ရွှေဖရုံသီးကို ထန်းလျက်နဲ့ ပြုတ်စားစား သကြားနဲ့ ပြုတ်စားစား ကျွန်မကတော့ အရမ်းကြိုက်ပါတယ်။ စာဖတ်သူတို့ကော ဘယ်လိုလုပ်စားရတာ ကြိုက်ကြလဲမသိဘူး။

210

ဘာလိုပဲဖြစ်ဖြစ်ပါ။ ရွှေဖရုံသီးစားတာဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုစေပါတယ်။ ဒီတော့ ရွှေဖရုံသီးရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

4011395802_e072b7e2bc_b

ကိုယ်အလေးချိန်

pumpkin-recipes-for-weight-loss

ရွှေဖရုံသီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေဖရုံသီး တစ်ခွက်စာမှာ ကယ်လိုရီ ၅၀ ပဲပါဝင်ပြီး အမျှင်ဓါတ် ၃ ဂရမ်တောင်ပါဝင်တာပါ။ လေ့ကျင့်ခန်းလိုက်စားတဲ့သူအတွက်လည်း အာဟာရပြည့်ဝတာမို့ စားပေးသင့်ပါတယ်။

အမြင်အာရုံ

They-Improve-Vision

ရွှေဖရုံသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အသားအရေ၊ သွားနဲ့ အရိုးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

သွေးတိုး

content-image.ashx

သွေးတိုးရှိသူတွေအတွက်လည်း ဓါတ်ဆာတစ်မျိုးအဖြစ်သားသုံးပေးသင့်ပါတယ်။ ရွှေဖရုံသီးကို ပုံမှန် ၁၂ ပတ်လောက်စားပေးရုံနဲ့ သွေးတိုးသမားတွေအတွက် သွေးတိုးကျစေပါတယ်။

အိပ်စက်ခြင်း

Sleep

ရွှေဖရုံသီးစေ့ကို အိပ်ဆေးလို့တောင်တင်စားကြပါတယ်။ ဒီနေ့ခေတ်မှာ အလုပ်ပင်ပန်းတာ စိတ်ဖိစီးမှုများတာတွေ ဂိမ်းဆော့တာ ဖုန်းသုံးတာတွေ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကောင်းကောင်းအိပ်မပျော်ကြပါဘူး။ ရွှေဖရုံသီး (သို့) ရွှေဖရုံစေ့ကို အိပ်ယာမဝင်ခင်စားပေးတာဟာ အိပ်ရေးဝစေပါတယ်။

နှလုံး

heart-girl-cardio-680

ရွှေဖရုံသီးမှာပါဝင်တဲ့အမျှင်ဓါတ်ဟာ နှလုံးကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်တဲ့။ ယခင် ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုကရော မကြာသေမီက ဆွီဒင်နိုင်ငံက သုတေသီတွေရဲ့လေ့လာမှုတွေအရရော ရွှေဖရုံသီးကို ပုံမှန်စားပေးတာဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ၂၅%ကနေ ၄၀ % ထိလျှော့ချပေးတယ်လို့ဆိုပါတယ်။