(Unicode)

ကိတ်မုန့်တွေ ချိစ်ကိတ်တွေ ပြုလုပ်တဲ့အခါ ချယ်ရီသီးတွေနဲ့ အလှဆင်လေ့ရှိသလို ဒိန်ချဉ်စားတဲ့အခါမှာလည်း ချယ်ရီသီး ထည့်စားမယ်ဆိုရင် အင်မတန်မှ အရသာရှိပါတယ်။

အရသာလည်းရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အသီးတွေထဲမှာ ချယ်ရီသီးကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ချယ်ရီသီး စားသုံးခြင်းကြောင့် ခံစား၇ရှိမယ့် အကျိုးကျေးဇူးတွေကတော့…

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း

Source: Theriseandshine.com

ချယ်ရီသီးထဲမှာ Melatonin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါဝင်ပြီး ထိုဟော်မုန်းဓာတ်က ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ညဘက်မှာ တော်တော်နဲ့ အိပ်မပျော်တဲ့သူတွေ၊ အိပ်မရတဲ့ရောဂါ စွဲကပ်နေသူတွေအနေနဲ့ ချယ်ရီသီးကို ပုံမှန်စားသုံးပေးလိုက်ပါ။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

Source: Eurekalert.org

တကယ်လို့ သင့်အနေနဲ့ ဝိတ်ချဖို့အစီအစဉ်ရှိတယ်ဆိုရင် သင် အစားစားတိုင်းမှာ ချယ်ရီသီးတွေ ထည့်စားပေးလိုက်ပါ။ ချယ်ရီသီးများက ကယ်လိုရီဓာတ်နည်းပါးစွာပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ရေဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်အညစ်အကြေးများကို ဖယ်ရှားပေးပါလိမ့်မယ်။

သွေးတိုးရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးခြင်း

ချယ်ရီသီးထဲမှာ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုပိုတက်စီယမ်က ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ဆိုဒီယမ်ဓာတ်များကို ဖယ်ရှားပေးပြီး ပိုတက်စီယမ်နဲ့ ဆိုဒီယမ်ပမာဏများကို ညီညွှတ်မျှတအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်သွေးပေါင်ချိန်က ညီညွှတ်မျှတနေမှာပဲဖြစ်ပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း

Source: Theviewfromgreatisland.com

ချယ်ရီသီးထဲမှာ အသားအရေအလှအပကို ထိန်းသိမ်းပေးတဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နေလောင်ဒဏ်ကြောင့် အသားအရေ ညစ်နွမ်းပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

နေလောင်ဒဏ်ကြောင့် အသားအရေမှာ နေလောင်ကွက်များ၊ အမဲစက်များ ဖြစ်ပေါ်နေတယ်ဆိုရင်တော့ ချယ်ရီသီးကို အနှစ်များရအောင် ပြုလုပ်ပြီးနောက် နနွင်းမှုန့််အနည်းငယ်၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့နှင့် သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို နေလောင်ကွက်ပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ရေဆေးချလိုက်ပါ။ ဒါဆိုရင်တော့ နေလောင်ဒဏ်နှင့် အမဲစက်များ ယူပစ်သလိုပျောက်ကင်းသွားပါလိမ့်မယ်။

Source: Onegoodthingbyjillee.com

(Zawgyi)

ကိတ္မုန္႔ေတြ ခ်ိစ္ကိတ္ေတြ ျပဳလုပ္တဲ့အခါ ခ်ယ္ရီသီးေတြနဲ႔ အလွဆင္ေလ့ရွိသလို ဒိန္ခ်ဥ္စားတဲ့အခါမွာလည္း ခ်ယ္ရီသီး ထည့္စားမယ္ဆိုရင္ အင္မတန္မွ အရသာရွိပါတယ္။

အရသာလည္းရွိၿပီး က်န္းမာေရးနဲ႔ညီညႊတ္တဲ့အသီးေတြထဲမွာ ခ်ယ္ရီသီးကလည္း တစ္ခုအပါအဝင္ပဲျဖစ္ပါတယ္။ ခ်ယ္ရီသီး စားသံုးျခင္းေၾကာင့္ ခံစား၇ရွိမယ့္ အက်ိဳးေက်းဇူးေတြကေတာ့…

