Omega 3 နဲ့ 6 တို့က ခန္ဓာကိုယ်အတွင်း ဆဲလ်တွေကို ဖွဲ့စည်းတဲ့နေရာမှာ အဓိက လိုအပ်ပါတယ်။ Omega 3 နဲ့ 6 တို့က ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တာကြောင့် စားနေတဲ့အစားအစာတွေထဲမှာ Omega 3 နဲ့ 6 တို့ ပါဝင်ဖို့ အရေးကြီးပါတယ်။

  • ထောပတ်သီး
  • ငါး
  • မြေပဲ
  • ကြက်ဥ
  • ပုစွန်
  • ပန်းဂေါ်ဖီစိမ်း
  • အသီးအရွက်တချို့

ခန္ဓာကိုယ်အတွင်း Omega 3 နဲ့ 6 ချို့တဲ့နေတဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ လက္ခဏာများ

စတာတွေတို့မှာပါဝင်ပါတယ်။ တချို့က Omega 3 နဲ့ 6 တို့က ကိုယ်အလေးချိန်တက်အောင် လုပ်နိုင်တယ်လို့ ဝေဖန်ကြပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သင့်လျော်တဲ့ ပမာဏလောက် စားပေးသင့်ပါတယ်။

Omega 3 နဲ့ 6 တို့က ဇီဝကမ္မဖြစ်စဉ်တွေအတွက်လည်း အရေးပါပါတယ်။

Omega 3 နဲ့ Omega 6 တို့ ချို့ယွင်းရင်

Piel-reseca

  • အရေပြားတွေ ခြောက်လာမယ်

Omega 3 နဲ့ Omega 6 တို့ချို့ယွင်းလာ၇င် အသားအရေတွေ ခြောက်လာပါမယ်။ အထူးသဖြင့် Omega ဓာတ်တွေ ရရှိတဲ့ အစားအစာတွေ မစားတဲ့ကလေးတွေမှာဆိုရင် တွေ့ရတတ်ပါတယ်။

ရောဂါပိုးဝင်လွယ်တာတို့၊ အနာကျက်တာ ခက်ခဲတာတို့လည်း ဖြစ်ပါတယ်။

gettyimages-73773081

  • လမစေ့ဘဲ ကလေးမွေးနိုင်

လမစေ့ဘဲ ကလေးမွေးနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးရှိပါတယ်။ မိခင်ရဲ့အသက်အရွယ်၊ ဆေးလိပ်သောက်သုံးမှု၊ စိတ်ဖိစီးမှု၊ Omega 3 နဲ့ Omega 6 တို့ ချို့ယွင်းမှုတို့ ကြောင့် ဖြစ်နိုင်သလို တခြား အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရပြည့်စုံစွာ စားသုံးမှုက အရေးကြီးတာကြောင့် ဗီတာမင် D၊ ကယ်ဆီယမ်၊ Omega 3 နဲ့ 6 တို့ပါဝင်တဲ့ Fatty အက်ဆစ်တို့ လုံလောက်အောင် စားသုံးသင့်ပါတယ်။

Heart-attacks-618897

  • နှလုံးရောဂါ

Omega 6 က နှလုံးကျန်းမာရေးကို အထောက်အကူပေးတဲ့အပြင် သွေးအတွင်း ကိုလက်စထေရာကိုလည်း ကျဆင်းစေပါတယ်။ Omega 3 က ယောင်ယမ်းမှုတွေကို ဖြစ်စေတဲ့ ဖြစ်စဉ်တွေကိုလည်း ကာကွယ်ပေးပါတယ်။

exhausted

  • အလွန်အမင်းပင်ပန်း

Fatty အက်ဆစ်တွေဖြစ်တဲ့ Omega 3 နဲ့ Omega 6 တို့ လျော့နည်းရင် အားနည်းပြီး နုံးချိတာတို့ ခံစားရနိုင်ပါတယ်။

artrosis-pulgar

  • အဆစ်အမြစ်ရောင်တာတွေ ဖြစ်လာနိုင်

Omega 3 က အဆစ်အမြစ်ရောင်တာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ Omega 3 က ယောင်တာတွေ နဲ့ နာကျင်တာတွေကို သက်သာစေပါတယ်။

ဒါကြောင့် Omega 3 နဲ့ Omega 6 တို့ ပါ၀၀င်တဲ့ အစားအစာတွေကို ရွေးချယ် စားသုံးသင့်ပါတယ်။