အမြဲလိုလို ကျွန်မတို့စားနေတဲ့ အစားအစာကို အချစ်တော် ခွေးလေးတွေကို လည်း ကျွေးလေ့ရှိပါတယ်။ တချို့ ခွေးလေးတွေဆိုရင် မွေးလာကတည်းက သခင်ကျွေးသမျှ အကုန်စားတာကြောင့် သူတို့ မစားတဲ့ အစားအစာဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် တချို့ အစားအစားတွေကတော့ ခွေးလေးတွေရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။
ဘယ် စပျစ်သီးအမျိုးအစားဘဲ ဖြစ်ဖြစ် သင့်ရဲ့ အချစ်တော်ခွေးလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။
စပျစ်သီးတွေက ဆီးလမ်းကြောင်းနဲ့ ခွေးလေးတွေရဲ့ ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်။ အကယ်၍ စပျစ်သီး စားမိပြီး ဒီလက္ခဏာတွေရှိနေရင်
- အော့အန်
- ၀မ်းပျက်
- ထမင်းစားချင်စိတ်မရှိ
- အားအင်ကုန်ခမ်း
- ၀မ်းဗိုက်နာ
- ရေဓာတ်ကုန်ခန်း
- ဆီးမသွားနိုင်
- အသက်ရှူမမှန်
- ကတုန်ကယင်ဖြစ်နေရင်
တိရစ္ဆာန်ဆေးခန်းကို ချက်ခြင်းသွားပြဖို့ လိုအပ်ပါတယ်။
ခွေးလေးတွေကို ကျွေးလို့ရတဲ့ အသီးများ
- ပန်းသီး
- ငှက်ပျောသီး
- ဘလူးဘယ်ရီ
- သရက်သီး
- လိမ္မော်သီး
- သစ်တော်သီး
- နာနတ်သီး
- စတော်ဘယ်ရီ
- ဖရဲသီး တို့ဖြစ်ပါတယ်။