အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အားလုံး အကြိုက်တွေ့ပြီး ထမင်းမြိန်စေမယ့် အမဲချိုချဉ်ကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

အမဲသားမရရင်လည်းဝက်သား နဲ့ လုပ်လို့ရပါတယ်။ ဒါမှမဟုတ် ကြက်သားနဲ့လည်း လုပ်လို့ရပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဝက်သား (သို့) အမဲသား ၁၀ ကျပ်သား
  • ဆား၊ ငရုတ်ကောင်းမှုန့်
  • ဂျူံမှုန့် (သို့) ပြောင်းဖူးကော်မှုန့် ၁ ခွက် ၊ ရေတစ်ခွက်နဲ့ ရောလိုက်ပါ
  • ကြက်ဥအကာ ၁ လုံး
  • ဆီ

  • မုန်လာဥနီ အနည်းငယ်
  • ကြက်သွန်နီ အနည်းငယ်
  • ငရုတ်ပွသီး မိမိနှစ်သက်ရာအရောင်သုံးနိုင်ပါတယ် (အနည်းငယ်)
  • နာနတ်သီးအနည်းငယ်
  • မုန်လာထုပ်နဲ့ တခြားနှစ်သက်ရာ အသီးအရွက်ထည့်နိုင်ပါတယ်

  • ပဲငံပြာရည်အနည်းငယ်
  • ရေ အနည်းငယ်
  • ရှာလကာရည်အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်အနည်းငယ်

ပြုလုပ်နည်း

မချက်ခင်မှာ ပြောင်းဖူးကော်မှုန့် နဲ့ ရေတစ်ခွက်ကို ရောနယ်ပြီး ၂ နာရီလောက် ထားထားပါ။ အဲဒီနောက် အသားကို အတုံးလေးတွေလှီးပြီး ရေသေချာဆေးလိုက်ပါ။ ပြီးရင်တော့ ဆားနဲ့နယ်ပေးလိုက်ပါ။

ထည့်မယ့် အသီးအရွက်တွေကို ပြင်ဆင်ပါ။

အသားကို ပြောင်းဖူးကော်မှုန့် ရောထားတာနဲ့ နယ်ပေးလိုက်ပါ။ ဆီကို အပူပေးလိုက်ပြီး အသားကိုအရင်ကြော်လိုက်ပါ။

အဲဒီနောက် အသီးအရွက်နဲ့ ဆော့စ်ကို ထည့်ကြော်လိုက်ပြီး ရပြီဆိုရင် ကြက်သားထည့်ပြီး မွေပေးလိုက်ပါ။

ဝက်ချိုချဉ်ကြော် (သို့) အမဲသားချိုချဉ်ကြော် ကြော်စားကြမယ်

အဲဒီနောက် ခဏလောက်မွှေပေးပြီး သုံးဆောင်လို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar