ဟင်းပွဲတိုင်းကို အနံ့အရသာနဲ့ ပြည့်စုံအောင် ဖန်တီးပေးတဲ့ ဆေးဖက်ဝင်ဟင်းရွက်တစ်ခုကတော့ တရုတ်နံနံပဲဖြစ်ပါတယ်။ နံနံပင်မျိုးနွယ်ဝင်အရွက်တစ်မျိုးဖြစ်ပြီး သူ့ရဲ့အစေ့ရော အရွက်ကပါ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါတယ်။

ဟင်းရွက်သုပ်များ သုပ်စားတဲ့အခါ ဟင်းချိုများ သောက်သုံးတဲ့အခါ တရုတ်နံနံက မပါမဖြစ်ပါပဲ။ မိမိစားသုံးမယ့် ဟင်းပွဲတိုင်းမှာ တရုတ်နံနံတွေကို ထည့်စားမယ်ဆိုရင် ခံစားရရှိမယ့် အကျိုးကျေးဇူးတွေကတော့…

သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း

တရုတ်နံနံစေ့၊ တရုတ်နံနံဆီနှင့် တရုတ်နံနံရွက်တို့က သွေးတွင်းသကြားဓာတ်ကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါကြောင့် ဆီးချိုဆေးမှီဝဲနေရသူများအဖို့ တရုတ်နံနံကို သတိနဲ့ စားသုံးပေးသင့်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်ခြင်း

Source: Novanthealth.org

လေ့လာချက်တစ်ခုအရ တရုတ်နံနံထဲမှာ ပါဝင်တဲ့ Antioxidants က ရောင်ရမ်းမှုကို လျော့ချပေးပြီး အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့ မဖြစ်ပွားအောင် ကူညီပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

Source: Unimedliving.com

တရုတ်နံနံက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးပါတယ်။ တစ်ချိန်တည်းမှာပဲ HDL လို့ခေါ်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကိုလက်စတောများကိုတော့ မြင့်တက်စေပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါခံစားရမှာကို စိုးရိမ်စရာမလိုပါဘူး။

ဦးနှောက်ကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

Source: Davidwolfe.com

တရုတ်နံနံထဲမှာပါဝင်တဲ့ Antioxidants က ဦးနှောက်ရောင်ရမ်းခြင်းကို လျော့ချပေးပြီး မှတ်ဉာဏ်စွမ်းအားကို မြင့်မားစေပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် မှတ်ဉာဏ်ဆုံးရှုံးခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

Source: Moneylife.in

တရုတ်နံနံအရွက်မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ အာဟာရဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် အစာမကျေဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးခြင်း စတဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါများ မခံစားရအောင် ကာကွယ်ပေးပါတယ်။

အသားအရေအလှအပအတွက် အထောက်အကူပြုခြင်း

Source: Lifealth.com

တရုတ်နံနံအရွယ်မှာပါဝင်တဲ့ Antioxidants များက နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်း၊ အရွယ်မတိုင်ခင် အသက်အရေ အိုမင်းရင့်ရော်လာခြင်းတို့မှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားယားယံခြင်း၊ အလက်ဂျစ်ဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

Source: Healthline.com