မြန်မာပြည်မှာလည်းရနိုင်တယ် မြန်မာတို့နဲ့လည်းရင်းနှီးတဲ့ မာလကာရွက်ပြုတ်ရည်ရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။
ဆီးချို
သုတေသနပြုချက်တွေအရ မာလကာရွက်ပြုတ်ရည်ဟာ သွေးတွင်းဂလူးကိုစ့်ပါဝင်မှုကို လျှော့ကျစေပါတယ်တဲ့။ သွေးတွင်းသကြားဓါတ်ကိုလည်း လျှော့ကျစေပါတယ်။ မာလကာရွက်ပြုတ်ရည်ကို ၁၂ ပတ်လောက် ပုံမှန်သောက်ပေးတာဟာ သွေးတွင်းသကြားပမာဏကို လျှော့ကျစေပါတယ်။
ကိုလက်စထရော
သုတေသနပြုချက်တွေအရ မာလကာရွက်ပြုတ်ရည်ကို ၃ လလောက်သောက်ပေးတာဟာ မကောင်းတဲ့ကိုလက်စထရောတွေကို ကျစေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အသည်းအတွက်လည်းကောင်းမွန်စေပါတယ်။
ကိုယ်ခံအားစနစ်
မာလကာရွက်မှာဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ရောဂါအမျိုးမျိုးကူးစက်ဝင်ရောက်ခြင်းကနေကာကွယ်ပေးပါတယ်။
တစ်နေ့ကိုမာလကာရွက် တစ်ရွက်စားပေးတာဟာ အအေးမိတာ ဖျားနာတာ နဲ့ ချောင်းဆိုတာတွေကို သက်သာစေပါတယ်။
ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျှော့ချပေးခြင်း
မာလကာရွက်မှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့ Lycopene, Quercetin, Vitamin C စတဲ့ ကွန်ပေါင်းဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် မာလကာရွက်ပြုတ်ရည်ကို တစ်နေ့ တစ်ခွက်ပုံမှန်သောက်ပေးတာဟာ ရင်သားကင်ဆာ ပါးစပ်ကင်ဆာ အရေပြားကင်ဆာ အစာအိမ်ကင်ဆာ အူမကြီးကင်ဆာ နဲ့ အဆုတ်က်ဆာ ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးပါတယ်။
အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ကျစေပါတယ်။
ကိုယ်အလေးချိန်
ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် မာကာရွက်ပြုတ်ရည်ကို သောက်ပေးသင့်ပါတယ်။
Source: thatishealthy.net