ယနေ့ခေတ်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ မိမိတို့ရဲ့ အသားအရေ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ထိန်းသိမ်းမှုတွေလုပ်လာကြပါတယ်။ဒါပေမယ့် တစ်ချို့သော Skin Care ပစ္စည်းတွေဟာ ကိုယ်ရဲ့ အသားအရေနဲ့ မတဟည့်လို့ဖြစ်စေ ဓာတုပစ္စည်းတွေကြောင့်ဖြစ်လေ ကိုယ့်ရဲ့နဂိုအသားအရေကို ပျက်စီးသွားစေတက်ပါတယ်။ဒါကြောင့် အန္တရာယ်လည်းကင်းပြီး ကုန်ကျစရိတ်သက်သာတဲ့ သဘာဝဖျော်ရည်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရှားစောင်းလက်ပက်ဖျော်ရည်

Source : 123rf.com

ရှားစောင်းလက်ပက်ဟာ အသားအရေအတွက် အရမ်းကိုအသုံးတည့်တဲ့ သဘာဝပစ္စည်းတစ်မျိုးပါပဲ။ ရှားစောင်းလက်ပက်ဖျော်ရည်မှာလည်း ပျက်စီးသွားတဲ့ အရေးပြားကို ပြန်လည်ဖွံ့ဖြိုးစေတဲ့ Antioxidants ပါဝင်တဲ့အတွက် အသားအရေအတွက် နေ့စဉ်သောက်သင့်တဲ့ ဖျော်ရည်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၂) ဂရိတ်ဖရုသီးဖျော်ရည်

Source : Sem-Vosem.com

ခန္ဓာကိုယ်အသားအရေအတွက် ဗီတာမင်စီဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်စီရရှိဖို့ဆိုရင် အကောင်းဆုံးသဘာဝအသီးတစ်မျိုးဖြစ်တဲ့ ဂရိတ်ဖရုသီးကတော့ ဆရာကြီးပါပဲ။ဂရိတ်ဖရုသီးမှာ ဗီတာမင်စီ ကြွယ်ဝတဲ့အတွက်ကြောင့် အသားအရေတွန့်သွားတာကို လျှော့ချပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်။ဒါ့အပြင် ပျက်စီးသွားတဲ့အသားအရေတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါသေးတယ်။

(၃) သကြားမုန်လာဖျော်ရည်

Source : Decorazione

သကြားမုန်လာမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဒြပ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သကြားမုန်လာမှာပါတဲ့ Nitrates က ဦးနှောက်အရှေ့ပိုင်းကို သွေးပို့လွတ်ခြင်းကို အထောက်အကူပြုတဲ့အတွက်ကြောင့် စိတ်ဖောက်ပြန်ခြင်းနဲ့ အသက်အရွယ်ကြီးရင်လာခြင်းကြောင့် အမြင်အာရုံ ကျဆင်းလာခြင်းတို့မှ ကာကွယ်ပေးပါတယ်။

(၄) အုန်းစိမ်းရေ

Source : Vaya.in

အုန်းစိမ်းရေမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ သတ္တုဓာက်နဲ့ electrolytes များစွာပါဝင်ပါတယ်။ဒါတွေကခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှု နဲ့ စားလိုက်တဲ့အစားအစာတွေကနေ ရရှိတဲ့ အာဟာရဓာတ်တွေကို ဖြန့်ဝေပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။ဒါ့အပြင် အုန်းစိမ်းရေမှာ ဆဲလ်တွေကြီးထွားမှုကို အကျိုးပြုတဲ့ cytokinin ဆိုတဲ့ အပင်ဟော့မုန်းတမျိုးပါဝင်ပါသေးတယ်။ဒါကြောင့်အုန်းစိမ်းရေကြိုက်တဲ့သူတွေအတွက်တော့ အသားအရေအတွက် ကွက်တိပါပဲ။