ဖရဲသီးဟာ ကျန်းမာစေမယ့် အသီးအဖြစ် နာမည်ကျော်စေတဲ့ ဇာတ်လိုက်ပါ။ လူတိုင်းနီးပါး ကြိုက်နှစ်သက်တဲ့ ဖရဲသီးဟာ အသီးတင်မက အစေ့ပါ အသုံးဝင်လှပါတယ်။ ဖရဲသီးတွေကို စားပြီးရင် အစေ့တွေကို ဘာလုပ်ပစ်ပါသလဲ။ လွှင့်ပစ်လိုက်တာ လွယ်ပါတယ်။ ဒီဖရဲသီးစေ့ကို ဆေးဖက်ဝင်အောင် အသုံးပြုလို့ ရပါတယ်။
ဖရဲသီး အစေ့မှာ Fatty Acids နဲ့ ပရိုတင်းဓာတ်၊ သတ္တုဓာတ် များစွာ ပါဝင်ပါတယ်။ ဗီတာမင်ဘီ၊ ဖောလိတ်၊ မက်ကနီဆီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနိ၊ သံဓာတ်၊ ဇင့်နဲ့ အခြား သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဖရဲသီးစေ့ ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၆၀၀ ရှိပါတယ်။ အမျှင်ဓာတ် ပါဝင်တဲ့ အတွက် အစာချေစနစ်ကို အထောက်အကူ ပေးပါတယ်။
ကဲ ဖရဲသီးစေ့လေးကို ဘယ်လို အသုံးပြုပြီး ဆေးဖက်ဝင်အောင် လုပ်မလဲဆိုတာ ကြည့်ရအောင်ပါ။
ပထမဦးဆုံး ဖရဲသီးစေ့ ၃၀-၄၀ လောက်ကို ယူပါ။ ဖရဲသီးစိပ်ပြီးတာနဲ့ အစေ့တွေကို ထုတ်ထားလို့ ရပါတယ်။ ယူထားတဲ့အစေ့တွေကို ရေဆေးပြီး ရေ ၂လီတာ (ရေသန့်ဘူး၂ဘူး)ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာရင် သောက်လို့ ရပါပြီ။ ဒီနည်းကို ၂ရက်သောက် တစ်ရက်နားနဲ့ ၂ပတ်ခန့်သောက်ပေးပါ။
၂ရက်ဆက်တိုက် သောက်ပြီးရင်တော့ ၁ရက် နားကို နားပေးရပါမယ်။ ဖရဲစေ့ကို အခြောက်လှမ်း အမှုန့်လုပ်ပြီး ရေနွေးကြမ်းခတ်သောက်သလို သောက်လို့လည်း ရပါတယ်။ သူ့ကိုလည်း ၂ရက်သောက် တစ်ရက်နားနဲ့ သောက်လို့ ရပါတယ်။
အကျိုးကျေးဇူးတွေကတော့
၁။ နှလုံးကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်။
၂။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်ပါတယ်။
၃။ ဝက်ခြံကို ပျောက်စေပါတယ်။
၄။ ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။
၅။ အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။
၆။ အသားအရေကို စိုပြေစေနိုင်ပါတယ်။
၇။ ဆီးချိုကို ထိန်းပေးနိုင်ပါတယ်။
၈။ Citrulline က သွေးကြောများ လုပ်ငန်းပုံမှန်ဆောင်ရွက်ရန်အတွက် အထောက်အကူ ဖြစ်စေပါတယ်။
၉။ အစာအိမ် အူလမ်းကြောင်း ကျန်းမာရေး၊ ရောင်းရမ်းမှုအမျိုးမျိုး၊ အသားဝါရောဂါ၊ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
၁၀။ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်း အစရှိတဲ့ ရောဂါတွေကို ကောင်းမွန်စေနိုင်ပါတယ်။
Featured Image Source: revistawho.com