါဝင်တာကြောင့် ကြွက်သားများကိုသန်မာစေပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အထောက်အပံ့ဖြစ်စေကာ ကိုယ်အလေးချိန်ကျဖို့ကူညီပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောက်ဖရုံသီးက ဝိတ်ကျချင်သူတွေအတွက် အထူးသင့်တော်တဲ့အစားအစာ တစ်ခုဖြစ်ပါတယ်။