အားလုံးပဲမင်္ဂလာပါနော်။ သွားရေစာအဖြစ်လည်း စားလို့ရတယ်။ ပြောင်းဖူးကြိုက်တဲ့သူတွေအတွက်လည်း အသင့်တော်ဆုံးနဲ့ အရသာအရှိဆုံးဖြစ်မယ့် ချိစ်ပြောင်းဖူးကြော် မွှေးမွှေးလေး လုပ်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပြောင်းဖူး
  • ငရုတ်ပွသီး မိမိကြိုက်နှစ်သက်ရာ
  • ထောပတ်အနည်းငယ်
  • ချိစ် တစ်ခွက်
  • နံနံပင် အနည်းငယ်

  • Mayonnaise အနည်းငယ်
  • သကြားအနည်းငယ်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

ပြောင်းဖူး၊ ငရုတ်ပွသီး၊ Mayonnaise အနည်းငယ်၊ သကြားအနည်းငယ်၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ် ရောပြီး သေချာနှယ်လိုက်ပါ။

ပြီးရင်တော့ အိုးထဲကို ဆီ (သို့) ထောပတ် ထည့်ပြီး အပူပေးပါ။ ပြီးရင် စောစောက နယ်ထားတဲ့ ပြောင်းဖူးနဲ့ ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပါ။

အဲဒီနောက် ချိစ်ထည့်လိုက်ပြီး ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်လိုက်ပါ။ ပြီး၇င်တော့ အဖုံးလေး အုပ်ထားပေးပြီး ရပြီဆိုရင် မီးဖိုပေါ်က ချလိုက်ရုံပါပဲ။

Source: www.mykoreankitchen.com

By: MyFood Myanmar