လူအများစုက ဟင်းချက်ရာမှာ အသုံးများတဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပါတယ်။ အစိမ်းရောင် ဂေါ်ဖီထုပ်လိုပဲ ပုံပန်းသဏ္ဍာန် ချွတ်စွပ်တူပြီး အရောင်ကွဲတဲ့ ခရမ်းနီရောင်ဂေါ်ဖီထုပ်တစ်မျိုးလည်း ရှိပါသေးတယ်။ ထိုခရမ်းရောင်ဂေါ်ဖီထုပ်ကိုတော့ အစိမ်းရောင်ဂေါ်ဖီထုပ်လောက် အသုံးမများပါဘူး။

ဂေါ်ဖီထုပ်များ ထိုကဲ့သို့ အရောင်ကွဲရခြင်းအကြောင်းအရင်းကတော့ စိုက်ပျိုးရာနေရာဒေသရဲ့ pH ပမာဏပေါ် မူတည်ပြီး ပြောင်းလဲသွားရခြင်းပဲဖြစ်ပါတယ်။ ခရမ်းနီရောင် ဂေါ်ဖီထုပ်ထဲမှာလည်း ဗီတာမင်အေ၊ ဗီတာမင် အီး၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖောလိတ်ဓာတ်၊ အမျှင်ဓာတ်များအပြင် အခြားဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဘယ်ဂေါ်ဖီထုပ်က ကျန်းမာရေးအတွက် ပိုကောင်းသလဲ

Source: Fodmapeveryday.com

ဂေါ်ဖီထုပ်နှစ်မျိုးစလုံးကတော့ ကျန်းမာရေးအတွက် အကျိုးပြုတာချည်းပါပဲ။ ဒါပေမဲ့ ခရမ်းနီရောင်ဂေါ်ဖီထုပ်ရဲ့ ဗီတာမင်အေ ပါဝင်နှုန်းက အစိမ်းရောင်ဂေါ်ဖီထုပ်ထက် အဆ ၁၀၀ ပိုများပါတယ်။ ခရမ်းနီရောင်ဂေါ်ဖီ ပန်းကန်လုံးတစ်လုံးစာမှ ဗီတာမင်စီဓာတ် ၅၁ မီလီဂရမ်ပါဝင်ပြီး အစိမ်းရောင်ဂေါ်ဖီကတော့ ၃၇ မီလီဂရမ်ပဲပါဝင်ပါတယ်။ ထို့အတူ ခရမ်းနီရောင်ထဲမှာပါဝင်တဲ့ သံဓာတ်ကလည်း အစိမ်းရောင်ဂေါ်ဖီထက် ၂ ဆ ပိုများပါတယ်။

ခရမ်းနီရောင် ဂေါ်ဖီထုပ် စားသုံးခြင်းကြောင့်

ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း

Source: Lifetimevibes.com

ခရမ်းနီရောင်ဂေါ်ဖီထဲမှာ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးရာမှာ အထောက်အကူပြုတဲ့ ဗျွီှာမင်စီဓာတ်များ မြောက်မြားစွာပါဝင်တဲ့အတွက်ကြောင့် သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဒါ့ကြောင့် မကြာခဏ နာမကျန်းဖြစ်မှာကို စိတ်ပူစရာ မလိုပါဘူး။

ခန္ဓာကိုယ် ကျစ်လျစ်လှပစေခြင်း

Source: Yummly.com

ခရမ်းနီရောင်ဂေါ်ဖီထဲမှာ ကယ်လိုရီဓာတ် ပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်များ များပြားစွာပါဝင်တဲ့အတွက်ကြောင့် အစားအစာများ အလွန်အကျွံ မစားသုံးမိအောင် အချိန်အကြာကြီး ဗိုက်ပြည့်တင်းနေအောင် ကူညီပေးနိုင်ပါတယ်။

အရိုးပွရောဂါ ခံစားရနိုင်ချေကို လျော့ချပေးခြင်း

ခရမ်းရောင်ဂေါ်ဖီထဲမှာ အရိုးကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီစီယမ်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင်ကေ၊ မဂ္ဂနိစ်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ အရိုးပွရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးပြီး အရိုးများကို ကျန်းမာကြံ့ခိုင်စေပါတယ်။

ဒီလိုအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ဟင်းသီးဟင်းရွက်ကို ပုံမှန်စားသုံးခြင်းဖြင့် မိမိတို့ရဲ့ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် ကြိုးစားလိုက်ရအောင်။

Source: Boldsky.com