မှိုက မတည့်တဲ့သူနဲ့ဆိုရင် အလက်ဂျစ်ထတာမျိုး ဖြစ်ပေမယ့် တည့်တဲ့သူအတွက်ကတော့ ကောင်းကျိုးတွေရှိပါတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိတယ်ဆိုလို့ မှိုကို အများကြီးစားစရာမလိုပါဘူး။ တန်ဆေးလွန်ဘေးမို့ ပုံမှန်ပဲ သင့်တော်သလောက်စားပေးပါ။ ဒီလို မှိုစားပေးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မှိုကိုစားပေးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ stress တွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် မှိုကိုအမြဲစားပေးရင် အသားအရေလည်း လှလာပြီး အရွယ်တင်နုပျိုစေပါတယ်။

ဦးနှောက်မှတ်ဉာဏ်လည်း ပိုကောင်းလာစေပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေပါတယ်။

မှိုစားပေးခြင်းက နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

မှိုစားပေးခြင်းက အရိုးအဆစ်တွေသန်မာစေဖို့လည်း အထောက်အကူဖြစ်စေသလို energy တွေလည်း ပိုပြီးကောင်းလာစေပါတယ်။

Source: www.goodhousekeeping.com