အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အားလုံး အကြိုက်တွေ့ပြီး ထမင်းမြိန်စေမယ့် အမဲချိုချဉ်ကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
အမဲသားမရရင်လည်းဝက်သား နဲ့ လုပ်လို့ရပါတယ်။ ဒါမှမဟုတ် ကြက်သားနဲ့လည်း လုပ်လို့ရပါတယ်နော်။
ပါဝင်ပစ္စည်း
- ဝက်သား (သို့) အမဲသား ၁၀ ကျပ်သား
- ဆား၊ ငရုတ်ကောင်းမှုန့်
- ဂျူံမှုန့် (သို့) ပြောင်းဖူးကော်မှုန့် ၁ ခွက် ၊ ရေတစ်ခွက်နဲ့ ရောလိုက်ပါ
- ကြက်ဥအကာ ၁ လုံး
- ဆီ
- မုန်လာဥနီ အနည်းငယ်
- ကြက်သွန်နီ အနည်းငယ်
- ငရုတ်ပွသီး မိမိနှစ်သက်ရာအရောင်သုံးနိုင်ပါတယ် (အနည်းငယ်)
- နာနတ်သီးအနည်းငယ်
- မုန်လာထုပ်နဲ့ တခြားနှစ်သက်ရာ အသီးအရွက်ထည့်နိုင်ပါတယ်
- ပဲငံပြာရည်အနည်းငယ်
- ရေ အနည်းငယ်
- ရှာလကာရည်အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်အနည်းငယ်
ပြုလုပ်နည်း
မချက်ခင်မှာ ပြောင်းဖူးကော်မှုန့် နဲ့ ရေတစ်ခွက်ကို ရောနယ်ပြီး ၂ နာရီလောက် ထားထားပါ။ အဲဒီနောက် အသားကို အတုံးလေးတွေလှီးပြီး ရေသေချာဆေးလိုက်ပါ။ ပြီးရင်တော့ ဆားနဲ့နယ်ပေးလိုက်ပါ။
ထည့်မယ့် အသီးအရွက်တွေကို ပြင်ဆင်ပါ။
အသားကို ပြောင်းဖူးကော်မှုန့် ရောထားတာနဲ့ နယ်ပေးလိုက်ပါ။ ဆီကို အပူပေးလိုက်ပြီး အသားကိုအရင်ကြော်လိုက်ပါ။
အဲဒီနောက် အသီးအရွက်နဲ့ ဆော့စ်ကို ထည့်ကြော်လိုက်ပြီး ရပြီဆိုရင် ကြက်သားထည့်ပြီး မွေပေးလိုက်ပါ။
အဲဒီနောက် ခဏလောက်မွှေပေးပြီး သုံးဆောင်လို့ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar