သာမန်အားဖြင့် ဂေါ်ဖီထုပ်ကို အသုပ်တွေထဲမှာသာ ထည့်စားလေ့ရှိပြီး နှစ်နှစ်ခြိုက်ခြိုက်ချက်စားတာမျိုးက ရှားပါတယ်။ ဒါပေမယ့် သူ့မှာလည်း ကျန်းမာရေးအာနိသင်မနည်းပါဘူးနော်။

၁။ ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေ

ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ဂေါ်ဖီထုပ်၊ ကိုက်လန်စသည်တို့ဟာ ဂေါ်ဖီမျိုးနွယ် ဟင်းသီးဟင်းရွက်တွေဖြစ်ကြပါတယ်။ ဂေါ်ဖီနွယ်ဝင် ဟင်းရွက်တွေစားပေးခြင်းဖြင့် ဆီးကြိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ပါးစပ်ကင်ဆာ၊အစာအိမ်ကင်ဆာနှင့် ပန့်ကရိယ ကင်ဆာ ဖြစ်နိုင်နှုန်းကိုလျော့နည်းစေတယ်လို့ သိရပါတယ်။

cabbage-family

၂။ Vitamin C ကိုမြှင့်တင်ပေးသည်။

ခြစ်ထားတဲ့ ဂေါ်ဖီတစ်ခွက်စာဟာ ခန္ဓာကိုယ်ရှိ ရောဂါခုခံရေးစနစ်အတွက်လိုအပ်တဲ့ အာဟာရဓာတ် ၅၀ရာခိူနှုန်းပါရှိပါတယ်။ Vitamin C ဟာ ဆံပင်၊လက်သည်း နှင့် အသားအရေကျန်းမာရေးအတွက် အလွန်အရေးပါပါတယ်။

long-hair-girl-dream-close-eyes-nature-1080p-wallpaper

၃။ အမျှင်ဓာတ်လုံလောက်စွာပေးသည်။

လူအတော်များများ နေ့တစ်နေ့တာအတွက်လိုအပ်တဲ့ အမျှင်ဓာတ်လုံလောက်စွာမရရှိကြပါဘူး။ အမျှင်ဓာတ်ဟာ ကိုလက်စထရော ဓာတ်လျော့နည်းစေပြီး အစာခြေလမ်းကြောင်းကို ကောင်းမွန်စွာလည်ပတ်စေပါတယ်။ဂေါ်ဖီထုပ်တစ်ခွက်မှာ တစ်နေ့တာအတွက်လိုအပ်တဲ့ အမျှင်ဓာတ် ၉ရာခိုင်နှုန်းပါဝင်ပါတယ်

၄။ ကိုယ်အလေးချိန်လျော့နည်းစေသည်။

ချက်ထားတဲ့ ဂေါ်ဖီထုပ်တစ်ခွက်ထဲမှာ ၃၃ ကယ်လိုရီသာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချတဲ့အခါမှာစားပေးသင့်ပါတယ်။

၅။ ဦးနှောက်ကို ကျန်းမာစေသည်။

ဂေါ်ဖီထုပ်ထဲမှာ ဦးနှောက်ကျန်းမာရေးနှင့် အာရုံစူးစိုက်မှုကို မြှင့်တင်ပေးတဲ့ Vitamin K နဲ့ Anthocyanins ပါဝင်ပါတယ်။ ယင်းအာဟာရဓာတ်တွေဟာ အာရုံကြောချို့ယွင်းမှု၊ ဦးနှောက်အမြေးပါးရောင်ရောဂါနှင့် ရူးသွပ်ခြင်းမှကာကွယ်ပေးတယ်လို့သိရပါတယ်။

em-fields-of-study

အခုဆို ဂေါ်ဖီထုပ်ရဲ့ အာနိသင် သိရပြီဆိုတဲ့အတွက် အသုပ်တွေမှာပဲဖြစ်ဖြစ်ဟင်းခါးတွေထဲပဲဖြစ်ဖြစ် အမြဲလိုလိုစားသုံးခြင်းက အကျိုးပြုပါလိမ့်မယ်။