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစျခင္း

Source: Theriseandshine.com

ခ်ယ္ရီသီးထဲမွာ Melatonin လို႔ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳးပါဝင္ၿပီး ထိုေဟာ္မုန္းဓာတ္က ညဘက္မွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ႏိုင္ေအာင္ ကူညီေပးပါတယ္။ ညဘက္မွာ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တဲ့သူေတြ၊ အိပ္မရတဲ့ေရာဂါ စြဲကပ္ေနသူေတြအေနနဲ႔ ခ်ယ္ရီသီးကို ပံုမွန္စားသံုးေပးလိုက္ပါ။

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ေပးျခင္း

Source: Eurekalert.org

တကယ္လို႔ သင့္အေနနဲ႔ ဝိတ္ခ်ဖို႔အစီအစဥ္ရွိတယ္ဆိုရင္ သင္ အစားစားတိုင္းမွာ ခ်ယ္ရီသီးေတြ ထည့္စားေပးလိုက္ပါ။ ခ်ယ္ရီသီးမ်ားက ကယ္လိုရီဓာတ္နည္းပါးစြာပါဝင္ၿပီး ဗီတာမင္နဲ႔ သတၲဳဓာတ္မ်ားလည္း ၾကြယ္ဝစြာပါဝင္ပါတယ္။ ဒါ့အျပင္ ေရဓာတ္လည္း ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္အညစ္အေၾကးမ်ားကို ဖယ္ရွားေပးပါလိမ့္မယ္။

ေသြးတိုးေရာဂါ ခံစားရျခင္းမွ ကာကြယ္ေပးျခင္း

ခ်ယ္ရီသီးထဲမွာ ပိုတက္စီယမ္ဓာတ္မ်ား ၾကြယ္ဝစြာပါဝင္ပါတယ္။ ထိုပိုတက္စီယမ္က ခႏၶာကိုယ္ထဲမွာ ပိုလွ်ံေနတဲ့ဆိုဒီယမ္ဓာတ္မ်ားကို ဖယ္ရွားေပးၿပီး ပိုတက္စီယမ္နဲ႔ ဆိုဒီယမ္ပမာဏမ်ားကို ညီညႊတ္မွ်တေအာင္ ကူညီေပးပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္ေသြးေပါင္ခ်ိန္က ညီညႊတ္မွ်တေနမွာပဲျဖစ္ပါတယ္။

အိုမင္းရင့္ေရာ္မႈကို ေႏွးေကြးေစျခင္း

Source: Theviewfromgreatisland.com

ခ်ယ္ရီသီးထဲမွာ အသားအေရအလွအပကို ထိန္းသိမ္းေပးတဲ့ Antioxidants မ်ား ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ ေနေလာင္ဒဏ္ေၾကာင့္ အသားအေရ ညစ္ႏြမ္းပ်က္စီးျခင္းမွ ကာကြယ္ေပးပါတယ္။

ေနေလာင္ဒဏ္ေၾကာင့္ အသားအေရမွာ ေနေလာင္ကြက္မ်ား၊ အမဲစက္မ်ား ျဖစ္ေပၚေနတယ္ဆိုရင္ေတာ့ ခ်ယ္ရီသီးကို အႏွစ္မ်ားရေအာင္ ျပဳလုပ္ၿပီးေနာက္ နႏြင္းမႈန္္႔အနည္းငယ္၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ႏွင့္ သမေအာင္ ေရာေမႊေပးလိုက္ပါ။ ရရွိလာတဲ့အႏွစ္ကို ေနေလာင္ကြက္ေပၚ သုတ္လိမ္းေပးလိုက္ပါ။ ၁၀ မိနစ္၊ ၁၅ မိနစ္ခန္႔ၾကာမွ ေရေဆးခ်လိုက္ပါ။ ဒါဆိုရင္ေတာ့ ေနေလာင္ဒဏ္ႏွင့္ အမဲစက္မ်ား ယူပစ္သလိုေပ်ာက္ကင္းသြားပါလိမ့္မယ္။

Source: Onegoodthingbyjillee.com